Wednesday, January 28, 2026

ဖမ်းဆီးမှုများနေတဲ့ကြားက CDM ဝန်ထမ်းတွေ လမ်းပေါ် ဆန္ဒထုတ်ဖော်နေဆဲ

တူညီတဲ့ ဌာနဝတ်စုံအပြည့်ဝတ်ဆင်ပြီး နေပူထဲမှာ စစ်အာဏာရှင်စနစ်ကျဆုံးဖို့အတွက် အင်တိုက်အားတိုက် မမောနိုင်မပန်နိုင်ကြွေးကြော်နေကြပါတယ်။

နေ့အချိန်မှာ အများသူငှာရှေ့ထွက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုတွေကို ရဲရဲရင့်ရင့် သတ္တိရှိစွာ ပါဝင်ခဲ့ကြပေမယ့် ညအချိန်မှာတော့ စိုးရိမ်စိတ်တွေနဲ့ နေအိမ်တွေ၊အဆောင်တွေမှာ မနေရဲဘဲ ရှောင်ပုန်းအိပ်စက်နေရတာ တလနီးပါးရှိလာပါပြီ။

ထိုသူတွေကတော့ စစ်အာဏာသိမ်းအစိုးရ လက်အောက် တာဝန်မထမ်းဆောင်တဲ့ဝန်းထမ်းတွေရဲ့ အာဏာဖီဆန်မှု( CDM)ပါဝင်တဲ့သူတွေဖြစ်ပါတယ်။

CDM ဟာ ဝန်ထမ်းယန္တရားကြီး ရပ်ဆိုင်းသွားအောင် စစ်အာဏာအစိုးရကို အာဏာဖီဆန်ပြီး ရုံးမတက်ရန်ဖြစ်ပါတယ်။

သက်ဆိုင်ရာ အစိုးရဝန်ထမ်းတော်တော်များများကလည်း စစ်အာဏာရှင် လက်အောက်မှာ အလုပ်မလုပ်တဲ့အတွက် အစိုးရဝန်ထမ်းတွေဟာ Civil Disobedience Movement (CDM) တွေပူးပေါင်းပါဝင်လာကြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ တပ်မတော်မှ နိုင်ငံတော် အာဏာကို လွှဲပြောင်းယူခဲ့ပေမယ့် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ နေ့ည မချန် စစ်အာဏာရှင် ကျဆုံးရေးကို အရပ်သားပြည်သူနဲ့အတူ အစိုးရဝန်ထမ်းတွေကလည်း CDM ပါဝင်လာဖို့အတွက် နေ့စဉ်နဲ့အမျှ ပြည်သူတွေ က တိုက်တွန်းတောင်းဆိုနေကြပါတယ်။

စစ်အာဏာရှင်ကို အနိုင်ရဖို့အတွက် နည်းလမ်းဟာ CDMနည်းလမ်းတရက်သာဖြစ်နေတဲ့အတွက် CDM သာလျှင် အဓိက ကျခြင်း၊ CDM အောင်မြင်ဖို့ အလွန်အရေးကြီးကြောင်းလည်း နိုင်ငံရေးသမားတွေ က ပြောဆိုလိုက်ပါတယ်။

CDM ကြောင့် စစ်အာဏာရှင်ကို အနိုင်တိုက်နိုင်ခဲ့တဲ့ တိုင်းပြည်များစွာရှိတဲ့အတွက် CDM တာ အဓိကကျဆုံး ဖြစ်ကြောင်းလည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က သူ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

စစ်အာဏာ သိမ်းတာ ၁ လ အတွင်း မှာ CDM တွင်ပါဝင်လှုပ်ရှားလာသည့် အစိုးရဝန်ထမ်းများလည်း များစွာ ရှိလာခဲ့ပါတယ်။

