ပင်းတယမြို့ စစ်ကောင်စီတပ်ဖွဲ့မှ ပျူစောထီးများကို စစ်သင်တန်းပေးနေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့တို့က ပျူစောထီးများကို စစ်သင်တန်း ပေးနေကြောင်း သတင်းသိရသည်။

ပင်းတယမြို့

ပင်းတယမြို့ အောယောရပ်ကွက်တွင် စစ်သင်တန်းပေးနေခြင်း ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်သားများ က ၎င်းတို့ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ နှင့် ပျူစောထီးအဖွဲ့ဝင်များကို စစ်သင်တန်းပေးနေခြင်း ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မနက်အစောကြီး ၅ နာရီလောက်ကစပြီး ဘယ်ညာအော်သံတွေ ကြားရတယ်၊ ညဘက်ဆိုလည်း သေနတ်တွေ ဖောက်ပစ်တာ ရှိတယ်၊ တက်တဲ့သူလည်း မိနစ် ၂၀ လောက်ရှိနေတယ်” ဟု အောယောရပ်ကွက်တွင် နေထိုင်သည့် အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်သင်တန်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက် ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ၏ ဝင်ထွက်သွားလာမှုကြောင့် ဒေသခံပြည်သူများအတွက် အနှောင့်အယှက်ဖြစ်သလို စိုးရိမ်စိတ်လည်း ဖြစ်စေ ကြောင်းလည်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

စစ်သင်တန်းတက်သူများတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးတပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီ လက်အောက်ခံ သတင်းပေးများပါဝင်တက်ရောက်နေပြီး သင်တန်းဆင်းများကို စစ်ဆေးရေးဂိတ်များ၌ စောင့်ခိုင်းမည်ဟုလည်း ဒေသခံများက ပြောသည်။

“အခုသတင်းသိရတာကတော့ အဲ့သင်တန်းဆင်းတွေကို စစ်ဆေးရေးဂိတ်တွေမှာ စောင့်ခိုင်းမယ်တဲ့၊ သေနတ်လည်း အပ်မယ်လို့ ပြောတယ်၊ ဒီသင်တန်းက လကုန်အထိ ဖြစ်မယ်လို့ သိရတယ်” ဟု ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ အတွင်းမှာလည်း ရွာငံမြို့နယ်အတွင်း စစ်သင်တန်းပေးမှု ရှိခဲ့ကြောင်း လည်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီမှ ပျူစောထီးများမွေးထုတ်ပြီး လက်နက်တပ်ဆင်ပေးခြင်းသည် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ဒေသခံအချင်းချင်း ရန်တိုက်ပြီး သပ်လျိုသွေးခွဲသလို ဖြစ်နေသည့်အတွက် စိုးရိမ်ရကြောင်းလည်း ဒေသခံများကပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...