ကျောက်မဲမြို့နယ် စာသင်ကျောင်းများ CDM ပညာရေးဝန်ထမ်းများသာ ခန့်အပ်ရန် TNLA ညွှန်ကြား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုရှိ စာသင်ကျောင်းများတွင် CDM ဆရာ/ ဆရာမ များကိုသာ ခန့်အပ်ရန် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) တို့မှ ညွှန်ကြားထားကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ အခြေခံစာသင်ကျောင်းများတွင် စစ်ကောင်စီခန့် ဆရာ/ဆရာမများ လာရောက်သင်ကြားခွင့် မပြုကြောင်း (TNLA) မှ ထုတ်ပြန်ညွှန်ကြားထားကြောင်း သိရသည်။

“ဒီအုပ်စုမှာ စာသင်ကျောင်း စုစုပေါင်း ၅ ကျောင်းရှိပါတယ်၊ ဒါပေမဲ့ TNLA က စစ်ကောင်စီခန့်ထားတဲ့ ဆရာ/မတွေ လာသင်လို့ မရဘူးတဲ့၊ CDM လုပ်ထားတဲ့ ဆရာ/မတွေကိုပဲခေါ် သင်ဖို့ ဒေသခံတွေကို ညွှန်ကြားလာတယ်၊ ဒါပေမဲ့ CDM ဆရာ/မရဲ့ လုံခြုံရေးကို တွေးမိပြီး ရွာသားတွေလည်း မခေါ်ရဲသေးဘူး၊ TNLA ကတားမြစ်ထားတဲ့ စစ်ကောင်စီခန့် ဆရာဝန်တွေကလည်း ကြောက်ပြီးမလာရဲကြလို့ အခုထိကျောင်းက မဖွင့်နိုင်သေးဘူး” ဟု မိုင်းတင်းဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ကျောက်မဲမြို့နယ်က မိုင်းတင်းကျေးရွာ ဘုန်းကြီးကျောင်း

အဆိုပါ မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ အခြေခံစာသင်ကျောင်းများအနက် မူလတန်းကျောင်း ၄ ကျောင်းနှင့် အထက် တန်းကျောင်းခွဲ ၁ ကျောင်းရှိနေကြောင်း သိရသည်။

ဇွန်လ ပထမပတ်အတွင်းတွင် စာသင်ကျောင်း ၃ ရက်ဖွင့်လှစ် သင်ကြားနိုင်ခဲ့ပြီး TNLA တပ်သားတို့၏ ခြိမ်းခြောက်ပြောဆို တားမြစ်မှုများကြောင့် စစ်ကောင်စီလက်အောက်ခံ ဆရာ/မများ ကြောက်လန့်ကာ ကျောင်းဆက်မဖွင့်နိုင်ဘဲ ကျောင်း ပိတ်လိုက်ရကြောင်း ဒေသခံများကပြောသည်။

“ငွေကြေးတတ်နိုင်တဲ့သူတွေကျတော့ သူတို့သားသမီးတွေကို မြို့ပေါ်ကိုယ်ပိုင်ကျောင်းတွေမှာ သွားအပ်ကြတယ်၊ ငွေကြေးမတတ်နိုင်တဲ့သူတွေအဖို့ကျတော့ ကျောင်းမဆက်တက်နိုင် စာမသင်နိုင်ကြတော့ဘူး” ဟု မိုင်းတင်းကျေးရွာ အုပ်စုမှ ဒေသခံက ဆက်ပြောသည်။

လက်ရှိအချိန်အထိ မိုင်းတင်းကျေးရွာအုပ်စုအတွင်းမှ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်သည့် အခြေအနေမရှိသည့်အတွက် ကျောင်းသားမိဘများက ကလေးများ၏ ပညာရေးကို စိုးရိမ်နေကြောင်း သတင်းသိရသည်။

“ကိုယ်ပိုင်ကျောင်းတွေ မြို့ပေါ်ကျောင်းတွေမှာ မတက်နိုင်တဲ့ ကလေးတွေကိုတော့ သနားမိတယ်၊ အာဏာမသိမ်းခင်မှာ ကိုဗစ်ကြောင့် ကျောင်းတစ်နှစ် နားထားရသလို အခုလည်း စစ်အာဏာသိမ်းလို့ ကျောင်းပိတ်ထားရတာနဲ့ဆိုရင် သူတို့ နစ်နာတာ နှစ်နှစ် ရှိပြီလေ” ဟု မိုင်းတင်းမှ အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းတင်းကျေးရွာအုပ်စုအတွင်းမှ အခြေခံစာသင်ကျောင်းများသည် နမ့်ဆော့ကျေးရွာ၊ ဝမ်လုံကျေးရွာ၊ ဝမ်စန်းကျေးရွာ၊ ပြိန်းခါးကျေးရွာနှင့် နားမွန်းကျေးရွာတို့တွင် တည်ရှိနေကြောင်းနှင့် လက်ရှိ TNLA တပ်သားများမှ သွားလာလှုပ်ရှား နေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...