Tuesday, January 27, 2026

Non-CDM ဆရာမများ ကျောင်းလာအပ်သူများကို အတင်းအဓမ္မ ကျုရှင်တက်ခိုင်းနေ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ အထက (၁) ကျောင်းရှိ Non-CDM ဆရာမများသည် ကျောင်းလာအပ်သည့် ကျောင်းသားများကို အတင်းအဓမ္မ ကျုရှင် တက်ခိုင်းနေသည်ဟု စုံစမ်းသိရသည် ။

ဟိုပုံးမြို့ ရှိ အထက (၁) ကျောင်းတွင် ကျောင်းလာအပ်သည့် ကျောင်းသား/သူ များကို ကျုရှင်တက်ခိုင်းပြီး မတက်လျှင် ကျောင်းခန်းထဲကို ပေးမဝင်ကြောင်း ကျောင်းသွားအပ်သည့် မိဘများထံမှ  သျှမ်းသံတော်ဆင့် ကို ပြောသည်။

ပြီးခဲ့သည့် ဇွန် ၂ ရက်နေ့ကစပြီး ကျောင်းလာအပ်သည့် ကျောင်းသား/သူ များကို ကျုရှင်တက်ခိုင်းကာ တစ်လကို ၂ သောင်းပေးရမည်ဟု ကျုရှင်တက်ရမည့် အတန်းသည် KG မှ တက္ကသိုလ်ဝင်တန်းထိ တက်ရမည်ဟု ဟိုပုံးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျောင်းလာအပ်တဲ့ကလေးတွေ ကျုရှင်မနေရင် ကျောင်းအပ်လက်မခံဘူး။ ကျောင်းလာအပ်တဲ့ချိန်တုန်းက ဆရာမတွေကတန်းမေးတယ်။ ကျုရှင်တက်မလား မတက်ရင် ကျောင်းခန်းပေးမဝင်ဘူး။ ကျောင်းအပ်လက်မခံဘူး“ဟု ကျောင်းသွားအပ်သည့် မိဘ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပုံးမြို့

လက်ရှိ အချိန်ကာလသည် စား၀တ်နေရေးခက်ခဲနေသည့် အချိန်ဖြစ်နေသဖြင့် ကလေးများကို ကျူရှင်ထားရန်လည်း ခက်ခဲကြောင်း၊ တစ်လလျှင် ကျူရှင်ခ ကို မြန်မာကျပ်ငွေ ၂ သောင်းကျပ် ပေးရမည် ဟုလည်း သိရသည်။

“အခုအချိန်မှာ အကုန်လုံးက ခက်ခဲနေတယ်၊ စားဖို့သောက်ဖို့လည်း ခက်ခဲနေတယ်၊ အခုကျုရှင် မထားရင်မနေရဆိုပြီး သူတို့ကပြောတယ် ၊ ကျုရှင်တက်နိုင်လား မတက်နိုင်လားလည်း မမေးတော့ဘူး အတင်းအဓ္ဓမ တက်ခိုင်းနေတယ်” ဟု ၎င်းမိဘ ကထပ်လောင်းပြောသည်။

ထို့အပြင် ဟိုပုံးမြို့ရှိ အထက (၁) ကျောင်းရှိ ဆရာ၊ ဆရာမများ လုံလောက်မှုမရှိသဖြင့် ကလေးငယ်များအတွက် အခက်အခဲဖြစ်နေကြောင်း၊ ယခင်က KG တန်းအတွက် အခန်း ၃ ခန်းရှိရာမှ လက်ရှိမှာ တခန်းထဲတွင် စုပေါင်းပြီး စာသင်နေရကြောင်း၊ ဆရာ အင်အားကို စစ်တပ်ထဲမှ ခေါ်ယူထားကြောင်းလည်း အမည်မဖော်လိုသည့် ဟိုပုံးဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“ကျောင်းဆရာမ လုံလုံလောက်လောက် မရှိထားဘူး။ CDM လုပ်တဲ့ဆရာမ နေရာကို အစားထိုးပြီး စစ်တပ်ထဲကခန့်လိုက်တာလည်းရှိတယ်။ ကလေးတွေကို ကောင်းကောင်းစာသင်ပေးမှာ မဟုတ်ဘူး။ အခန်းထဲမှာ ရာနဲ့ချီပြီးရှိတယ်။ ဆရာမကလည်း မလုံလောက်တော့ ကလေးတွေ ကောင်းကောင်းတော့ စာမသင်နိုင်ဘူး “ဟု အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။

ဟိုပုံးမြို့နယ်သည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်များက နည်းမျိုးစုံဖြင့် ဆန့်ကျင် ဆန္ဒ ထုတ်ဖော်နေလျက်ရှိပြီး စစ်ကောင်စီမှ ကျောင်းဖွင့်ခဲ့သော်လည်း ဆရာ၊ ဆရာမများ CDM ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...