RCSS/SSA နယ်မြေအတွင်း လုံခြုံရေးအရ လာရောက်ခိုလှုံသူ (၁၀၀)နီးပါးရှိ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)ထိန်းချုပ်သည့် နယ်မြေအတွင်း လုံခြုံရေး အရ လာရောက်ခိုလှုံသည့်သူ (၁၀၀) နီးပါးရှိကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ ၁ရက် မနက်မှ စတင်ကာ နိုင်ငံတော်၏ အာဏာကို စစ်တပ်မှ သိမ်းယူလိုက်ပြီး၊ ထို့နောက် မြန်မာတဝှမ်းပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများက စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုကို ယနေ့ထိတိုင်အရှိန်အဟုန်မြင့်ကာ ပြုလုပ်နေကြသည်။

ထို့အပြင် စစ်အာဏာရှင်စနစ်အောက်တွင် အလုပ်မလုပ်လိုသဖြင့် အစိုးရဝန်ထမ်းများကလည်း အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှုဖြစ်သည့် (CDM) ကို ပူးပေါင်းပါဝင်လာကြသည်။

ထိုCDMပြုလုပ်သည့် ပြည်သူများကိုလည်း စစ်ကောင်စီ ၏ လက်နက်ကိုင်တပ်ဖွဲ့က နေ့စဉ်နဲ့အမျှ ဖမ်းဆီးချုပ်နှောင်မှုရှိသဖြင့် CDM လုပ်ထားသည့် အစိုးရဝန်ထမ်းများသည် လုံခြုံသည့်နေရာတွင် ပြောင်ရွှေ့ ရှောင်ပုန်းနေရပြီး၊ တချို့ မှာ ဖမ်းဆီးထိန်းသိမ်းထားခံရကြောင်း သိရသည်။

“ ကျနော်တို့ နယ်မြေထဲမှာလာခိုလှုံတဲ့သူ ရှိပါတယ်။ ဘယ်သူတွေပါလဲဆိုတာ လုံခြုံရေးအရ တိကျပြောလို့မရပေမယ့် ဦးရေကတော့ (၁၀၀)နီးပါးရှိပါတယ်။ ကျနော်တို့ နယ်မြေအပိုင်တာဝန်ခံဖုန်းနံပတ်တွေလည်း ပေးထားပါတယ်” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

RCSS/SSA ထိန်းချုပ်သည့် နယ်မြေ တာဝန်ခံဖုန်းနံပတ်များကိုလည်း Tai Freedom လူမှုကွန်ရက် စာမျက်နှာတွင် ကြေညာခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သူများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် ရဲ၊ စစ်သားများနှင့် အစိုးရဝန်ထမ်းအားလုံး မည်သူမဆို RCSS/SSA နယ်မြေအတွင်း လုံခြုံရေး အရ လာရောက်ခိုလှုံမည်ဆိုပါက လက်ခံပေးသွားမည် ဟုလည်း ဗိုလ်မှူးခမ်းစံ က ပြောသည်။

ယမန်နေ့ (မတ် ၉ )ရက်တွင် RCSS/SSA နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)တို့ အလွတ်သဘောတွေ့ဆုံခဲ့ကြပြီးနောက် မိုင်းနောင်မြို့နယ် အတွင်း RCSS/SSA ကို တပ်မတော်က လိုက်လံတိုက်ခိုက်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
MongNawng_ID_Check

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

0
စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။