ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရပ်ကွက် (၁၁) ခု၊ ကျေးရွာအုပ်စု (၁၄၂) အုပ်စုကို ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများအဖြစ် စစ်ကော်မရှင်လက်အောက်ခံ UEC ဘက်မှ ထပ်မံထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်ကော်မရှင်တပ် ပြန်လည်တိုက်ခိုက် ထိန်းချုပ်ခဲ့သည့် ကျောက်မဲမြို့နှင့် သီပေါမြို့တွင် မြို့ပေါ်ရပ်ကွက်နှင့် အနီးအနား ကျေးရွာအုပ်စုများ၌သာ ရွေးကောက်ပွဲကျင်းပမည့် အခြေအနေဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကျောက်မဲကတော့ မြို့ပေါ်နဲ့ ပိန္နဲကုန်းရယ်၊ ကျောက်မဲကြီးရယ် အဲ့လောက်ပဲ ကြားတယ်။ မြို့နားက နောက်ထပ်နှစ်ရွာ တိုးတယ်လို့တော့ ပြောပေမယ့် ဘယ်နားလဲ မသိဘူး၊ မြို့ပေါ်ကွက်ကွက်ပဲ လုပ်မှာထင်တယ်။ အဲ့လောက်နည်းလို့ဆိုပြီး ကိုယ်စားလှယ်လောင်းတစ်ဦးက စာတင်ပြီး တောင်းထားတာ ရွေး/ကော်ဘက်က အကြောင်းမပြန်ဘူးလို့တော့ ကြားတယ်” ဟု ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

ကျောက်မဲနှင့် သီပေါမြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများထဲ ကျေးရွာအုပ်စု (၁၀၀) ကျော်ဖြင့် အများဆုံးဖြစ်ပြီး TNLA ဆက်လက်ထိန်းချုပ်ထားသည့် မိုင်းငေါ့မြို့နှင့် မိုင်းလုံမြို့ပေါ်မှ ရပ်ကွက် (၁၁) ခုလည်း ပါဝင်သည်။

အဆိုပါ ကျောက်မဲနှင့် သီပေါမြို့နယ် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှစ်ပါတီသာ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားသည်။

သျှမ်းပြည်အတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) အဖြစ် သတ်မှတ်ထားသည့် ‘ဝ’ဒေသတွင် ‘ဝ’အမျိုးသားပါတီ (WNP) မှ ကိုယ်စားလှယ်လောင်းတစ်ဦးတည်း ပြိုင်ဘက်မရှိ အမည်စာရင်း တင်သွင်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ကြေညာထားသည်။

အလားတူ ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စက်တင်ဘာလအတွင်း ပြောင်းလဲသတ်မှတ်ခဲ့သည့် မက်မန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း တစ်ဦးတည်း ပြိုင်ဘက်မရှိ တင်သွင်းထားပြီး ရွေးကောက်ပွဲမပြိုင်ခင် အနိုင်ရနေသည်။

စစ်ကော်မရှင် ကျင်းပပြုလုပ်နေသည့် ရွေးကောက်ပွဲကို ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA မှ အားပေးထောက်ခံကြောင်း ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းမှ NCA (၁၀) နှစ်ပြည့် အခမ်းအနားတွင် မီဒီယာများကို ဖြေကြားခဲ့သော်လည်း မြေပြင်လက်တွေ့တွင် UWSA ထိန်းချုပ်ထားသည့် မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပြုခြင်း မရှိပေ။

မြန်မာနိုင်ငံတဝှမ်း မြို့နယ်စုစုပေါင်း (၃၃၀) ထဲတွင် ရွေးကောက်ပွဲကျင်းပနိုင်သည့် မြို့နယ်မှာ (၂၆၅) မြို့နယ်သာ ရှိပြီး ထိုထဲတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေအဖြစ် ရပ်ကွက် (၂၂၃) ခု၊ ကျေးရွာအုပ်စု (၃၇၇၂) စုတို့ ပါဝင်ပြီး၊ ရွေးကောက်ပွဲ လုံးဝ မကျင်းပနိုင်သည်မှာ (၆၅) မြို့နယ်အထိ ရှိသည်။

ထိုထဲတွင် သျှမ်းပြည် (၅၅) မြို့နယ်မှ ရွေးကောက်ပွဲ ပထမပိုင်း၌ (၁၂) မြို့နယ်၊ ဒုတိယပိုင်း၌ (၁၇) မြို့နယ်နှင့် တတိယပိုင်းတွင် (၉) မြို့နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး ကျန် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိပါ။

ရွေးကောက်ပွဲ ပထမပိုင်းနှင့် ဒုတိယပိုင်းတို့တွင် သျှမ်းပြည်အတွင်းရှိ မြို့နယ် ၁၁ ခုမှ ရပ်ကွက် ၁၇ ခုနှင့် ကျေးရွာအုပ်စု ၁၉၅ စု၊ စုစုပေါင်း နေရာ ၂၁၂ ခုတို့တွင် ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ (၅) ရက်တွင် UEC မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...