သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။ 

စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။ 

လက်ရှိ အသက် ၁၈နှစ်အောက် မိန်းကလေးငယ်များကစ ဘိန်းစာရွက်ရည်ကို ဖျော်ရည်ကဲ့သို့ အသုံးပြု သောက်သုံးနေကြသည်။ 

လက်ရှိ ဘိန်းစာရွက်ရည်သည် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်၊ ဝမ်ဟိုင်း၊ နမ့်စန်၊ ပင်လုံ၊ လဲချားနှင့် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်း၊ မိုင်းရယ်၊လားရှိုးမြို့များတွင် ပေါ်တင်သုံးစွဲ ရောင်းချနေကြောင်း ကိုယ်တိုင်မြင်တွေ့ပြီး ဝယ်ယူသုံးစွဲခဲ့သည့် လူငယ် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကျနော်က သျှမ်းတောင်နဲ့ သျှမ်းမြောက်လမ်းကြောင်းကို မကြာခဏသွားတယ်။ အဲ့မြို့တွေမှာ ကရထွမ့်ရောင်းတဲ့ဆိုင်တွေကို  တွေ့တယ်။​ ကျနော်လည်း ဝယ်သောက်ဖူးတယ်။အရင်က  အဲ့ဆိုင်တွေက မများဘူး။ ဒီနှစ် လမ်းမကြီးပေါ်မှာ နှစ်ဆိုင်၊ သုံးဆိုင်ရှိတယ်။ ပေါ်တင်ကိုရောင်း သောက်နေကြတာ” ဟု ကိုယ်တိုင် ဝယ်ယူသောက်သုံးသည့် မိုင်းရယ်ဒေသခံ လူငယ်အမျိုးသားက ဆိုသည်။ 

ဘိန်းစာရွက်ရည် (ကရထွမ့်)ကို့ အချိုရည်၊ ဘီယာ၊ အရက်တို့နှင့် ရောနှော သောက်သုံးကြကြောင်း  သုံးစွဲသူများက ပြောသည်။ 

ဆက်လက်ပြီး တန့်ယန်းမြို့တွင်ကိုယ်တိုင် ရောင်းချနေသည့် လူငယ်တဉီးက “တန့်ယန်းဘက်မှာလူငယ်တွေ အသက် ၁၈ နှစ်အောက်ကလေးတွေကစပြီး သောက်နေကြတာပါ။ ဒီမှာရောင်းနေတာတွေက အချိုရည်တွေ ရောထားပြီးပါပြီ။အသီးရဲ့ အရသာ အမျိုးမျိုးရှိတော့ သောက်လို့လည်း လွယ်တယ်။မိန်းကလေးတွေ သောက်တာများတယ်” ဟု ဆိုသည်။ 

ထိုဘိန်းစာရွက်ရည် (ကရထွမ့်)ကို တစ်ဗူးလျှင် မြန်မာ ကျပ်ငွေ ၂ သောင်းခွဲမှ ကျပ် ၃ သောင်းအထိ ရောင်းချပြီ၊ သျှမ်းပြည် အရှေ့ပိုင်း – ထိုင်းနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့မှ တဆင့် သျှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းသို့ တင်ပိုရောင်းချနေကြကြောင်းသိရသည်။  

“ဒီအရွက်ကို တာချီလိတ်ဘက်နေက အိတ်ကြီးလိုက်ဝယ်တာပါ။ ဒီရောက်မှ ကျိုးပြီး ရောင်းတာပါ” ဟု တန်းယန့်မြို့တွင် ဘိန်းစာရွက်ရည် ရောင်းချသူ လူငယ်က ပြောပြသည်။​

လက်ရှိ သျှမ်းပြည်အတွင်း ပျံ့နှံ့လာသည့် ဘိန်းစာရွက်ရည် ရောင်းချမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ က တားဆီးမှုမရှိကြောင်းလည်း ရောင်းချနေသူများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနစ်တွင် ဘိန်းစာရွက်ရည် Kratom (ကရထွမ့်) ကို မူးယစ်ဆေးဝါး စာရင်းမှ ပယ်ဖျက်ထားပြီး UNODC (United Nations Office on Drugs and Crime) ကလည်း မူးယစ်ဆေးဝါး စာရင်းမှ ပယ်ဖျက်ထားသဖြင့် မူးယစ်ဆေး အမည်တပ်ရန်လည်းခက်ခဲသည်။ 

ထိုဘိန်းစာရွက် အပင်အတွင်း ပါဝင်သည့် Mitragynine (မီထရာဂျိုင်နင်း) ဓာတ်သည် နာကျင်မှု သက်သာစေခြင်း၊ ရောင်ရမ်းမှု လျော့နည်းစေခြင်းနှင့် မူးယစ်ဆေးဖြတ်တောက်စဉ် ဖြစ်ပေါ်သည့် လက္ခဏာအချို့ကို လျော့ပါးစေနိုင်ကြောင်း  ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ Chulalongkorn University မှ Kratom (ဘိန်းစာရွက်) နှင့် ပတ်သက်သည့် ဆေးပညာဆိုင်ရာ သုတေသနတွင်ဖော်ပြထားသည်။ 

သို့သော် ဘိန်းစာရွက်(ကရထွမ့်)ကို အလွန်အကျွံ သုံးစွဲခြင်း၊ အခြားမူးယစ်ဆေးဝါးများနှင့် ရောစပ်သုံးစွဲခြင်းသည် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပေါ်စေနိုင်ကြောင်း ကလေး၊ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ ရှိသူများ မသုံးစွဲရန် သုတေသနတွင်ရေးသားထားသည်။

ထို့အပြင် နှလုံးခုန်မြန်ခြင်း၊ မူးဝေခြင်းနှင့် အော့အန်ချင်ခြင်းကဲ့သို့သော ဘေးထွက်လက္ခဏာများလည်း ဖြစ်ပွားနိုင်ကြောင်း ဖော်ပြထားပြီး ဆေးဝါးအဖြစ် အသုံးပြုနိုင်မှုကို ဆက်လက်လေ့လာရန် လိုအပ်နေသေးကြောင်းလည်း သုတေသန စာစောင်တွင် ဖော်ပြထားသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...

မယ်ဆိုင်တွင် စုဝေးနေထိုင်သည့် လူငယ် ၁၁ ဦးကို ဖမ်းဆီး၊ တရားမဝင် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်အတွင်း ညဉ့်နက်သန်းခေါင် စုဝေးပြီး လမ်းပေါ်တွင် ဆိုင်ကယ်ပြိုင်မောင်းရန် ပြင်ဆင်နေသည့် လူငယ်တစ်စုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား လူငယ် ၃ ဦး အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇွန်လ...

တာချီလိတ်တွင် ဘိန်းစာရွက်ရည်ဆိုင်များ အခွန်ဆောင်ပြီး ပေါ်တင်ရောင်းချမှု မြင့်တက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် စစ်တပ်လက်အောက်ခံ ရဲများထံ အခွန်ဆောင်ကာ ဘိန်းစာရွက်ရည် (ကရထွမ့်)ကို ပေါ်တင်ရောင်းချမှု မြင့်တက်လာကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့အတွင်း ရပ်ကွက်တိုင်းတွင် ဘိန်းစာရွက်ရည် (နမ့်ကရထွမ့်)များကို အလွယ်တကူ ဝယ်ယူနိုင်သည့်အပြင် ထိုအရည်များကို အချိုရည်၊ ဘီယာ၊ အရက်တို့နှင့် ရောနှော သောက်သုံးကြကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာသိမ်းပြီးနောက်...