တာချီလိတ်တွင် ဘိန်းစာရွက်ရည်ဆိုင်များ အခွန်ဆောင်ပြီး ပေါ်တင်ရောင်းချမှု မြင့်တက်လာ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် စစ်တပ်လက်အောက်ခံ ရဲများထံ အခွန်ဆောင်ကာ ဘိန်းစာရွက်ရည် (ကရထွမ့်)ကို ပေါ်တင်ရောင်းချမှု မြင့်တက်လာကြောင်း သတင်းရရှိသည်။

လက်ရှိ တာချီလိတ်မြို့အတွင်း ရပ်ကွက်တိုင်းတွင် ဘိန်းစာရွက်ရည် (နမ့်ကရထွမ့်)များကို အလွယ်တကူ ဝယ်ယူနိုင်သည့်အပြင် ထိုအရည်များကို အချိုရည်၊ ဘီယာ၊ အရက်တို့နှင့် ရောနှော သောက်သုံးကြကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်) ‌ရောင်းချမှု များပြားလာပြီး စစ်တပ်လက်အောက်ခံ ရဲများထံ အခွန်ဆောင်ပြီး ရပ်ကွက်တိုင်းတွင် ပေါ်တင်ရောင်းချနေကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမှာက နေရာတိုင်း ရောင်းနေတာပဲ။ ပေါ်တင်ပဲ ပိုက်ဆံပေးနိုင်ရင် ဖွင့်လို့ရတယ်။ မပေးနိုင်ရင် ပိတ်ခိုင်းတယ်၊ ဖမ်းတယ် ဆိုတဲ့ ပုံစံမျိုးပေါ့။ သူတို့ကို အခွန်မဆောင်တဲ့ လူတွေကတော့ သူတို့က စုံစမ်းပြီး ဖမ်းကိုဖမ်းတယ်”ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို ရဲတပ်ဖွဲ့ လက်အောက်ခံများက အခွန်ကောက်ပေးပြီး ဆိုင်ကြီး၊ ဆိုင်သေးအလိုက် အခွန်အခကို ဘတ် ၃ ထောင်မှ စတင်ပြီး ဘတ် ၁ သောင်းအထိ ဈေးနှုန်းအမျိုးမျိုး‌ ပေးဆောင်ရကြောင်း တာချီလိတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

“ပိုက်ဆံတွေကိုတော့ သူတို့ ကိုယ်တိုင် လာမကောက်ဘူး။ သူတို့ လက်အောက်ခံ တစ်ယောက်ယောက်က အခွန်လာကောက်ပေးခိုင်းတာ။ တစ်ဆိုင်နဲ့ တစ်ဆိုင် ဈေးနှုန်းတွေကတော့ မတူဘူး”ဟု တာချီလိတ်မြို့ ဒေသခံ ၎င်းအမျိုးသားက ပြောသည်။

ထိုဘိန်းစာရွက်ရည် (ကရထွမ့်) များသည် ပြီးခဲ့သည့် ၂၀၂၁ နောက်ပိုင်းမှ စပြီး ထိုင်း – မြန်မာ နယ်စပ်တကြောဖြစ်သည့် တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ နားကောင်းမူး စသည့် နယ်မြေများတွင် ဆိုင်များဖွင့်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများထံ အခွန်ဆောင်ပြီး လွတ်လွတ်လပ်လပ် ရောင်းချနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်တွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)တွင် နေအိမ်တစ်လုံးကို စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ ဘိန်းစာရွက်များနှင့် ဘိန်းစာရွက်ရည် ပြုလုပ်ရောင်းချသူဟု ယူဆရသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...