Tuesday, January 27, 2026

မိုင်းရှူးမြို့ CDM ပါဝင်သော ဆရာဝန်များကို ဖမ်းဆီးရန်ကြိုးပမ်နေ

သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် CDM ကမ်းပိန်းတွင် ပါဝင်သည့် ဆရာဝန်များကို ဖမ်းဆီးရန်အတွက် ရဲ နှင့် စစ်တပ်များ ဆေးရုံတွင် လာရောက်စောင့်ဆိုင်းနေကြောင်းသိရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM (Civil Disobedience Movement) လှုပ်ရှားမှု တွင် ပါဝင်သည့် မိုင်းရှူး ဆရာဝန်များကို ဖမ်းဆီးရန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်တွင် ပြည်သူများက ဆရာဝန်များကို မဖမ်းဆီးရန်အတွက် ဝန်ရံ စောင့်ဆိုင်းနေသည်။

“ အခုက ဆရာဝန် ကိုဖမ်းဖို့ကြိုးစားနေတယ်။ ဆေးရုံမှာ သွားစောင့်နေတာ။ ပြည်သူတွေက ပေးမဖမ်းဘူး။ ပြည်သူတွေက သွားဝန်းရံထားတယ်။ ဆေးရုံကို သွားပြီး မဖမ်းနိုင်အောင် သွားဟန့်တားထားတယ်” ဟု မိုင်းရှူးဒေသခံတစ်ဦး ကပြောသည်။

မိုင်းရှူးမြို့နယ်ရှိ ဆရာဝန်များအားလုံးသည် CDM ကမ်းပိန်းတွင် ပါဝင်လှုပ်ရှားနေသူများဖြစ်သည်။

ထို့ပြင် ဆန္ဒပြဦးဆောင်သည်ဟု ယူဆထားသည့် သူများကို ဖမ်းဆီရန် ကြိုးပမ်းနေသော်ည်း လက်ရှိအချိန်တွင် အကုန်လုံး ထွက်ပြေးတိမ်ရှောင်းနေရသည်။

အဆိုပါ မိုင်းရှူးမြို့နယ်ရှိ ဆရာဝန်ကြီးသည် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြီး စစ်အာဏာအောက်တွင် တာဝန်မထမ်းနိုင်သဖြင့် CDM ပါဝင်လှုပ်ရှားရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MongNawng_ID_Check

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

0
စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံမြို့နယ် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် CDM ပညာရေးဝန်ထမ်းများကို ပြန်ခေါ်နေ

0
သျှမ်းပြည် ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီမှ ပြန်လည်းထိန်းချုပ်နိုင်ပြီးနောက် အခြေခံပညာ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသော ပညာရေးဝန်ထမ်းများ (CDM) ကို ပြန်ခေါ်နေကြောင်း သတင်းရရှိသည်။ ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက်...

သျှမ်းပြည် စစ်ကောင်စီဂိတ်အချို့ ရုရှားနည်းပညာသုံး အက်ပလီကေးရှင်းဖြင့် ပုဒ်မ ၅၀၅ နှင့် CDM များကို ရှာဖွေစစ်ဆေး

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့နှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့များရှိ စစ်ဆေးရေးဂိတ်များတွင် ရုရှားနည်းပညာသုံး အက်ပလီကေးရှင်း ဆော့ပ်ဝဲတစ်ခုဖြစ်သည့် (PSMS Application) သုံး၍ စစ်ကောင်စီ အလိုရှိသော CDM များ၊ ပုဒ်မ ၅၀၅ ဖြင့် စွပ်စွဲခံရသူများအား လိုက်လံ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

လွိုင်ကော်မြို့တွင် စစ်ဆေးမှုတင်းကြပ် CDM ဝန်ထမ်းများ ၁၀ ဦးထက်မနည်း ဖမ်းခံရ

0
ကရင်နီပြည်နယ် လွိုင်ကော်မြို့အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်စစ်ဆေးမှု တင်းကြပ်ခြင်းကြောင့် CDM ဝန်ထမ်း ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယခု ၂၀၂၅ မတ်လ ပထမပတ်မှ စတင်၍ လွိုင်ကော်မြို့ အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တွင် မှတ်ပုံတင်များကို Tablet ဖြင့်...