ပင်းတယ အမျိုးသမီးတစ်ဦး ဓားပြတိုက် မုဒိမ်းပြုခံရပြီး ၊ ကျူးလွန်သူ ထွက်ပြေးနေ

သျှမ်းပြည် တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်မှ အမျိုးသမီးတဦး ဓားပြတိုက်ခံရသည့်အပြင် မုဒိမ်းပါ ပြုကျင်ခံရပြီး၊ ကျူးလွန်သည့် အမျိုးသား ထွက်ပြေးလွတ်မြောက်နေကြောင်း စုံစမ်းသိရသည်။

.

ဖြစ်စဥ်မှာ ပြီးခဲ့သည့် သြဂုတ်လ ၃ ရက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် ပင်းတယမြို့နယ် ကျုံးရွာအုပ်စုတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် ရွာပြင်ဘက် ကျွဲသွားကျောင်းကာ အပြန်လမ်း ပင်းတယ – ရွာငံ သွားလမ်းဘေး၌ အမျိုးသားတဦးမှ ဓားထောက်ပြီး ဓားပြတိုက်သွားသည့်အပြင် မုဒိမ်းပါ ပြုကျင့်သွားခဲ့ကြောင်း ကျူးလွန်ခံရသည့် အမျိုးသမီး နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုကိစ္စ နှင့် ပတ်သက်ပြီး ရွာလူကြီး နှင့် မြို့နယ်အုပ်ချုပ်ရေး ဝာာဝန်ရှိသူများကို တိုင်ကြားထားသော်လည်း တာဝန်ယူမှု မရှိသည့်အပြင် ကျူးလွန်သူ အမျိုးသားက ထွက်ပြေး လွတ်မြောက်နေကြောင်း သိရသည်။

“အဲ့ဒီ အမျိုးသားမျက်နှာမှာ ပုဆိုးစလို ပုဝါနဲ့ စည်းထားတယ်၊ သူမ ဝတ်ထားတဲ့ ရွှေနားကပ် နဲ့ ဆွဲကြိုးကို ဓားပြ တိုက်ယူပြီး လူကိုလည်း ဓားထောက် မုဒိမ်းပြုကျင့်သွားတာ၊ ရွာထဲပြန်ပြောရင် အိမ်ထိလာ သတ်မှာလို့ ခြိမ်းခြောက်သွားတယ်။ မိန်းကလေးလည်း မိသားစုနဲ့ တိုင်ပင်ပြီးတော့ ရွာလူကြီးကို တိုင်ထားပေမဲ့ တရားခံ ကိုတော့ မဖမ်းမိသေးဘူး” ဟု ကျူးလွန်ခံရသူ အမျိုးသမီးနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အမျိုးသမီးဆီမှ ဓားပြတိုက်ယူသွားသည့် ရွှေနားကပ်ကို ပင်းတယမြို့၊ ကျူံးစံပြကျေးရွာတွင် အမျိုးသားတစ်ဦး လာရောက်ရောင်းချသွားသည်ကို သိရကြောင်းလည်း ကျူးလွန်သူ အမျိုးသမီးနှင့် နီးစပ် သူက ဆက်ပြောသည်။

ဖြစ်စဥ်သည် ရက်ပေါင်း ၂၀ ကျော် ကြာလာခဲ့သော်လည်း ကျူးလွန်သူ တရားခံကို ဖော်ထုတ်ဖမ်းဆီး နိုင်ခြင်း မရှိသေးသည့်အပြင် ကျူးလွန်ခံရသူ အမျိုးသမီးအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အကူအညီများ လိုအပ်နေကြောင်းသိရသည်။

“ရွှေနားကပ်ကို လာရောင်းသူရဲ့ လက်မှာ ကုတ်ရာတွေ၊ ကိုက်ရာတွေ ရှိတယ်တဲ့၊ အဲ့ဒါနဲ့ ကျနော်တို့ ဒီလူကို သံသယရှိသွားပြီး လိုက်ရှာတဲ့အချိန် သူက ထွက်ပြေး လွတ်မြောက်သွားပြီ၊ ရွာလူကြီးတွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေသာ နည်းနည်း အားစိုက်ပြီး လုပ်ပေးရင် တရားခံကို မမိနိုင်စရာ အကြောင်း မရှိဘူး၊ အခုက သာမာန်ဖြစ်ရိုးဖြစ်စဥ်လို နေနေတော့ ကျနော်တို့မှာ ကိုယ့်အားကိုယ်ကိုးပြီး မတရားမှုကို ရင်ဆိုင်နေရတာ” ဟု ဆွေမျိုးတော်စပ်သူ အမျိုးသားတစ်ဦးကလည်း သျှမ်းသံတော်ဆင့် ကို ပြောသည်။

ကျူးလွန်ခံရသူ အမျိုးသမီးတွင် ရုန်းကန်မှုများကြောင့် ပွန်းပဲ့ဒဏ်ရာ၊ ညိုမဲဒဏ်ရာများရရှိသွားသည့် အပြင် လက်ရှိတွင် ကိုယ်ဝန်ရှိ၊ မရှိကိုလည်း မသိရသေးကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

လိင်ပိုင်းဆိုင်ရာ နှင့် ကျား – မ ကွဲပြားမှုပေါ် အခြေခံသည့် အကြမ်းဖက်မှုတိုးမြင့်လာကြောင်း ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေး အသင်း (SWAN ) မှ သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။

မေလ မှ ဇွန်လ အထိ ကောက်ယူထားသည့် စာရင်းအရ အိမ်တွင်းအကြမ်းဖက်မှု ၄ မှု၊ မုဒိမ်းမှု ၁၊ သက်ငယ် မုဒိမ်းမှု ၁ မှု၊ အသက်မပြည့်သေးသူ နှင့် ကာမစပ်ယှက်မှု ၁ မှု၊ မုဒိမ်းကျင့်ရန်ကြိုးစားမှု ၁ မှု နှင့် လိင်ပိုင်းဆိုင်ရာ အကြပ်ကိုင်မှု ၂ မှု ရှိလာကြောင်း SWAN ၏ ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

သက်ငယ်မုဒိမ်းကျူးလွန်သည့် ရွာငံအမျိုးသားတစ်ဉီး လွတ်မြောက်နေဆဲ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဉီးကို  မုဒိမ်းမှုကျူးလွန်ခဲ့သော အမျိုးသားတစ်ဦးကို တစ်လနီးပါးကြာသည်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ လက်ထိတ်တန်းလန်းဖြင့်...

သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ‌ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...