Friday, April 26, 2024

သျှမ်းပြည်တောင်ပိုင်း ရဲဝန်ထမ်းတဦး CDM ပထမဆုံး ပါဝင်လာ

Must read

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် မူးယစ်ရဲဝန်ထမ်းတဦးမှ ပထမဆုံး CDM တွင်ပါဝင် လာခဲ့ကြောင်းသိရသည် ။

ပင်လောင်းမြို့နယ် ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၂၆) မူးယစ် တစ်ဖွဲ့စုမှ တာဝန်ထမ်း ဆောင်နေသော ဒုရဲအုပ် တဦးသည် စစ်အာဏာရှင် လက်အောက် တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့် အတွက် အာဏာဖီဆန်သည့် CDM လှုပ်ရှားမှုတွင် ပါဝင်လာကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ရဲဝန်ထမ်းမှာ လ ၂၅၁၇၁၆ ဒုတိယရဲအုပ် ဇင်လင်းထက်ဖြစ်ပြီး မတ်လ ၁ ရက်နေ့က တပ်ဖွဲ့စုမှူး မှ တစ်ဆင့် တပ်ဖွဲ့ခွဲ မှူးသို့ CDM လှုပ်ရှားမှုတွင် ပါဝင်မည်ဖြစ်ကြောင်း အကြောင်းကြားစာပေးပို့ခဲ့သည်ဟု သိရှိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article