၎င်းတို့မှာ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ၊ လျှပ်စစ်ရုံး ဝန်ထမ်းများ ၊ မြန်မာ့မီးရထားဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ စသည့် အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများသည်လည်း CDM လှုပ်ရှားမှုမှာ များစွာ ပါဝင်လာသည်ကို တွေ့ရပါတယ်။

“CDM နဲ့ ပတ်သက်ပြီးတော့ စစ်အာဏာကို ဆက်ပြီးတော့မှ ဒီယန္တရားကို ရပ်ဖို့ ဆက်ပြီးတော့ လုပ်ဆောင်သွားမှာပါ။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် တိုက်ထုတ်ဖို့ အဆင့်သင့်ရှိပါတယ်။ စစ်ကောင်စီက ချမှတ်ထားတဲ့ ဥပဒေသည် တရားမဝင်တဲ့ ဥပဒေ ဒီအတွက်ကြောင့်မလို့ ကျနော်တို့ ပြည်သူတွေ ဝန်ထမ်းတွေ အကုန်လုံး ပူးပေါင်းပါဝင်ပေးဖို့ လိုအပ်ပါတယ်” လို့ တောင်ကြီးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ မှ အသက် ၂၂ နှစ်အရွယ်ရှိ ကျောင်းသားတဦး ကပြောပါတယ်။

စစ်ကောင်စီမှ ချမှတ်ထားတဲ့ အမိန့်၊ ဥပဒေ မှန်သမျှကို ဝန်ထမ်းတွေ၊ ပြည်သူတွေ မလိုက်နာပါက စစ်အာဏာရှင်စနစ်ကျဆုံးရေး တိုက်ပွဲဟာ အောင်မြင်လာမယ် လို့ ၎င်း ကျောင်းသားက ဆိုပါတယ်။

ဒါ့အပြင် စစ်အစိုးရကောင်စီ အုပ်ချုပ်သည့် ယန္တရား မလည်ပတ်နိုင်ရန် အတွက် ပြည်သူတွေ အနေနဲ့ အခွန်မဆောင်ကြရန်လည်း တောင်ကြီးကျောင်းသား သမဂ္ဂလူငယ်တွေက ပြောဆိုလိုက်ပါတယ်။

“နိုင်ငံ တနိုင်ငံရဲ့ဝင်ငွေက ပြည်သူတွေ ဆောင်တဲ့ အခွန်ကနေလာတယ်။ ကျနော်တို့ လိုချင်တဲ့ အစိုးရ မဟုတ်ဘူး ထောက်ခံထားတဲ့ အစိုးရ မဟုတ်တဲ့အတွက်ကြောင့်မလို့ ကျနော်တို့ဟာ အခွန်မဆောင်နိုင်ဘူး။ ဒီလို အခွန်မဆောင်ခြင်း ဟာ တဖက်ကလည်း CDM ကို အထောက်အကူပြုမယ်။ စစ်အာဏာရှင်ကို အဓိက ဆန့်ကျင်တဲ့ သဘောပါပဲ” လို့ စစ်အာဏာရှင် ကို ဆန့်ကျင်နေတဲ့ အသက် ၂၅နှစ် အရွယ် ကျောင်းသူ တဦးဖြစ် နန်းရူပ (အမည်လွှဲ) က ပြောပါတယ်။

CDM ပါဝင်တဲ့နေရာမှာ ကျောင်းပညာရေး ဝန်ထမ်း၊ ကျန်းမာရေး ဝန်ထမ်းတွေ အများဆုံးမြင်တွေ့ရပြီး၊ ထိုသူတွေဟာ ညစဉ် ရှောင်ပုန်းအိပ်စက်နေရတာ တလနီးပါးရှိနေပါပြီ။

