Tuesday, January 27, 2026

ပင်းတယ လက်ဖက်ဝယ်သူမဲ့ဖြစ်နေ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ကောင်းဘိုကျေးရွာအုပ်စုတွင် လက်ဖက်လုပ်ငန်းကို အားကိုး လုပ်ကိုင်နေ သော်လည်း လက်ရှိမှာ လက်ဖက်ဝယ်သူမဲ့ဖြစ်နေကြောင်း စုံစမ်းသိရသည်။

လက်ရှိမှာ ပင်းတယမြို့နယ် ကောင်းဘို့ကျေးရွာအုပ်စုရှိ ကျေးရွာများသည် လက်ဖက်လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်နေကြပြီး လက်ဖက်ဝယ်သူမဲ့ဖြစ်ပြီး စျေးနှုန်းပါ ကျဆင်းနေကြောင်း လက်ဖက်လုပ်ကိုင်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင် နှစ်တွေက ရွာငံနဲ့ ပင်းတယမြို့ထဲကလူတွေက လက်ဖက်လာဝယ်ကြတယ်။ အခုက တန်ခူးလပြီးတဲ့ နောက်လာ မဝယ်ကြဘူး။ လက်ဖက်ကလည်း ခူးပြီးသား၊ လက်ဖက်လည်းများနေတယ်။ အဓိက လက်ဖက်ပဲလုပ်တော့ ပစ်ထားလို့လည်းမရ။ လာဝယ်တဲ့ သူကလည်းမရှိဖြစ်နေတယ်” ဟု လက်ဖက်လုပ်ငန်းလုပ်ကိုင်သည့် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယခင်နှစ်များတွင် လက်ဖက် အစို တစ်ပိဿလျှင် မြန်မာကျပ်ငွေ ၃ထောင် မှ ၄ထောင်ကျပ်ထိ ရှိပြီး ယခုနှစ် မှာ တစ်ပိဿလျှင် ကျပ်ငွေ တစ်ထောင်ငါးရာကျပ် (၁၅၀၀ ကျပ် )မှ တစ်ထောင်ရှစ်ရာကျပ် (၁၈၀၀ ကျပ်)ထိ စျေးနှုန်းကျဆင်းသွားသဖြင့် လက်ဖက်လုပ်ငန်းလုပ်သူများ အရှုံးပေါ် နေကြောင်း သိရသည်။

‘’အရင်ဈေးက တစ်ပိဿာ ၃၀၀၀ ကျပ် ကနေ (၄၀၀၀)ကျပ်အထိ ရောင်းရတယ်။ ယခုဈေးက တစ်ပိဿကို (၂၀၀၀)တောင်မပေးဘူး။ အခု ဒီတိုင်းပဲထားတယ်။ ခူးပြီးလှောင်ထားနေရတယ်။ ’’ဟု ၎င်းက ဆိုသည်။

အဆိုပါလက်ဖက်များ ယခုနှစ်တွင် ကုန်ဈေးနှုန်း အဆမတန်ကျသဖြင့် လက်ဖက်စိုရောင်းသူစိုက်သူများအနေဖြင့် အခက်အခဲများစွာရှိကြောင်း လက်ဖက်စိုက်ပျိုးသူများက ပြောသည်။

ပင်းတယမြို့နယ်မှထွက်သည့် လက်ဖက်အမျိုးအစားများကို ဥရောပနိုင်ငံ ထိတင်ပို့ရောင်းချကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...