ပင်းတယ
ပင်းတယ တောင်ကျရေကြောင့် စပါးခင်းအားလုံးနီးပါးပျက်စီး၊ နောက်နှစ် ဆန်ရှားပါးလာနိုင်
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာ အုပ်စုတွင် တောင်ကျရေကြောင့် စပါးခင်းအားလုံးနီးပါး ပျက်စီးသဖြင့် နောက်နှစ်အတွက် ဆန်ရှားပါးမှုကြုံတွေ့လာနိုင်ကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့တွင် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းကျေးရွာနှင့် အုံအက်ကျေးရွာတွင် တောင်ကျရေကြောင့် နေအိမ်နှင့် စိုက်ပျိုးထားသည့် စပါးခင်းများပျက်စီးခဲ့ပြီး လူ(၈)ဦးသေဆုံးခဲ့သည်။ ထိုတောင်ကျရေ တိုက်စားပြီးနောက် ပင်းတယ...
ပင်းတယ ရေကြီးမှုတွင် အသေပျောက်များ
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းရွာနှင့် အုံအက် ကျေးရွာတွင် တောင်ကျရေကြောင့် အသေအပျောက်ရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၃နာရီအချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေ ရုတ်တရက်ဆင်းလာကာ ချောင်းနှင့် လမ်းသင့်သည့် နေအိမ်များ ကျောက်တုံး၊ မြေခဲ များ...
၅ နှစ်ကြာရပ်နားထားသည့် ပင်းတယတပေါင်းပွဲ ပြန်လည်ကျင်းပ
Eugene -
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်တွင် ကိုဗစ်ကာလတည်းက ရပ်နားထားသည့် တပေါင်းပွဲအား ယခုနှစ်တွင်ပြန်လည်ပြုလုပ်ကျင်းပနေကြောင်း စုံစမ်းသိရှိရသည်။ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ခုနှစ်မှစတင်ပြီး ၅ နှစ်ကြာရပ်နားထားခဲ့သော ပင်းတယမြို့နယ် တပေါင်းပွဲတော်အား ယခုနှစ်မတ် ၁၀ ရက်မှ မတ် ၁၅ ရက်အတွင်း စစ်ကောင်စီမှ ဦးဆောင်၍ ပြန်လည်ကျင်းပနေကြောင်း ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “စစ်ကောင်စီအလိုကျ ပွဲကျင်းပရတာဆိုပေမယ့်၊...
ပင်းတယမြို့နယ်ရှိ ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီ တပ်စွဲနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် မိုင်းလီ ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ် လာရောက်တပ်စွဲထားကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ( ဒီဇင်ဘာလ ပထမ ပတ်) ကတည်းကစပြီး စစ်ကောင်စီ တပ် အင်အား (၁၀၀) ခန့် သည် ပင်းတယမြို့နယ် မိုင်းလီကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်...
ပင်းတယမြို့နယ်တွင် လုယက်မှုများကို ဖမ်းဆီးမှု မလုပ်နိုင်
SHAN -
သျှမ်းပြည်တောင်ပိုင်း ၊ပင်းတမြို့နယ်တွင် လုယက်မှုများကို ဖမ်းဆီးအရေးယူမှုများ မလုပ်ပေးကြောင်း ဒေသခံများထံမှ သိရသည်။ နိုင်ငံရေးမတည်ငြိမ်မှုနှင့် အလုပ်ကိုင်ရှားပါးလာမှုကြောင့် ပင်းတယမြို့နယ်တွင် ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်ခံရမှုများ မကြာခဏ ဖြစ်လာနေပြီး ထိုလုယက်မှုများကို မည်သည့် အဖွဲ့အစည်းမှ ဖြေရှင်းမှု မလုပ်ပေးကြောင်း မြို့ခံ များကပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၆) ရက်တွင် ပင်းတယ...
ပင်းတယ လက်ဖက်ဝယ်သူမဲ့ဖြစ်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ကောင်းဘိုကျေးရွာအုပ်စုတွင် လက်ဖက်လုပ်ငန်းကို အားကိုး လုပ်ကိုင်နေ သော်လည်း လက်ရှိမှာ လက်ဖက်ဝယ်သူမဲ့ဖြစ်နေကြောင်း စုံစမ်းသိရသည်။ လက်ရှိမှာ ပင်းတယမြို့နယ် ကောင်းဘို့ကျေးရွာအုပ်စုရှိ ကျေးရွာများသည် လက်ဖက်လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်နေကြပြီး လက်ဖက်ဝယ်သူမဲ့ဖြစ်ပြီး စျေးနှုန်းပါ ကျဆင်းနေကြောင်း လက်ဖက်လုပ်ကိုင်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အရင် နှစ်တွေက ရွာငံနဲ့...
ပင်းတယ အမျိုးသမီးတစ်ဦး ဓားပြတိုက် မုဒိမ်းပြုခံရပြီး ၊ ကျူးလွန်သူ ထွက်ပြေးနေ
သျှမ်းပြည် တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်မှ အမျိုးသမီးတဦး ဓားပြတိုက်ခံရသည့်အပြင် မုဒိမ်းပါ ပြုကျင်ခံရပြီး၊ ကျူးလွန်သည့် အမျိုးသား ထွက်ပြေးလွတ်မြောက်နေကြောင်း စုံစမ်းသိရသည်။ . ဖြစ်စဥ်မှာ ပြီးခဲ့သည့် သြဂုတ်လ ၃ ရက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် ပင်းတယမြို့နယ် ကျုံးရွာအုပ်စုတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် ရွာပြင်ဘက် ကျွဲသွားကျောင်းကာ...
ပင်းတယ စစ်ကောင်စီ စစ်သင်တန်းမှ ပျူစောထီးများ ထွက်ပြေး၊ သင်တန်းလည်း ပိတ်ထားရ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ်ရှိ ပျူစောထီးများကို စစ်သင်တန်းပေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့၏ စစ်သင်တန်းတွင် သင်တန်းသား ပျူစောထီးများ ထွက်ပြေးနေကြောင်း စုံစမ်းသိရသည်။ ပင်းတယမြို့နယ် အောယောရပ်ကွက်တွင် စစ်သင်တန်းပေးနေခြင်းဖြစ်ပြီး သင်တန်းလာတက်သည့် ပျူစောထီးများက ထွက်ပြေးကြသဖြင့် လက်ရှိတွင် အဆိုပါ စစ်သင်တန်းကို ပိတ်ထားရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “သင်တန်းမတက်ခင်မှာတော့...
ပင်းတယမြို့ စစ်ကောင်စီတပ်ဖွဲ့မှ ပျူစောထီးများကို စစ်သင်တန်းပေးနေ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့တို့က ပျူစောထီးများကို စစ်သင်တန်း ပေးနေကြောင်း သတင်းသိရသည်။ ပင်းတယမြို့ အောယောရပ်ကွက်တွင် စစ်သင်တန်းပေးနေခြင်း ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်သားများ က ၎င်းတို့ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ နှင့် ပျူစောထီးအဖွဲ့ဝင်များကို စစ်သင်တန်းပေးနေခြင်း ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “မနက်အစောကြီး ၅...
NLD ဒေါ်မမလေးနှင့် သူမ၏ သားကို ထောင်ဒဏ် (၆) နှစ်စီ ချမှတ်
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၉) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ( NLD ) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး နှင့် သူမ၏သားကို ထောင်ဒဏ် (၆) နှစ်စီ ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၄)ရက် တွင်...