“နေ့ဘက်ဆိုရင် ကျမတို့ သပိတ်ကြောင်းထွက်တယ်။ ညဆိုရင်တော့ ရှောင်ရတာပေါ့။ CDM လုပ်ထားတဲ့ ဝန်ထမ်းတိုင်းက ရှောင်နေရတယ်။ သူတို့တွေက ညမှ ဝင်စီးကြတာဆိုတော့ အိပ်ကောင်းတိုင်းလည်း မအိပ်စက်ရဘူး။ တော်လှန်ရေး အောင်မှရမယ်” လို့ တောင်ကြီး ပညာရေး သပိတ်ကြောင်းတွင် ပါဝင်တဲ့ ကျောင်းဆရာမ ဒေါ်မြလေး (နာမည်လွှဲ) က ဆိုပါတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တနှစ်နီးပါးပိတ်ထားတဲ့ ကျောင်းပြန်ဖွင့်ရန် အတွက် စစ်အာဏာသိမ်း အစိုးရ စာထုတ်ထားပါတယ်။

“ကျောင်းပြန်ဖွင့်မယ်။ ကျောင်းပြန်တက်ခိုင်းမယ်ဆိုတာတော့ စာတွေ ထွက်နေပါပြီရှင့်။ ကျမကတော့ ကျောင်းလည်း ပြန်မတက်ဘူး။ အဆုံးထိပဲ သွားမှာရှင့်။ CDM ဝင်တယ်ဆိုလို့ရှိရင် အခု စစ်အာဏာသိမ်းအစိုးရကို ဖြုတ်ကျမယ်လို့ ယုံကြည် လို့ရှင့်” လို့ဆရာမ ဒေါ်မြလေး က ပြောပါတယ်။

ကျောင်းဆရာမဝန်ထမ်းဘဝကို နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူဖြစ်ပြီး၊ စစ်အာဏာရှင်လက်အောက်တွင် အလုပ်လုပ်ဖူးတဲ့သူဖြစ်တဲ့အလျောက် စစ်အာဏာရှင် လက်အောက်တွင် အလုပ်မလုပ်လိုကြောင်းလည်း သူမ က ပြောပြပါတယ်။

“ကျမကတော့ နောက်ဆုံး အလုပ်ပြုတ်သွားတဲ့အထိပဲ ဆုံးဖြတ်ထားတဲ့အတွက်ကြောင့် အလုပ်ထုတ်မယ်ဆိုရင်တောင်မှ ဒီအလုပ်ကို စွန့်လွှတ်ပြီးတော့ကို တိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက်ကြောင့် မစိုးရိမ်ပါဘူးရှင့်။ နောက်ဆုံးအနေနဲ့ အစိုးရဝန်ထမ်းတွေ CDM မှာ အားလုံးလည်း ပါဝင်ပေးကြပါ” လို့ ဒေါ်မြလေး က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ယခုတော်လှန်ရေးဟာ နောင်လာမယ့် အနာဂတ် မျိုးဆက်သစ်အတွက် အတွက်သာ ဖြစ်ကြောင်း သူမ က ပြောပါတယ်။

“ဒါက ပါတီအရေးမဟုတ်ဘူး။ နိုင်ငံအရေး အမျိုးသားရေးဖြစ်တယ်။ ကျမတို့ နိုင်ငံက ဒီမိုကရေစီ ရမှဖွံ့ဖြိုးတိုးတက်မယ်။ ကျမတို့ သားသမီးတွေ တပည့်တွေ အနာဂတ်ကကလည်း ဒါမှသာ ဖွံ့ဖြိုးတိုးတက်မယ်ဆိုတာ သေချာပေါက် ယုံကြည်တဲ့အတွက်ကြောင့် ဝန်ထမ်းတွေအားလုံး CDM ပါဝင်ပေးကြဖို့ ကျမတိုက်တွန်းပါတယ်။” ဟု CDM မှာ ပါဝင်သည့် ကျောင်းဆရာမ တစ်ဦး ကပြောပါတယ်။

