Wednesday, May 8, 2024

ပင်းတယ

ပင်းတယမြို့ပစ်ခတ်မှု PDF ရဲဘော်နှစ်ဦး ကျဆုံး

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ ရွာငယ်ရပ်ကွက် သစ်အယ်ပင်ကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF ရဲဘော်ဟု ထင်ရသည့် လူငယ်နှစ်ဦးကျဆုံးခဲ့ကာ ရုပ်အလောင်းကို စစ်ကောင်စီတို့ ယူဆောင်သွားကြောင်း သတင်းသိရသည်။ ယမန်နေ့ ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးမှ...

ပင်းတယမြို့တွင်း စစ်ကောင်စီတပ်သားများရှိသည့်ကြား ခိုးယူလုယူမှုပိုများလာ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်သား အများအပြားရှိနေသည့်ကြား ခိုးယူလုယူမှုလည်း ပိုများပြားလာကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ ပင်းတယမြို့နယ်အတွင်းတွင် ပြည်သူနေအိမ်များအထိ စစ်ကောင်စီ တပ်သားတို့၏ အကြမ်းဖက် ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများအပြင် ဒေသတွင်း သူခိုးများလည်း ပေါများလာသည့် အတွက် နေ့စဥ် လူနေမှုဘဝ မလုံခြုံကြောင်း...

CDM မှ NON CDM ပြန်လုပ်သည့် ပင်းတယမြို့ ဝန်ထမ်း တချို့ လစာမရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းတွင် CDM လုပ်ပြီး NON CDM ပြန်လုပ်သည့် ဌာနဆိုင်ရာဝန်ထမ်း တချို့ သည် လစာမရကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ခုနစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်မှ နိုင်ငံတော်အာဏာကို ပြန်လည်သိမ်းယူလိုက်သည့်အတွက် မြန်မာပြည်သူများသည် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန့်ကျင် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး...

Latest news