Tuesday, January 27, 2026

တန့်ယန်း CDM ကျန်းမာရေးဝန်ထမ်းများ အိမ်ယာမှဖယ်ရှားခံရ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပူးပေါင်းပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ ယနေ့(မတ် ၁၁)ရက်တွင်ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားခံရကြောင်း သတင်းရရှိသည်။

တန့်ယန်း ကျန်းမာရေးဝန်ထမ်းအိမ်ယာထဲတွင် CDM ပြုလုပ်ထားသည့် ကျန်းမာရေးဝန်ထမ်း အနည်းငယ်သာကျန်ရှိနေကြောင်း၊ အများစုမှာ တခြားနေရာသို့ ပြောင်းရွှေ့နေထိုင်နေကြပြီးဖြစ်ကြောင်း သိရသည်။

“ မနေ့(မတ် ၁၀)ရက် က CDMဆက်လုပ်ရင် ဝန်ထမ်းအိမ်ယာကနေ ထွက်သွားဖို့ လာပြောတေယ်။ မလုပ်သူတွေကတော့ဆက်နေဖို့ လာပြီးအကြောင်းကြားပါတယ်။ ဒါကြောင့်CDM ဆက်လုပ်တဲ့အနေနဲ့ ဝန်ထမ်းအိမ်ယာကနေ ထွက်သွားကြတာပါ” ဟု တန့်ယန်းဒေသခံတဦးက ပြောသည်။

သက်ဆိုင်ရာက CDM ဆက်မလုပ်ပါက ကျန်းမာရေးဝန်ထမ်းအိမ်ယာတွင် ဆက်နေထိုင်ရန်ပြောသော်လည်း ဝန်ထမ်းများက CDM ဆက်လက်ပါဝင်မည်ဖြစ်သဖြင့် အိမ်ယာမှ ထွက်ခွာပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့တွင်လည်း သျှမ်းမြောက် နမ့်ဆန်မြို့ ကျန်းမာရေးဝန်ထမ်း (၁၂)ဦး နှင့် မန်တုံ ကျန်းမာရေး ဝန်ထမ်း (၁၁)ဦးသည် CDMပါဝင်သဖြင့် ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားခံခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MongNawng_ID_Check

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

0
စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံမြို့နယ် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် CDM ပညာရေးဝန်ထမ်းများကို ပြန်ခေါ်နေ

0
သျှမ်းပြည် ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီမှ ပြန်လည်းထိန်းချုပ်နိုင်ပြီးနောက် အခြေခံပညာ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသော ပညာရေးဝန်ထမ်းများ (CDM) ကို ပြန်ခေါ်နေကြောင်း သတင်းရရှိသည်။ ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက်...

သျှမ်းပြည် စစ်ကောင်စီဂိတ်အချို့ ရုရှားနည်းပညာသုံး အက်ပလီကေးရှင်းဖြင့် ပုဒ်မ ၅၀၅ နှင့် CDM များကို ရှာဖွေစစ်ဆေး

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့နှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့များရှိ စစ်ဆေးရေးဂိတ်များတွင် ရုရှားနည်းပညာသုံး အက်ပလီကေးရှင်း ဆော့ပ်ဝဲတစ်ခုဖြစ်သည့် (PSMS Application) သုံး၍ စစ်ကောင်စီ အလိုရှိသော CDM များ၊ ပုဒ်မ ၅၀၅ ဖြင့် စွပ်စွဲခံရသူများအား လိုက်လံ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ...

လွိုင်ကော်မြို့တွင် စစ်ဆေးမှုတင်းကြပ် CDM ဝန်ထမ်းများ ၁၀ ဦးထက်မနည်း ဖမ်းခံရ

0
ကရင်နီပြည်နယ် လွိုင်ကော်မြို့အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်စစ်ဆေးမှု တင်းကြပ်ခြင်းကြောင့် CDM ဝန်ထမ်း ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယခု ၂၀၂၅ မတ်လ ပထမပတ်မှ စတင်၍ လွိုင်ကော်မြို့ အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တွင် မှတ်ပုံတင်များကို Tablet ဖြင့်...

တော်လှန်ရေးကို အရှက်ရစေတဲ့ လိင်ပိုင်းကျူးလွန်မှု အချုပ် (၆)လ ချမှတ်မှု

0
“ကျောင်းသားလေးတွေကို ကျောင်းဆရာက လိင်ပိုင်းဆိုင်ရာ ပြုကျင့်မယ်လို့ မထင်ခဲ့သလို ကျောင်းဆရာကို ၆လပဲ ပြစ်ဒဏ်ပေးတာကမဖြစ်သင့်ဘူး” ဟု ဖယ်ခုံမြို့ ကလေးတစ်ဉီး၏ မိခင်က ရင်ဖွင့်ပြောလာသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ (၂၄ )ရက်တွင် ဖယ်ခုံမြို့နယ် လယ်ထွန်ကျေးရွာမှ ကျောင်းတာဝန်ခံ ခွန်ဇော်ဇော်(ခ) ဇော်ဇော်ထွန်းသည် အသက်(၁၆)နှစ်အောက် Grade-9, နဲ့...