ပင်းတယမြို့နယ်ရှိ ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီ တပ်စွဲနေ

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် မိုင်းလီ ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ် လာရောက်တပ်စွဲထားကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။

ပြီးခဲ့သည့် ( ဒီဇင်ဘာလ ပထမ ပတ်) ကတည်းကစပြီး စစ်ကောင်စီ တပ် အင်အား (၁၀၀) ခန့် သည် ပင်းတယမြို့နယ် မိုင်းလီကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်လာရောက်စွဲပြီး ပြည်သူပိုင်ကားများကို အသုံးပြုကာ တပ်သားများကို ပို့ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် စစ်သားများသည် ကျေးရွာတွင်းရှိ ပြည်သူပိုင် ကြက်များကို အတင်းယူ၍ ချက်စားကြပြီး ရွာမှ ဘုန်းကြီးကျောင်းအတွက်လှူထားသည့် တစ်နှစ်စာ ဆန်များကို စစ်တပ်မှ စားသုံးနေကြသည်ဟု ဒေသခံ အမျိုးသာားတစ်ဦးက ပြောသည်။

“ ရွာက ဘုန်းကြီးကျောင်းမှာ စစ်သား (၁၀၀) လောက်ရှိမယ်ထင်တယ် ။တပ်စွဲနေတာ။ဘုန်းကြီးကျောင်းက တစ်နှစ်စာ အလှူခံထားတဲ့ ဆန်တွေကို သူတို့အကုန်ယူစားနေတာ။ ရွာထဲက ကြက်တွေကိုလည်း လာဖမ်းပြီးချက်စားကြတာ။ ကိုယ်က ကြောက်တော့ နှမြောလည်း ပေးလိုက်ရတယ်။” ဟု ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့် ကို ပြောသည်။

စစ်ကောင်စီတပ်

မိုင်းလီ ကျေးရွာသည် ရပ်စောက်မြို့နှင့် မိုင်( ၂၀ )ခန့်သာ ကွာဝေးပြီး စစ်တပ်ဘက်မှ ရပ်စောက်သို့ စစ်အင်အားဖြည့်တင်းချိန် ရွာသားများ၏ ကားဖြင့် လိုက်လံ မောင်းပို့ ရသည်ဟု အဆိုပါ အမျိုးသားက ထပ်လောင်း ပြောသည်။

ဒေသခံများသည် စစ်ကောင်စီတပ် လာရောက်တပ်စွဲသည့် နေ့မှ စပြီး တောင်ယာသို့ စောစောသွားပြီး နေမဝင်ခင် အရောက်ပြန်ရကြောင်း အဖော်မပါဘဲ တခြားနေရာသို့ တစ်ယောက်တည်း မသွားရဲတော့ကြောင်း အမျိုးသမီး တစ်ဦးက ပြောသည်။

“အခုဆို တောင်ယာသွားလည်း အစောပြန်ရတယ်။ တစ်ယောက်ထဲ ဟိုနားဒီနား မသွားရဲဘူး။ တစ်ခုခုဆို ကြောက်နေရတယ်။ အရင်က ဂျပန်တွေ ရွာထဲ ဝင်လာသလိုပဲ။ အကုန်ကြောက်လန့်နေရတာ။” ဟု အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်သားတွေ ရွာထဲတွင် တပ်စွဲထားတာကြောင့် ဘုန်းကြီးကျောင်းသို့မသွားဖြစ်ကြတော့ပဲ အိမ်နှင့် တောင်ယာသာလျှင် သွားလာနေကြရသည်ဟု ၎င်းက ထပ်လောင်း ပြောသည်။

လက်ရှိ ပင်းတယ မြို့နယ်တွင် စစ်ကောင်စီ ဂိတ်များတွင် စစ်ဆေးမှုတင်းကျပ်နေပြီး စစ်ကားများ မကြာခဏ ရပ်စောက်ဖက် သွားလာ နေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ‌ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...

မိုးဗြဲမြို့ နေရပ်ပြန်ပြည်သူများ စစ်တပ် သတ်မှတ်ပေးသည့် ဘုန်ကြီးကျောင်းအတွင်း နေထိုင်ရ

0
သျှမ်းပြည် မိုးဗြဲမြို့သို့ နေရပ်ပြန်‌သည့် ဒေသခံများကို စစ်ကောင်စီ သတ်မှတ်ပေးထားသည့် ဘုန်ကြီးကျောင်းအတွင်းသာ နေထိုင်ခွင့်ပြုကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် နေရပ်ပြန်သည့် ဒေသခံအချို့ကိုရပ်ကွက်အတွင်းတွင်နေထိုင်ခွင့်မပြုဘဲ စစ်ကော်မရှင် သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်းအတွင်းသာ နေထိုင်စေပြီး အပြင်ထွက်သွားလာခွင့်ကိုလည်း ကန့်သတ်ထားကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ပင်းတယတွင် အုတ်တံတိုင်းပြို  စျေးသည် အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့ မြို့မဈေးတွင် အုတ်တံတိုင်းပြိုကျသဖြင့် ဈေးသည်အမျိုးသမီးတစ်ဦး ထိခိုက် သေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယ‌မန်နေ့ မေလ ၁၂ ရက် နံနက် ၇ နာရီ ဝန်းကျင်တွင် ပင်းတယမြို့မဈေးအနောက် မြောက်ဘက် လူနေအိမ် အုတ်တံတိုင်း ပြိုကျသဖြင့် ထိုအနီးတွင်  ဈေးရောင်းနေသည့် အသက် ၆၀...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...