၅ နှစ်ကြာရပ်နားထားသည့် ပင်းတယတပေါင်းပွဲ ပြန်လည်ကျင်းပ

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်တွင် ကိုဗစ်ကာလတည်းက ရပ်နားထားသည့် တပေါင်းပွဲအား ယခုနှစ်တွင်ပြန်လည်ပြုလုပ်ကျင်းပနေကြောင်း စုံစမ်းသိရှိရသည်။ 

ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ခုနှစ်မှစတင်ပြီး ၅ နှစ်ကြာရပ်နားထားခဲ့သော ပင်းတယမြို့နယ် တပေါင်းပွဲတော်အား ယခုနှစ်မတ် ၁၀ ရက်မှ မတ် ၁၅ ရက်အတွင်း စစ်ကောင်စီမှ ဦးဆောင်၍ ပြန်လည်ကျင်းပနေကြောင်း ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

“စစ်ကောင်စီအလိုကျ ပွဲကျင်းပရတာဆိုပေမယ့်၊ ဒေသခံတွေရဲ့ ဆန္ဒလည်းပါဝင်ပါတယ်၊ ပင်းတယတပေါင်းပွဲကျင်းပတာနဲ့ပတ်သက်ပြီး ဓနုလူမျိုးတွေကို အမုန်းမပွားစေချင်ပါဘူး၊ ၅ နှစ်နေပြီးမှ ပြန်လည်ကျင်းပရတဲ့ ပွဲမို့လို့ ပျော်ပါစေဗျ” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံ‌တော်ဆင့်သို့ ပြောသည်။

ပင်းတယ တပေါင်းပွဲဆိုသည်မှာ နှစ်စဉ်နှစ်တိုင်း မတ်လရောက်သည့်အခါ တောင်သူများမှ ကောက်ရိတ်သိမ်းပွဲတော်ကျင်းပကြပြီး ကောက်ရိတ်သိမ်းရောင်းချရသည့်ငွေများကို လှူဒါန်းရာမှဖြစ်ပေါ်လာသော ပွဲတော်တစ်ခုဖြစ်သည်။

တပေါင်းပွဲ

ပွဲတော်အတွင်း ဒေသထွက်အစားအသောက်၊ ကုန်ပစ္စည်းများ၊ ဈေးဆိုင်များအပြင် ရိုးရာအားကစားပွဲ၊ စတိတ်ရှိုးနှင့် ဇာတ်ပွဲများအား ထည့်သွင်းပြုလုပ်လေ့ရှိပြီး ၂၀၂၀ ကိုဗစ်ကပ်ရောဂါကာလစတင်သည့်အချိန်တွင် ပွဲတော်ကျင်းပမှုအား ရပ်နားထားခဲ့ခြင်းဖြစ်သည်။ 


“၂ ရက်ရှိပြီ လုပ်နေတာတော့၊ ပွဲကမဖြစ်တာလည်းကြာပြီဆိုတော့ ဒေသခံတွေကလည်း ရိုးရာဓလေ့ကိုမပျောက်အောင်လုပ်တာလည်း ပါတာပေါ့၊ ခေတ်က မကောင်းတော့ ဟိုးအရင်တုန်းကလိုတော့ မစည်တော့ဘူး ဆိုင်ခန်းကြဲကြဲနဲ့ လုပ်ကြတယ်” ဟု ပင်းတယမြို့နယ်တွင် နေထိုင်သည့် လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ 

နှစ်စဉ်မတ်လရောက်သည့်အခါတိုင်း တပေါင်းပွဲတော်အား သျှမ်းပြည်အနှံ့မြို့နယ်အများအပြားတွင် ကျင်းပလေ့ရှိကြသည်။ ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုများကြောင့် ပွဲတော်များမှာလည်း တဖြည်းဖြည်းနှင့် စည်ကားမှုမရှိတော့ဘဲ ခြောက်ကပ်လာလျက်ရှိသည်။ 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လတွင်လည်း သျှမ်းပြည်၊ မိုင်းကိုင်မြို့နယ် မွေတော်စေတီတွင် နှစ်စဉ်နှစ်တိုင်းစည်ကားစွာကျင်းပလျက်ရှိသည့် တပေါင်းပွဲတော်အား လက်နက်ကိုင်များမှ စစ်သားစုဆောင်းမှုနှင့် နိုင်ငံရေး မတည်ငြိမ်မှု၊ တိုက်ပွဲဖြစ်ပွားမှုတို့ကြောင့် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမရှိကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ‌ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...