ပင်းတယ ရေကြီးမှုတွင် အသေပျောက်များ

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းရွာနှင့် အုံအက် ကျေးရွာတွင် တောင်ကျရေကြောင့် အသေအပျောက်ရှိကြောင်း စုံစမ်းသိရသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၃နာရီအချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေ ရုတ်တရက်ဆင်းလာကာ ချောင်းနှင့် လမ်းသင့်သည့် နေအိမ်များ ကျောက်တုံး၊ မြေခဲ များ ရေစီးနှင့်တူ မျောပါသွားပြီး လူ(၈)ဦးသေဆုံးကာ ပျောက်ဆုံးသူများလည်း ရှိနေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“တောင်ကျရေက လူအိပ်ချိန်ကို ရုတ်တရက်ဆင်းလာတာ မနေ့က သိကြတာ။ ကုန်းစောင်းရွာမှာ ခုထိ ရှာမတွေ့သေးတဲ့ လူလည်းရှိတယ်။ သေတာက (၈)ယောက်၊ ပျောက်နေတာ (၂)ယောက်ရှိတယ်။ အရမ်းကြောက်ဖို့ ကောင်းတယ်။ တခါမှ မဖြစ်ဖူးဘူး။ စပါးခင်းတွေလည်း အကုန်ပျက်၊ဘာမှ ရစရာမရှိတော့ဘူး။”လို့ သိမ်ကုန်းရွာဒေသခံ အသက် ၃၀ ဝန်းကျင် ရှိ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပင်းတယမြို့နယ် ကုန်းစောင်းရွာရှိ ချောင်းသည် ချောင်းခြောက်ဖြစ်ပြီး မိုးများမှသာ ရေအနည်းငယ်စီးဆင်း ကြောင်းနှင့် ယခု ဖြစ်စဉ်သည် ပထမဦးဆုံး ဖြစ်ဖူးကြောင်း ၎င်းက ဆက်ပြောသည်။

ကုန်းစောင်းရွာသည် အိမ်ခြေ ၈၀ ကျော်ရှိပြီး အိမ်ခြေ ၅၀ ကျော်သည် သိမ်ကုန်းဘုန်းကြီးကျောင်းနှင့် ကုန်းစောင်းဘုန်းကြီးကျောင်း တွင် ရှောင်တိမ်းနေရပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ လိုအပ်နေကြောင်း ၎င်းသိမ်ကုန်းဒေသခံ အမျိုးသမီးက ပြောသည်။

“ရွာမှာတော့ လာရှောင်ကြတာ ၆၀၀ လောက်ရှိတယ်။ဝါတွင်းဆိုတော့ ကန်တော့ထားတဲ့ မာမားခေါက်ဆွဲတို့ ကြက်ဥတို့နဲ့ ကျွေးထားတယ်။ကုန်းစောင်းရွာက ဘုန်းကြီးကျောင်းမှာ ရှောင်တဲ့သူတွေလည်း စားစရာရှိတော့ဘူး။ အမြန်ကယ်ဖို့ လိုနေတယ်။ အုံအက်ရွာမှာဆို အသေပျောက် အရမ်းများမယ်ထင်တယ်။ ဘာမှ အဆက်သွယ်မရ အကူညီမရောက်ဘူး။”ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ထို့အပြင် ပင်းတယ ရွှေဥမင် ဘုရား၌ မြေပြိုခြင်း ရေကြီးခြင်းတို့ကြောင့် ဈေးဆိုင်များ ပျက်စီးသွားခဲ့ပြီး ပင်းတယ-ရပ်စောက်လမ်းရှိ တံတားလည်း ကျိုးသွားကြောင်း သိရသည်။
“ဇော်ဂျီချောင်းက ရေကြီးတော့ တံတားလည်း ကျိုးသွားတာ။ ရပ်စောက်သွားမယ်ဆို သိမ်ကုန်းဘက်က လမ်းကနေ သွားမှရတော့မှာ။ စပါးခင်းတွေလည်း ပျက်သွားတာ အရမ်းများတယ်။ ဘယ်လောက်လည်း ဆိုတာတောင် မပြောပြတတ်တော့ဘူး။ အရမ်းတော့များတယ်။”လို့ ပင်းတယ မြို့ခံ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ပုံစာ-ပင်းတယမြို့နယ် ကုန်းစောင်းရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် တောင်ကျရေကြောင့် ကျောက်တုံး၊ သစ်တုံးများ ရေစီးနှင့်အတူ မျောလာသောပုံ

ထို့အပြင် ပင်းတယမြို့ ပန်းစစ်ကျေးရွာတွင်လည်း မြေပြိုသောကြောင့် လမ်းများ ပျက်စီးသွားပြီး ခြေလျင်သွားလာနေရကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ဆက်လက်ပြီး ရွာငံ-အောင်ပန်း သွားလမ်းတွင်လည်း လမ်းများ ရေတိုက်စားခံရသောကြောင့် ခရီးသွားများ နောက်ပြန်လှည့်ခဲ့ရကြောင်း ရွာငံဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနှစ်ကတော့ ကြီးတယ် ဒီလိုလမ်းပျက်သွားတဲ့အထိ မဟုတ်ဘူး။ ဒီနှစ်တော့ လမ်းပါပျက်စီးသွားတယ်။ မြင်းကျဒိုးရွာအုပ်စုက ကုန်းကြီးရွာလည်း ရေတော်တော်ကြီးနေတယ်။ စပါးတွေဆို အကုန်ပျက်ကုန်တယ်။ ဒီနှစ်က ဘာလုပ်စားလို့မရဘူး အကုန်ပျက်စီးသွားပြီ။” လို့ ၎င်း ရွာငံဒေသခံ အမျိုးသား ကဆိုသည်။

မိုးရွာသီ အတွင်း ရေကို ကျိုချက်ပြီးသောက်သုံးပါ

ယခုလက်ရှိ သျှမ်းတောင်ရှိ ကလော၊ အောင်ပန်း၊ ညောင်ရွှေ၊ ရပ်စောက်၊ ပင်းတယ ၊ရွာငံ နှင့် အင်းလေးဒေသဘက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အရေးပေါ်ကူညီများ လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်လည်း သျှမ်းတောင်အပါဝင် တစ်နိုင်ငံလုံးနီးပါး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်သူ ထောင်ချီရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...