စစ်အစိုးရ ကောင်စီက CDM မှာပါဝင်သည့် ဝန်ထမ်းများကို သက်ဆိုင်ရာ ဌာနအကြီးအကဲထံမှ CDM လှုပ်ရှားသည့် ဝန်ထမ်းများကို ရုံးပြန်တက်စေရန် ဖိအားပေး ခြိမ်းခြောက်မှုတွေ ရှိသလို CDM ဝန်ထမ်းတွေကို နေ့တိုင်း ဖမ်းဆီးမှုတွေရှိနေပါတယ်။

“CDM တွေ ဖိအားပေးရခံရမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အခု CDM က တစ်ဖြေးဖြေးအောင်မြင်တော့ စိုးရိမ်ရတာပေါ့။ အထက်ကလည်း ဝန်ထမ်းတွေကို ဖိအားပေးနေတယ်ဆိုတာ ကျနော်တို့ သိရပါတယ်။ ရေရှည်တိုက်ပွဲဆိုတော့ အားလုံးအားလုံး ပါဝင်ပေးကြပါလို့ပဲ တောင်းဆိုတယ်” လို့ ကျောင်းဆရာမ က ဆိုပါတယ်။

CDM လှုပ်ရှားမှုမှာ ပထမဆုံး ဦးဆောင် လှုပ်ရှားတဲ့ ကျန်းမာရေး ဌာန က အကြီးအကဲတွေ ကို လည်း ဖိအားပေးမှုတွေ ခြိမ်းခြောက်မှုတွေ ရှိပေမယ့် ဆက်လက် တိုက်ပွဲ ဝင်သွားမှာ CDM မှာ ပါဝင်ထားသည့် ဆရာဝန် တဦးကပြောပါတယ်။

“တရားမဝင် စစ်အစိုးရက ကျနော်တို့ကို ဒီမိုကရေစီ ယတ္တရားမှာ ပါဝင်လုပ်ဆောင်ဖို့ အခွင့်အာဏာမရှိဘူး။ အဲ့ဒီအတွက် ကျနော်တို့ တရားမဝင်အစိုးရ ဒီလိုမျိုး အုပ်ချုပ်နေတဲ့အချိန် လက်မခံဘူး ကျနော်တို့သည် အလုပ်မဆင်းနိုင်ဘူး။ ကျနော်တို့ သူ့ရဲ့ ယတ္တရားမှာ မပါဝင်နိုင်ဘူး။ ဒါကြောင့်မလို့ ကျနော်တို့ CDM လုပ်တာပါ။ ဟု ဆရာဝန် ကပြောပါတယ်။

CDM ပါဝင်တဲ့ ဆရာဝန်တွေဟာ ဆေးရုံသာ မတက်ကြပေမယ့် အပြင်မှာ လူနာတွေ ကို ဆက်လက် ဆေးကုသနေကြ ပါတယ်။

“ ကျနော်တို့ ဆေးရုံဘဲ မတက်ကြတာ။ CDMယူကြပေမယ့် လိုအပ်တာကို အပြင်ဆေးခန်းတွေမှာ လိုက်ပြီးကုသပေး နေပါတယ်။ အခမဲ့ကုပေးနေပါတယ်” လို့၎င်း ဆရာဝန်က ဆိုပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ဖီဆန်နေတဲ့ ဆရာဝန်တွေကို ရုံးပြန်တက်ရန် အတွက် ဖိအားအမျိုးမျိုးပေးနေကြပေမယ့် ဆရာဝန်တွေကတော့ စစ်အာဏာရှင် မကျဆုံး သရွေ့ ဆက်လက် တော်လှန်ပြီး CDM ကို လုပ်သွားမယ်လို ပြောဆိုလိုက်ပါတယ်။

