ပင်းတယမြို့ ပြည်သူ့နေအိမ် ၈ လုံးဖောက်ထွင်းခံရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်း သူခိုးများသောင်းကျန်းနေပြီး ပြည်သူ့နေအိမ် ၈ လုံး ဖောက်ထွင်း ခံနေရသော်လည်း စစ်ကောင်စီတို့မှ အရေးယူ ဖြေရှင်းခြင်း မရှိကြောင်း သတင်းသိရသည်။

ပင်းတယ

ယခု သြဂုတ် ၁၉ ရက် တစ်ရက်တည်းပင် ပင်းတယမြို့မှ ဖောက်ထွင်းခံရသည့် ပြည်သူ့ နေအိမ် ၈ လုံးအနက် သစ်အယ်ပင်ကျေးရွာမှ နေအိမ် ၂ လုံး၊ ထယ်သွန်းကျေးရွာမှ နေအိမ် ၆ လုံး ဖြစ်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတောင့်ကို ပြောသည်။

“သစ်အယ်ပင်ကျေးရွာက ဖောက်ထွင်းခံတဲ့ ပထမအိမ်မှာ မောင်းကွင်း ရွှေလက်စွပ် တစ်ကွင်းပါသွားခဲ့တယ်၊ ဒုတိယ အိမ်ကတော့ ငွေသား (၁၃) သိန်းကျော်၊ တစ်ကျပ်သားရွှေဆွဲကြိုးနဲ့ နားကပ်တစ်ရံပါသွားတယ်။ အိမ်ရှင်တွေက ခြံသွားနေတုန်း ဖောက်ခံရတာပါ” ဟု သစ်အယ်ပင်ကျေးရွာမှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

ထယ်သွန်းကျေးရွာမှာ ဖောက်ထွန်းခံရသည့် ပြည်သူ့နေအိမ်များ ၆ လုံးတွင် လက်ကိုင်ဖုန်းများ၊ မီးကြိုးများနှင့် ငွေသားများ ဖောက်ထွင်းခိုးယူခံရကြောင်း သိရပြီး စာရင်းအတိအကျမသိရှိရသေးကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒေသအတွင်းတွင် ယင်းကဲ့သို့ သူခိုးများ သောင်းကျန်းနေသော်လည်း သက်ဆိုင်ရာ တာဝန်ရှိ စစ်ကောင်စီ လုံခြုံရေးသမားများက တာဝန်ယူ ဖြေရှင်းအရေးယူပေးခြင်းမရှိကြသည့်အတွက် ပြည်သူများက အားကိုးရာမဲ့ နေကြောင်းလည်း အထက်ပါ အမျိုးသားက ပြောသည်။

“ရဲတွေ စစ်သားတွေက ရွာထဲရှိနေတောင် ဒီလို သူခိုးတွေ သောင်းကျန်းနေမှတော့ ကျနော်တို့ကို သူတို့ ဘယ်လိုကာကွယ်ပေး မလဲဆိုတာ မပြောတတ်တော့ဘူး၊ PDF နှိမ်နင်းရေးမှာသာ သူတို့လှုပ်ရှားတာ ဒေသထဲမှာ အခုလိုဖြစ်နေတာ သူတို့ဘက်ကလာပြီး စစ်ဆေးပေးတာ၊ အရေးယူပေးတာမျိုးတွေ တခါမှ မရှိဖူးဘူး” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အပါအဝင် နိုင်ငံတစ်ဝှမ်းလုံး၌ တရားဥပဒေ စိုးမိုးမှုကင်းမဲ့နေပြီး ခိုးယူလုယက်မှုများ ပေါများနေသော်လည်း စစ်ကောင်စီတို့မှ အရေးယူ ဆောင်ရွက်ခြင်းများ မရှိခဲ့ကြောင်း သိရသည်။

PDF နှိမ်နင်းရေး အကြောင်းပြပြီး စစ်ကောင်စီတို့မှ နေရာယူထားသည့် ပင်းတယမြို့သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး လက်ရှိကာလ ဓာတ်မြေဩဇာ နှင့် တခြားကုန်စျေးနှုန်းတက်မှု၊ သီးနှံစျေးနှိမ်ခံရပြီး အရှုံးပေါ်နေမှု တို့ကြောင့် စားဝတ်နေရေးကြပ်တည်းလာမှု စသည့် အခက်အခဲများအပြင် သူခိုးများ၏ ဖောက်ထွင်းခိုးမှု အန္တရာယ်များလည်း ကြုံတွေ့နေရသည့်အတွက် ဒေသခံများက စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ‌ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...