Non-CDM ဆရာမများ ကျောင်းလာအပ်သူများကို အတင်းအဓမ္မ ကျုရှင်တက်ခိုင်းနေ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ အထက (၁) ကျောင်းရှိ Non-CDM ဆရာမများသည် ကျောင်းလာအပ်သည့် ကျောင်းသားများကို အတင်းအဓမ္မ ကျုရှင် တက်ခိုင်းနေသည်ဟု စုံစမ်းသိရသည် ။

ဟိုပုံးမြို့ ရှိ အထက (၁) ကျောင်းတွင် ကျောင်းလာအပ်သည့် ကျောင်းသား/သူ များကို ကျုရှင်တက်ခိုင်းပြီး မတက်လျှင် ကျောင်းခန်းထဲကို ပေးမဝင်ကြောင်း ကျောင်းသွားအပ်သည့် မိဘများထံမှ  သျှမ်းသံတော်ဆင့် ကို ပြောသည်။

ပြီးခဲ့သည့် ဇွန် ၂ ရက်နေ့ကစပြီး ကျောင်းလာအပ်သည့် ကျောင်းသား/သူ များကို ကျုရှင်တက်ခိုင်းကာ တစ်လကို ၂ သောင်းပေးရမည်ဟု ကျုရှင်တက်ရမည့် အတန်းသည် KG မှ တက္ကသိုလ်ဝင်တန်းထိ တက်ရမည်ဟု ဟိုပုံးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျောင်းလာအပ်တဲ့ကလေးတွေ ကျုရှင်မနေရင် ကျောင်းအပ်လက်မခံဘူး။ ကျောင်းလာအပ်တဲ့ချိန်တုန်းက ဆရာမတွေကတန်းမေးတယ်။ ကျုရှင်တက်မလား မတက်ရင် ကျောင်းခန်းပေးမဝင်ဘူး။ ကျောင်းအပ်လက်မခံဘူး“ဟု ကျောင်းသွားအပ်သည့် မိဘ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပုံးမြို့

လက်ရှိ အချိန်ကာလသည် စား၀တ်နေရေးခက်ခဲနေသည့် အချိန်ဖြစ်နေသဖြင့် ကလေးများကို ကျူရှင်ထားရန်လည်း ခက်ခဲကြောင်း၊ တစ်လလျှင် ကျူရှင်ခ ကို မြန်မာကျပ်ငွေ ၂ သောင်းကျပ် ပေးရမည် ဟုလည်း သိရသည်။

“အခုအချိန်မှာ အကုန်လုံးက ခက်ခဲနေတယ်၊ စားဖို့သောက်ဖို့လည်း ခက်ခဲနေတယ်၊ အခုကျုရှင် မထားရင်မနေရဆိုပြီး သူတို့ကပြောတယ် ၊ ကျုရှင်တက်နိုင်လား မတက်နိုင်လားလည်း မမေးတော့ဘူး အတင်းအဓ္ဓမ တက်ခိုင်းနေတယ်” ဟု ၎င်းမိဘ ကထပ်လောင်းပြောသည်။

ထို့အပြင် ဟိုပုံးမြို့ရှိ အထက (၁) ကျောင်းရှိ ဆရာ၊ ဆရာမများ လုံလောက်မှုမရှိသဖြင့် ကလေးငယ်များအတွက် အခက်အခဲဖြစ်နေကြောင်း၊ ယခင်က KG တန်းအတွက် အခန်း ၃ ခန်းရှိရာမှ လက်ရှိမှာ တခန်းထဲတွင် စုပေါင်းပြီး စာသင်နေရကြောင်း၊ ဆရာ အင်အားကို စစ်တပ်ထဲမှ ခေါ်ယူထားကြောင်းလည်း အမည်မဖော်လိုသည့် ဟိုပုံးဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“ကျောင်းဆရာမ လုံလုံလောက်လောက် မရှိထားဘူး။ CDM လုပ်တဲ့ဆရာမ နေရာကို အစားထိုးပြီး စစ်တပ်ထဲကခန့်လိုက်တာလည်းရှိတယ်။ ကလေးတွေကို ကောင်းကောင်းစာသင်ပေးမှာ မဟုတ်ဘူး။ အခန်းထဲမှာ ရာနဲ့ချီပြီးရှိတယ်။ ဆရာမကလည်း မလုံလောက်တော့ ကလေးတွေ ကောင်းကောင်းတော့ စာမသင်နိုင်ဘူး “ဟု အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။

ဟိုပုံးမြို့နယ်သည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်များက နည်းမျိုးစုံဖြင့် ဆန့်ကျင် ဆန္ဒ ထုတ်ဖော်နေလျက်ရှိပြီး စစ်ကောင်စီမှ ကျောင်းဖွင့်ခဲ့သော်လည်း ဆရာ၊ ဆရာမများ CDM ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

နမ့်ခမ်းမြို့ထဲ ပြန်လည်ဝင်ရောက်ရန် Non-CDM များကို စစ်အစိုးရ အသင့်ပြင်ခိုင်းထားဟုဆို

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရန် မူဆယ်မြို့ဘက်ရှိ Non-CDM ဝန်ထမ်းများကို အသိပေး ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် စစ်ကော်မရှင် အသွင်ပြောင်း စစ်အစိုးရမှ မူဆယ်နှင့်...