စစ်အာဏာရှင် ဆက်လက်ရှိနေသေးပါက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေး၊ မြန်မာနိုင်ငံရဲ့ လုံခြုံမှု ဟာ ပိုဆိုးရွားလာနိုင်ပြီး ယခင် စစ်အာဏာရှင်လိုဖြစ်လာနိုင်တဲ့အတွက် CDMမလုပ်ရသေးတဲ့ ဝန်ထမ်းအားလုံး ပြည်သူ့မျက်နှာကို ထောက်ထားပြီး CDM လုပ်ပေးရန် လည်း အမည်မဖော်လိုတဲ့ ဆရာဝန် က ဆိုပါတယ်။

တူညီတဲ့ ဌာနဆိုင်ရာ ဝတ်စုံ တွေဝတ်ဆင်ပြီး “ စစ်အာဏာရှင်ကျဆုံးရေး ဒို့အရေး၊ ဒီမိုကရေစီရရှိရေး ဒို့အရေး” “စစ်အာဏာရှင် အလိုမရှိ” ဆိုတဲ့ ကြွေးကြော်သံတွေဟာ သျှမ်းပြည် အပါအဝင် မြန်မာတဝှမ်း ပျံ့နှံ့နေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MongNawng_ID_Check

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

0
စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံမြို့နယ် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် CDM ပညာရေးဝန်ထမ်းများကို ပြန်ခေါ်နေ

0
သျှမ်းပြည် ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီမှ ပြန်လည်းထိန်းချုပ်နိုင်ပြီးနောက် အခြေခံပညာ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသော ပညာရေးဝန်ထမ်းများ (CDM) ကို ပြန်ခေါ်နေကြောင်း သတင်းရရှိသည်။ ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက်...

သျှမ်းပြည် စစ်ကောင်စီဂိတ်အချို့ ရုရှားနည်းပညာသုံး အက်ပလီကေးရှင်းဖြင့် ပုဒ်မ ၅၀၅ နှင့် CDM များကို ရှာဖွေစစ်ဆေး

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့နှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့များရှိ စစ်ဆေးရေးဂိတ်များတွင် ရုရှားနည်းပညာသုံး အက်ပလီကေးရှင်း ဆော့ပ်ဝဲတစ်ခုဖြစ်သည့် (PSMS Application) သုံး၍ စစ်ကောင်စီ အလိုရှိသော CDM များ၊ ပုဒ်မ ၅၀၅ ဖြင့် စွပ်စွဲခံရသူများအား လိုက်လံ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ...

လွိုင်ကော်မြို့တွင် စစ်ဆေးမှုတင်းကြပ် CDM ဝန်ထမ်းများ ၁၀ ဦးထက်မနည်း ဖမ်းခံရ

0
ကရင်နီပြည်နယ် လွိုင်ကော်မြို့အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်စစ်ဆေးမှု တင်းကြပ်ခြင်းကြောင့် CDM ဝန်ထမ်း ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယခု ၂၀၂၅ မတ်လ ပထမပတ်မှ စတင်၍ လွိုင်ကော်မြို့ အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တွင် မှတ်ပုံတင်များကို Tablet ဖြင့်...

တော်လှန်ရေးကို အရှက်ရစေတဲ့ လိင်ပိုင်းကျူးလွန်မှု အချုပ် (၆)လ ချမှတ်မှု

0
“ကျောင်းသားလေးတွေကို ကျောင်းဆရာက လိင်ပိုင်းဆိုင်ရာ ပြုကျင့်မယ်လို့ မထင်ခဲ့သလို ကျောင်းဆရာကို ၆လပဲ ပြစ်ဒဏ်ပေးတာကမဖြစ်သင့်ဘူး” ဟု ဖယ်ခုံမြို့ ကလေးတစ်ဉီး၏ မိခင်က ရင်ဖွင့်ပြောလာသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ (၂၄ )ရက်တွင် ဖယ်ခုံမြို့နယ် လယ်ထွန်ကျေးရွာမှ ကျောင်းတာဝန်ခံ ခွန်ဇော်ဇော်(ခ) ဇော်ဇော်ထွန်းသည် အသက်(၁၆)နှစ်အောက် Grade-9, နဲ့...