NLD ဒေါ်မမလေးနှင့် သူမ၏ သားကို ထောင်ဒဏ် (၆) နှစ်စီ ချမှတ်

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၉) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ( NLD ) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး နှင့် သူမ၏သားကို ထောင်ဒဏ် (၆) နှစ်စီ ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

ဓနုဒေသ အမျိုးသားလွှတ်တော် အမတ် ဒေါ်မမလေး

ယမန်နေ့ (စက်တင်ဘာ ၁၄)ရက် တွင် ဒေါ်မမလေး နှင့် သူမ၏ သားကို တောင်လေးလုံးထောင်ထဲရှိ တရားရုံး၌ အမှုစစ်ဆေးပြီး ထောင်ဒဏ် (၆) နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။

“ မနေ့ကမှ ပဲ ထောင်ဒဏ်ချမှတ်လိုက်တာ။ တောင်လေးလုံးထောင်ထဲမှာပဲ သူတို့က အမှုစစ်ဆေးပြီးတော့ ထောင်ဒဏ်ချမှတ်လိုက်တာ။ သူသားနဲ့အတူ တောင်လေးလုံးထောင်ထဲမှာပဲ ထားထားပြီးတော့ အမှုစစ်ခဲ့တာ။ ဘာအမှုနဲ့ ချလည်းတော့ ကျနော်လည်း အသေချာမသိရသေးဘူး” ဟု ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုအပြင် စစ်ကောင်စီ မှ ဒေါ်မမလေး၏သားဖြစ်သူ ကိုနေမျိုးထက်ကို ရိုက်နှိက်ထားပြီး အမှုစစ်ဆေးခဲ့ကြောင်း သိရသည်။

“ ဒေါ်မမလေးတော့ နှိပ်စက်ခံထားရလားတော့ မသိဘူး။ သူသားတော့ နှိပ်စက်ခံထားရတယ်။ ရိုက်ခံထားရတယ်။ ပြီးတော့ လျှပ်စစ်နဲ့ တို့ခံထားရတာတော့ သိရတယ်” ဟု ၎င်းက ဆိုသည်။

ဒေါ်မမလေးသည် သျှမ်းပြည် မဲဆန္ဒနယ် အမှတ် (၉) ဓနုဒေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မှ အနိုင်ရရှိသည့် NLD အမတ် တစ်ဦးဖြစ်သည်။

ဒေါ်မမလေးကို မေလ ၁၄ ရက် ညနေပိုင်အချိန်တွင် စစ်ကောင်စီက အင်အား ၄၀ ခန့်ဖြင်လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဒေါ်မမလေးသည် ၂၀၁၅ နှင့်၂၀၂၀ ရွေးကောက်ပွဲတွင် ဓနုဒေသ ရွာငံမြို့နယ် နှင့် ပင်းတယမြို့နယ်တို့ (၂)ကြိမ် ဆက်တိုက် အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော် အမတ်တစ်ဦးဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ‌ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...