ပင်းတယ စစ်ကောင်စီ စစ်သင်တန်းမှ ပျူစောထီးများ ထွက်ပြေး၊ သင်တန်းလည်း ပိတ်ထားရ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ်ရှိ ပျူစောထီးများကို စစ်သင်တန်းပေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့၏ စစ်သင်တန်းတွင် သင်တန်းသား ပျူစောထီးများ ထွက်ပြေးနေကြောင်း စုံစမ်းသိရသည်။

ပင်းတယမြို့

ပင်းတယမြို့နယ် အောယောရပ်ကွက်တွင် စစ်သင်တန်းပေးနေခြင်းဖြစ်ပြီး သင်တန်းလာတက်သည့် ပျူစောထီးများက ထွက်ပြေးကြသဖြင့် လက်ရှိတွင် အဆိုပါ စစ်သင်တန်းကို ပိတ်ထားရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“သင်တန်းမတက်ခင်မှာတော့ သင်တန်းတက်ပြီးတာနဲ့ သေနတ်လည်း ပေးကိုင်မယ်လို့ ပြောပြီး စည်းရုံးထားတာပေါ့၊ ဒါပေမဲ့ သင်တန်းလည်း ပြီးရော တချို့က ရှေ့တန်းကို သွားရမယ်ဆိုတာကျတော့ ကြောက်ကြတယ်လေ။ ဒါကြောင့် တချို့က ထွက်ပြေးကြတာ” ဟု ဖြစ်စဥ်ကို သိရှိရသည့် ပင်းတယမြို့မှ အသက် ၃၀ နီးပါးရှိ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ၏ ပျူစောထီး စစ်သင်တန်းကို တက်ရောက်သူများသည် ၎င်းတို့ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ နှင့် ပျူစောထီးအဖွဲ့ဝင်များ ဖြစ်ကြောင်း သိရသည်။

ပင်းတယမြို့မှ စစ်ကောင်စီတပ်ဖွဲ့တို့၏ ပျူစောထီး စစ်သင်တန်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက် မှ စတင်လာခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် သင်တန်းပြန်လည် ပိတ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပျူစောထီး စစ်သင်တန်း ဖွင့်လှစ်စဥ်ကာလအတွင်းတွင် စစ်သားများ၏ ဝင်ထွက်သွားလာမှုကြောင့် ဒေသခံ ပြည်သူများအတွက် အနှောင့်အယှက်ဖြစ်သလို စိုးရိမ်စိတ်လည်း ဖြစ်စေ ကြောင်းလည်း အောယော ရပ်ကွက်နေ အမျိုးသမီး တစ်ဉီးက ပြောသည်။

“နံနက်အစောကြီး ၅ နာရီလောက်ကစပြီး ဘယ်ညာအော်သံတွေ ကြားရတယ်၊ ညဘက်ဆိုလည်း သေနတ်တွေ ဖောက်ပစ်တာ ရှိတယ်၊ တက်တဲ့သူလည်း အယောက် ၂၀ လောက်ရှိနေတယ်၊ အခုတော့ ပိတ်သွားပြီ၊ နားအေးတာပေါ့” ဟု အထက်ပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီမှ ပျူစောထီးများ မွေးထုတ်ပြီး လက်နက်တပ်ဆင်ပေးခြင်းသည် ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့နှင့် ဒေသခံ အချင်းချင်း ရန်တိုက်ပြီး သပ်လျိုသွေးခွဲသလို ဖြစ်နေသည့်အတွက် စိုးရိမ်ရကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ အတွင်းမှာလည်း ရွာငံမြို့နယ်အတွင်း စစ်သင်တန်းပေးမှု ရှိခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင်လည်း သျှမ်းပြည် တောင်ကြီး ခရိုင်ရှိ ပင်လောင်းမြို့နယ်ထဲက လုံးပျဉ်ရွာ၊ တောင်မဲသင်းရွာ၊ မြောက်စလုံး၊ တောင်စလုံး၊ နမ့်နိမ့်ရွာ နှင့် ပင်လုံရွာတို့၏ အနီးနားတဝိုက်၌ စစ်ကောင်စီ နှင့် ဒေသခံ PDF တို့က ထိတွေ့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး အဆိုပါ တိုက်ပွဲ၌ ပျူစောထီးများ ပါဝင်နေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ‌ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...