ပင်းတယမြို့ပစ်ခတ်မှု PDF ရဲဘော်နှစ်ဦး ကျဆုံး

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ ရွာငယ်ရပ်ကွက် သစ်အယ်ပင်ကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF ရဲဘော်ဟု ထင်ရသည့် လူငယ်နှစ်ဦးကျဆုံးခဲ့ကာ ရုပ်အလောင်းကို စစ်ကောင်စီတို့ ယူဆောင်သွားကြောင်း သတင်းသိရသည်။

ယမန်နေ့ ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးမှ လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများအပြင် လူငယ်နှစ်ဦးလည်း ကျဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

”မနေ့ကလူငယ်နှစ်ယောက် ဆိုင်ကယ်နဲ့ ဂိတ်နားအရောက်မှာ သေနတ်အတိုနဲ့ စစ်ဆေးရေးဂိတ်က အစောင့် တွေကို ပစ်ပြီး ထွက်ပြေးတာပေါ့၊ အဲ့ဒီမှာ စစ်ကောင်စီတွေကလည်း ပြန်ပစ်တော့ သူတို့မောင်းထွက်ပြေးတာ မလွတ်လို့ ကျည်ထိတယ်၊ ပြီးတော့ အဖမ်းခံလိုက်ရတယ်” ဟု ဖြစ်စဥ်များကို သိရသည့် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို လူငယ် ၂ ဦး၏ အလောင်းကို စစ်ကောင်စီမှ ယူဆောင်သွားပြီး လက်ရှိမှာ ရင်ခွဲရုံတွင်ထားရှိကာ စစ်ကောင်စီ တပ်သားများက စောင့်ဆိုင်းနေကြောင်း သိရသည်။

“မနေ့ကကျသွားတဲ့ ကောင်လေးနှစ်ယောက်အလောင်းကို ရင်ခွဲရုံကို သယ်သွားတယ်။ မနေ့ည နဲ့ ဒီနေ့ မနက်ပိုင်းအထိတော့ အလောင်းတွေ လာလုမှာစိုးလို့ စစ်ကောင်စီတပ်သား ၃၀ ကျော်လောက် ချထားတာတွေ့ရတယ်” ဟု ပင်းတယဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သားတို့ဘက်မှ အနည်းဆုံး ၂ ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရှိသူများလည်း ရှိနေကြောင်း သတင်းသိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ ဝါဒဖြန့် People’s Voice Telegram တွင် ပင်းတယမြို့၊ ရွာငယ်ရပ်ကွက်ရှိ မြို့အဝင် စစ်ဆေးရေးဂိတ်၌ စစ်ဆေးစဉ် လူငယ်နှစ်ဦးနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အသေ ဖမ်းဆီးခဲ့ပြီး Newington NH USA ပစ္စတို တစ်လက်၊ ၉ မမကျည် ၁၀ တောင့်၊ မှတ်ပုံတင် တစ်ခုနှင့် Redmi ဖုန်း နှစ်လုံး သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။

ထိုပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ဧပြီ ၄ ရက် ညပိုင်းတွင် ရွာသစ်ရပ်ကွက်နေ လူငယ်တစ်ဦးလည်း အဖမ်းခံရသည့်အပြင် ယနေ့ မတ်လ ၅ ရက်နေ့မှာလည်း ပင်းတယမြို့ တစ်လျှောက်တွင် စစ်ကား ရဲကားများ ကင်းလှည့်သွားလာနေကြောင်း ဒေသခံများထံက သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ‌ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...