Tuesday, January 27, 2026

သျှမ်းတောင် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်သူနှင့် CDM ပါဝင်သည့် ဝန်ထမ်းအချို့ဖမ်းဆီးခံရ

သျှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန် မြို့နယ် ၊ ကွန်ဟိန်း ၊ ကာလိ ၊ နမ့်စန် ၊ ခိုလမ်နှင့် ဆီဆိုင် စသည့်မြို့နယ်များမှ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင် သူနှင့် CDM ပါဝင်သည့် ဝန်ထမ်းအချို့ဖေဖော်ဝါရီ (၁၁) ရက် နေ့ခင်းပိုင်းနှင့် ည ပိုင်းအချိန်တို့တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ မနေ့ညက ဖမ်းဖို့လုပ်တာ နှစ်ယောက်ပေါ့ ၊ တစ်ယောက်ကို တော့ ကျွန်တော်တို့ ဆွဲထားလိုက်နိုင်ပေမဲ့ ဆေးမှတ်တမ်းထိန်း ဦးပြည့်ဖြိုးအောင် ကပါသွား တယ် ၊ ဘာအမှုလဲ တတိတိကျကျ မပြောဘူး ၊ သဘာဝဘေးလိုလို ငြိမ်းစုစီလိုလို နဲ့ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေဖြစ်လို့ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ် ” ဟု မိုင်းပန်မြို့နယ် ဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောသည် ။

အဆိုပါ မိုင်းပန်မြို့နယ်ဆေးရုံမှ အဖမ်းခံရသည့် ဆေးမှတ်တမ်းထိန်းဝန်ထမ်း ဦးပြည့်ဖြိုးအောင် သည် CDM လှုပ်ရှားမှုနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ ပွဲတွင် ပါဝင်ခဲ့ ကြောင်းသိရသည် ။

အလားတူပင် ကွန်ဟိန်း ၊ ကာလိမှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ ပွဲတွင် ပါဝင်ခဲ့ သည့် စိုင်းချစ်ငွေ ၊ စိုင်းလိန်ခမ်း၊ ကိုမိုးဇော် နမ့်စန်မြို့ မေတ္တာရှင်လူမှုရေး အသင်းဥက္ကဌ ဦးဝင်းလှိုင် နှင့် NLD ပါတီ မှ ဦးကိုထွေး ၊ ခိုလမ်မြို့နယ်မှ ၃ ဦး နှင့် ဆီဆိုင်မြို့နယ် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင် တို့ အသီးသီး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း သိရသည် ။

ဖမ်းဆီးထိန်းသိမ်းခံရသော သူများအား သဘာဝဘေးအန္တရယ်ဆိုင်ရာပုဒ်မ နှင့် ငြိမ်းစု စီ ပုဒ်မ များဖြင့် အမှုဖွင့် ထားသော်လည်း တစ်ချို့မှာ မည်သည့် ပုဒ်မနှင့် အဖမ်းဆီးထားရသည်ကို မသိရ ပါ ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MongNawng_ID_Check

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

0
စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံမြို့နယ် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် CDM ပညာရေးဝန်ထမ်းများကို ပြန်ခေါ်နေ

0
သျှမ်းပြည် ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီမှ ပြန်လည်းထိန်းချုပ်နိုင်ပြီးနောက် အခြေခံပညာ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသော ပညာရေးဝန်ထမ်းများ (CDM) ကို ပြန်ခေါ်နေကြောင်း သတင်းရရှိသည်။ ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက်...

သျှမ်းတောင်နှင့် ကရင်နီတွင် စစ်ရေးဖောင်ဆောင်ရန်အတွက် SSNDF တပ်သားသစ်ခေါ်ယူ

0
သျှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်အတွင်းရှိ စစ်ကောင်စီတပ်များကို အမြန်ဆုံး တိုက်ထုတ်နိုင်ရန်အတွက် သျှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF/ KNDF က တပ်သားသစ်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ရှေ့တန်းစစ်မျက်နှာပြင်တွင်ရှိသော စစ်ကောင်စီတပ်ကို တော်လှန်နေသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) မှ SSNDF/ KNDF B-103...

သျှမ်းပြည် စစ်ကောင်စီဂိတ်အချို့ ရုရှားနည်းပညာသုံး အက်ပလီကေးရှင်းဖြင့် ပုဒ်မ ၅၀၅ နှင့် CDM များကို ရှာဖွေစစ်ဆေး

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့နှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့များရှိ စစ်ဆေးရေးဂိတ်များတွင် ရုရှားနည်းပညာသုံး အက်ပလီကေးရှင်း ဆော့ပ်ဝဲတစ်ခုဖြစ်သည့် (PSMS Application) သုံး၍ စစ်ကောင်စီ အလိုရှိသော CDM များ၊ ပုဒ်မ ၅၀၅ ဖြင့် စွပ်စွဲခံရသူများအား လိုက်လံ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ...

ပဋိပက္ခကြား မူးယစ်ဆေး သုံးစွဲမှု ပိုကြီးထွားနေ

0
“WY ဆေးနှစ်ပြားလောက် သုံးထားရင် အရမ်းကို နေလို့ကောင်းသွားတယ်၊ မပင်ပန်းဘူး” လို့ စိုက်ပျိုးရေးလုပ်ကိုင်သူ တစ်ဦးဖြစ်တဲ့ ကိုမောင်ငယ်က ပြောနေပါတယ်။ ကိုမောင်ငယ်က စိုက်ပျိုးရေးလုပ်ကိုင်သူ ဖြစ်တဲ့အလျောက် ပေါက်ပြားတစ်လက်နဲ့ ခြံဆွရတယ်။ တောတွေ ရှင်းရတယ်၊ ထင်းခုတ်ရတယ်။ ဒီအလုပ်က သူ့ရဲ့နိစ္စဓူဝ လုပ်ရတော့ ပင်ပန်းမှုတွေ ဖြစ်လာတဲ့အတွက် တစ်ရက် “၁၀၀၀”ကျပ်...