CDM
တန့်ယန်း CDM ကျန်းမာရေးဝန်ထမ်းများ အိမ်ယာမှဖယ်ရှားခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပူးပေါင်းပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ ယနေ့(မတ် ၁၁)ရက်တွင်ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားခံရကြောင်း သတင်းရရှိသည်။ တန့်ယန်း ကျန်းမာရေးဝန်ထမ်းအိမ်ယာထဲတွင် CDM ပြုလုပ်ထားသည့် ကျန်းမာရေးဝန်ထမ်း အနည်းငယ်သာကျန်ရှိနေကြောင်း၊ အများစုမှာ တခြားနေရာသို့ ပြောင်းရွှေ့နေထိုင်နေကြပြီးဖြစ်ကြောင်း သိရသည်။ “ မနေ့(မတ် ၁၀)ရက် က CDMဆက်လုပ်ရင် ဝန်ထမ်းအိမ်ယာကနေ ထွက်သွားဖို့...
RCSS/SSA နယ်မြေအတွင်း လုံခြုံရေးအရ လာရောက်ခိုလှုံသူ (၁၀၀)နီးပါးရှိ
SHAN -
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)ထိန်းချုပ်သည့် နယ်မြေအတွင်း လုံခြုံရေး အရ လာရောက်ခိုလှုံသည့်သူ (၁၀၀) နီးပါးရှိကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ ၁ရက် မနက်မှ စတင်ကာ နိုင်ငံတော်၏ အာဏာကို စစ်တပ်မှ သိမ်းယူလိုက်ပြီး၊ ထို့နောက် မြန်မာတဝှမ်းပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများက စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုကို ယနေ့ထိတိုင်အရှိန်အဟုန်မြင့်ကာ...
နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုင်မင်း CDM ပါဝင်လာ
SHAN -
သျှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း သည် ယနေ့ မှစတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်သည့်အနေဖြင့် CDM ပါဝင်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိမှာတော့ ဦးသွင်ကိုကိုမင်းသည် CDM ပြုလုပ်ထားပြီး၊ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ ထိုနည်းတူ လွန်ခဲ့သည် ဖေဖော်ဝါရီ ၁၁ရက်တွင်လည်း နောင်ချိုမြို့နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး...
ဖမ်းဆီးမှုများနေတဲ့ကြားက CDM ဝန်ထမ်းတွေ လမ်းပေါ် ဆန္ဒထုတ်ဖော်နေဆဲ
SHAN -
တူညီတဲ့ ဌာနဝတ်စုံအပြည့်ဝတ်ဆင်ပြီး နေပူထဲမှာ စစ်အာဏာရှင်စနစ်ကျဆုံးဖို့အတွက် အင်တိုက်အားတိုက် မမောနိုင်မပန်နိုင်ကြွေးကြော်နေကြပါတယ်။ နေ့အချိန်မှာ အများသူငှာရှေ့ထွက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုတွေကို ရဲရဲရင့်ရင့် သတ္တိရှိစွာ ပါဝင်ခဲ့ကြပေမယ့် ညအချိန်မှာတော့ စိုးရိမ်စိတ်တွေနဲ့ နေအိမ်တွေ၊အဆောင်တွေမှာ မနေရဲဘဲ ရှောင်ပုန်းအိပ်စက်နေရတာ တလနီးပါးရှိလာပါပြီ။ ထိုသူတွေကတော့ စစ်အာဏာသိမ်းအစိုးရ လက်အောက် တာဝန်မထမ်းဆောင်တဲ့ဝန်းထမ်းတွေရဲ့ အာဏာဖီဆန်မှု( CDM)ပါဝင်တဲ့သူတွေဖြစ်ပါတယ်။ CDM ဟာ...
သျှမ်းပြည်တောင်ပိုင်း ရဲဝန်ထမ်းတဦး CDM ပထမဆုံး ပါဝင်လာ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် မူးယစ်ရဲဝန်ထမ်းတဦးမှ ပထမဆုံး CDM တွင်ပါဝင် လာခဲ့ကြောင်းသိရသည် ။ ပင်လောင်းမြို့နယ် ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၂၆) မူးယစ် တစ်ဖွဲ့စုမှ တာဝန်ထမ်း ဆောင်နေသော ဒုရဲအုပ် တဦးသည် စစ်အာဏာရှင် လက်အောက် တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့် အတွက် အာဏာဖီဆန်သည့် CDM...
သျှမ်းတောင် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်သူနှင့် CDM ပါဝင်သည့် ဝန်ထမ်းအချို့ဖမ်းဆီးခံရ
သျှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန် မြို့နယ် ၊ ကွန်ဟိန်း ၊ ကာလိ ၊ နမ့်စန် ၊ ခိုလမ်နှင့် ဆီဆိုင် စသည့်မြို့နယ်များမှ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင် သူနှင့် CDM ပါဝင်သည့် ဝန်ထမ်းအချို့ဖေဖော်ဝါရီ (၁၁) ရက် နေ့ခင်းပိုင်းနှင့် ည...
မိုင်းရှူးမြို့ CDM ပါဝင်သော ဆရာဝန်များကို ဖမ်းဆီးရန်ကြိုးပမ်နေ
SHAN -
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် CDM ကမ်းပိန်းတွင် ပါဝင်သည့် ဆရာဝန်များကို ဖမ်းဆီးရန်အတွက် ရဲ နှင့် စစ်တပ်များ ဆေးရုံတွင် လာရောက်စောင့်ဆိုင်းနေကြောင်းသိရသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM (Civil Disobedience Movement) လှုပ်ရှားမှု တွင် ပါဝင်သည့် မိုင်းရှူး ဆရာဝန်များကို ဖမ်းဆီးရန်...





