Tuesday, January 27, 2026

ဖယ်ခုံမြို့နယ် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် CDM ပညာရေးဝန်ထမ်းများကို ပြန်ခေါ်နေ

သျှမ်းပြည် ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီမှ ပြန်လည်းထိန်းချုပ်နိုင်ပြီးနောက် အခြေခံပညာ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသော ပညာရေးဝန်ထမ်းများ (CDM) ကို ပြန်ခေါ်နေကြောင်း သတင်းရရှိသည်။

ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ထို့နောက် မိုးဗြဲမြို့ နှင့် ဖယ်ခုံအ‌ရှေ့ဘက်ကမ်းရှိ အခြေခံပညာ အလယ်တန် နှင့် အထက်တန်းကျောင်းများကို (သြဂုတ်လ ၁၈ ရက်)တွင် စဖွင့်နိုင်ရန် ပညာရေးဝန်ထမ်းများကို စစ်ကောင်စီလက်အောက်ခံ ပညာရေးမှူးက ပြန်ခေါ်နေကြောင်း ဖယ်ခုံသျှမ်းလူငယ်များ အသင်းမှ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆရာ၊ဆရာမ ဝန်ထမ်းတွေကတော့ မ‌လောက်သေဘူး။ဒါပေမဲ့ သြဂုတ်လ ၁၈ ရက်မှာ ဆရာ၊ဆရာမ ရှိတဲ့ ညကျောင်းတွေကို ပြန်ဖွင့်သွားမယ်တဲ့။အခုက ဝန်ထမ်းတွေကိုပြန်ခေါ်နေပြီ။ ဖယ်ခုံမှာတော့ ဇူလိုင်လ ကတည်းကကျောင်းတွေက ပြန်ဖွင့်နေပြီ။”ဟု ၎င်း တာဝန်ခံက ပြောသည်။

ထို့အပြင် ပညာရေးဝန်ထမ်းအင်းအား မလုံလောက်သည့်အတွက် စစ်ကောင်စီ လက်အောက်ခံ ပညာရေးမှူးက CDM လုပ်ထားသည့် ပညာရေးဝန်းထမ်းများကိုပါ ပြန်ခေါ်နေကြောင်း သိရသည်။

“သူတို့က ဒီသြဂုတ်လအတွင်းမှာပဲ ရွာတွေ မြို့တွေမှာ ပညာရေးမှူးက အစည်းအဝေးလုပ်ပြီးတော့ ပညာရေးဝန်ထမ်း နဲ့ CDM လုပ်ထားတဲ့လူတွေကိုပြန်ခေါ်ခိုင်းတာ။ CDM လုပ်ထားတဲ့ဝန်ထမ်း တွေတော့ ပြန်လာတာမျိုးမရှိပါဘူး။စိတ်ချလို့မှ မရတာပြန်သွားရင်လည်း ဖမ်းဆည်းမှုရှိနိုင်တာကို။”ဟု ၎င်းကဆက်ပြောသည်။

ဖယ်ခုံပညာရေး ဝန်ထမ်း CDM

စစ်ကောင်စီမှ ဖယ်ခုံ – မိုးဗြဲ လမ်းတကြောကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ဖယ်ခုံမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က (၁) နှင့် (၂)များကို ဇူလိုင်လ အတွင်းတွင် ပြန်ဖွင့်ခဲ့ပြီး ကျောင်းတက်နေသည့် ကျောင်းသားကျောင်းသူ ၄၀၀ကျော်ခန့်ရှိနေကြောင်း ၎င်းကဆက်ပြောသည်။

ဖယ်ခုံမြို့နယ်အတွင်းတွင် ပညာရေးဝန်ထမ်း CDM ပြုလုပ်သူ ၂၀၆ ဦး အထက်ရှိကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်တွင် COVID 19 ရောဂါပြန့်ပွားအပြီး နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အချို့ကလေး ၊ လူငယ်များ ၆ နှစ်ကျော်ကြာ စာသင်ကြားခွင့်မရရှိခဲ့သည့်အပြင် တိုက်ပွဲများကြောင့် ကျောင်းများလည်း ပိတ်ထားခဲ့ရသည်။

ဖယ်ခုံမြို့နယ် လွယ်ပေါ၊ နမ့်ပေါ်လုံ၊ ဆောင်နန်းခဲ၊ လဟယ်၊ မခေခမ်း၊ ပိန္နဲကုန်း၊ နားဟီး၊ အုံတိုင်း၊ ဘန့်ခူး၊ နားကုန်း၊ ကာလရှေ့၊ ညောင်မွန်း၊ တောင်ပို့ကြီး၊ ဆင်ဖြူ၊ ငါးမူးနှင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ၊ စန့်စွဲ၊ စန့်လိတ်၊ လွယ်လုံရွာမှ စစ်ဘေးရှောင်ဦးရေ တစ်သောင်းခန့် နေရပ်တွင် ပြန်နေကြပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင်လည်း အကူညီများလိုအပ်နေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MongNawng_ID_Check

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

0
စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

စစ်ကော်မရှင် ဖယ်ခုံမြို့နယ်ထဲ နေ့စဉ်ဆက်တိုက် လက်နက်ကြီးရမ်းသမ်းပစ်

0
သျှမ်းပြည် ဖယ်ခုံမြို့နယ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူစစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နေ့စဉ်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာကိုစစ်ကော်မရှင်နှင့်ပအိုဝ်း ပြည်သူ့စစ် (PNO) တို့ စပြီး ထိုးစစ်ဆင် ဝင်ရောက်ခဲ့သည်။ ထို့နောက် စစ်ကော်မရှင်နှင့် PNO တို့သည့်...

ဖယ်ခုံမြို့နယ် စစ်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲထပ်မံဖြစ်

0
သျှမ်းပြည်ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တို့ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့သည် ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) ညပိုင်းတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် (အောက်တိုဘာ ၁၁ ရက်)တွင်လည်း စစ်ကော်မရှင်တပ်၊PNO တို့သည် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း ခေါင်းအီကျေးရွာအုပ်စု၊ ဘောရန်ကျေးရွာအတွင်းသို့...

ကွတ်ခိုင်တွင် MNDAA ရုံးထဲ မြန်မာနိုင်ငံအလံလွှင့်ထူ၊ TNLA မှ စာသင်ကျောင်းများ အရေးပေါ်ပိတ်ထား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ရုံးများထဲတွင် မြန်မာနိုင်ငံတော်အလံကို ပြန်လည်လွှင့်ထူထားပြီး TNLA ဘက်မှလည်း စာသင်ကျောင်းများ အရေးပေါ် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) တွင် ကွတ်ခိုင်မြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ဘက်ခြမ်းရှိ ဌာနဆိုင်ရာ ရုံးများထဲတွင်...

စစ်ကော်မရှင်က ရွေးကောက်ပွဲမတိုင်ခင် ဖယ်ခုံမြို့နယ် ဒေသခံများနေရပ်ပြန်ခိုင်း

0
ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့သည့် ဒေသခံများကို စစ်ကော်မရှင် က ရွေးကောက်ပွဲ မတိုင်ခင် နေရပ်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီမှ ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ တကြောကို ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် ပင်လောင်းမြို့နယ် ၊ ညောင်ရွှေမြို့နယ် နှင့် ဆီဆိုင်မြို့နယ် အတွင်း...