ပင်းတယ လက်ဖက်ဝယ်သူမဲ့ဖြစ်နေ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ကောင်းဘိုကျေးရွာအုပ်စုတွင် လက်ဖက်လုပ်ငန်းကို အားကိုး လုပ်ကိုင်နေ သော်လည်း လက်ရှိမှာ လက်ဖက်ဝယ်သူမဲ့ဖြစ်နေကြောင်း စုံစမ်းသိရသည်။

လက်ရှိမှာ ပင်းတယမြို့နယ် ကောင်းဘို့ကျေးရွာအုပ်စုရှိ ကျေးရွာများသည် လက်ဖက်လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်နေကြပြီး လက်ဖက်ဝယ်သူမဲ့ဖြစ်ပြီး စျေးနှုန်းပါ ကျဆင်းနေကြောင်း လက်ဖက်လုပ်ကိုင်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင် နှစ်တွေက ရွာငံနဲ့ ပင်းတယမြို့ထဲကလူတွေက လက်ဖက်လာဝယ်ကြတယ်။ အခုက တန်ခူးလပြီးတဲ့ နောက်လာ မဝယ်ကြဘူး။ လက်ဖက်ကလည်း ခူးပြီးသား၊ လက်ဖက်လည်းများနေတယ်။ အဓိက လက်ဖက်ပဲလုပ်တော့ ပစ်ထားလို့လည်းမရ။ လာဝယ်တဲ့ သူကလည်းမရှိဖြစ်နေတယ်” ဟု လက်ဖက်လုပ်ငန်းလုပ်ကိုင်သည့် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယခင်နှစ်များတွင် လက်ဖက် အစို တစ်ပိဿလျှင် မြန်မာကျပ်ငွေ ၃ထောင် မှ ၄ထောင်ကျပ်ထိ ရှိပြီး ယခုနှစ် မှာ တစ်ပိဿလျှင် ကျပ်ငွေ တစ်ထောင်ငါးရာကျပ် (၁၅၀၀ ကျပ် )မှ တစ်ထောင်ရှစ်ရာကျပ် (၁၈၀၀ ကျပ်)ထိ စျေးနှုန်းကျဆင်းသွားသဖြင့် လက်ဖက်လုပ်ငန်းလုပ်သူများ အရှုံးပေါ် နေကြောင်း သိရသည်။

‘’အရင်ဈေးက တစ်ပိဿာ ၃၀၀၀ ကျပ် ကနေ (၄၀၀၀)ကျပ်အထိ ရောင်းရတယ်။ ယခုဈေးက တစ်ပိဿကို (၂၀၀၀)တောင်မပေးဘူး။ အခု ဒီတိုင်းပဲထားတယ်။ ခူးပြီးလှောင်ထားနေရတယ်။ ’’ဟု ၎င်းက ဆိုသည်။

အဆိုပါလက်ဖက်များ ယခုနှစ်တွင် ကုန်ဈေးနှုန်း အဆမတန်ကျသဖြင့် လက်ဖက်စိုရောင်းသူစိုက်သူများအနေဖြင့် အခက်အခဲများစွာရှိကြောင်း လက်ဖက်စိုက်ပျိုးသူများက ပြောသည်။

ပင်းတယမြို့နယ်မှထွက်သည့် လက်ဖက်အမျိုးအစားများကို ဥရောပနိုင်ငံ ထိတင်ပို့ရောင်းချကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ လာအိုခရီးစဉ်အပြီး မြန်မာ-လာအိုနယ်စပ်ဂိတ် ပြန်ဖွင့်

0
စစ်အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် ၃ ရက်ကြာသွားပြီးနောက် မြန်မာ-လာအိုနယ်စပ် ရေကြောင်းဖြတ်သန်းမှုကို (ဇူလိုင် ၁၆ ရက်)တွင် တရားဝင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ စစ်အာဏာသိမ်း သမ္မတ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...