Tuesday, January 27, 2026

ပင်းတယမြို့ပစ်ခတ်မှု PDF ရဲဘော်နှစ်ဦး ကျဆုံး

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ ရွာငယ်ရပ်ကွက် သစ်အယ်ပင်ကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF ရဲဘော်ဟု ထင်ရသည့် လူငယ်နှစ်ဦးကျဆုံးခဲ့ကာ ရုပ်အလောင်းကို စစ်ကောင်စီတို့ ယူဆောင်သွားကြောင်း သတင်းသိရသည်။

ယမန်နေ့ ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးမှ လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများအပြင် လူငယ်နှစ်ဦးလည်း ကျဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

”မနေ့ကလူငယ်နှစ်ယောက် ဆိုင်ကယ်နဲ့ ဂိတ်နားအရောက်မှာ သေနတ်အတိုနဲ့ စစ်ဆေးရေးဂိတ်က အစောင့် တွေကို ပစ်ပြီး ထွက်ပြေးတာပေါ့၊ အဲ့ဒီမှာ စစ်ကောင်စီတွေကလည်း ပြန်ပစ်တော့ သူတို့မောင်းထွက်ပြေးတာ မလွတ်လို့ ကျည်ထိတယ်၊ ပြီးတော့ အဖမ်းခံလိုက်ရတယ်” ဟု ဖြစ်စဥ်များကို သိရသည့် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို လူငယ် ၂ ဦး၏ အလောင်းကို စစ်ကောင်စီမှ ယူဆောင်သွားပြီး လက်ရှိမှာ ရင်ခွဲရုံတွင်ထားရှိကာ စစ်ကောင်စီ တပ်သားများက စောင့်ဆိုင်းနေကြောင်း သိရသည်။

“မနေ့ကကျသွားတဲ့ ကောင်လေးနှစ်ယောက်အလောင်းကို ရင်ခွဲရုံကို သယ်သွားတယ်။ မနေ့ည နဲ့ ဒီနေ့ မနက်ပိုင်းအထိတော့ အလောင်းတွေ လာလုမှာစိုးလို့ စစ်ကောင်စီတပ်သား ၃၀ ကျော်လောက် ချထားတာတွေ့ရတယ်” ဟု ပင်းတယဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သားတို့ဘက်မှ အနည်းဆုံး ၂ ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရှိသူများလည်း ရှိနေကြောင်း သတင်းသိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ ဝါဒဖြန့် People’s Voice Telegram တွင် ပင်းတယမြို့၊ ရွာငယ်ရပ်ကွက်ရှိ မြို့အဝင် စစ်ဆေးရေးဂိတ်၌ စစ်ဆေးစဉ် လူငယ်နှစ်ဦးနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အသေ ဖမ်းဆီးခဲ့ပြီး Newington NH USA ပစ္စတို တစ်လက်၊ ၉ မမကျည် ၁၀ တောင့်၊ မှတ်ပုံတင် တစ်ခုနှင့် Redmi ဖုန်း နှစ်လုံး သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။

ထိုပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ဧပြီ ၄ ရက် ညပိုင်းတွင် ရွာသစ်ရပ်ကွက်နေ လူငယ်တစ်ဦးလည်း အဖမ်းခံရသည့်အပြင် ယနေ့ မတ်လ ၅ ရက်နေ့မှာလည်း ပင်းတယမြို့ တစ်လျှောက်တွင် စစ်ကား ရဲကားများ ကင်းလှည့်သွားလာနေကြောင်း ဒေသခံများထံက သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...