ပင်းတယစစ်ရှောင်များ စား၀တ်နေရေး ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် မိုးရာသီရောက်ရှိလာသဖြင့် စား၀တ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းသိရသည်။

ပင်းတယ

စစ်ကောင်စီတို့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ပင်းတယမြို့ပေါ်ရောက်ရှိနေသည့် စစ်ဘေးရှောင် ၂၅၀ ကျော်သည် မိုးရာသီကာလအတွင်း ဆေး၀ါး၊ ရေလှဲ၀တ် နှင့် အမျိုးသမီး လစဥ်သုံးများ အရေးပေါ် လိုအပ်နေသည် ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အသက်(၃၀) အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“အမျိုးသမီးတွေအတွက် ပိုပြီးခက်ခဲနေတဲ့ အနေအထားရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် မိုးရာသီလည်း ရောက်လာတော့ သူတို့မှာ လဲဝတ်ဖို့ အဝတ်အစားတွေလည်း လုံလုံလောက်လောက်မရှိကြဘူး၊ လစဥ်သုံး ပစ္စည်းတွေလည်း လုံလောက်မှု မရှိဘူး၊ အလှူရှင်များ စေတနာရှင်များကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါ တယ်” ဟု ၎င်းက ပြောသည်။

ပင်းတယမြို့ပေါ်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် အောင်ခြင်းတောရကျောင်း၌ ခိုလှုံနေရပြီး အမျိုးသမီးများ အနေဖြင့် ၇၅ ဦး ဝန်းကျင် ခန့်ရှိနေပြီး၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြောင်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် လက်ရှိတွင် ရွာငံဘက်မှ စစ်ရှောင်များ စုစုပေါင်း ၈၀၀ ဝန်းကျင်ခန့်ရှိနေပြီး ပင်းတယမြို့ပေါ်မှ ၂၅၀ နှင့် တချို့ သော စစ်ရှာင်များက အနီးပတ်ဝန်းကျင်များသို့ထွက်ပြေးတိမ်းရှောင်နေရသလို တချို့လည်း တောထဲမှာ ရှိနေကြောင်း ရွာငံမြို့ ဒေသခံအမျိုးသားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တချို့က ဒီနီးနားမြို့က ဘုန်းကြီးကျောင်းတွေ အမျိုးအိမ်တွေဘက် တိမ်းရှောင်သွားကြသလို တချို့လည်း တောထဲမှာပဲ ရှောင်တိမ်းနေရတဲ့ပြည်သူတွေရှိပါတယ်၊ သူတို့အတွက် မိုးကာတွေ စားဝတ်နေရေး အခက်အခဲရှိနေကြတာ”ဟု အထက်ပါ လူငယ်က ပြောသည်။

စစ်ကောင်စီတပ်သားနှင့် ပျူစောထီးတို့ ပူးပေါင်းပြီး ရွာငံမြို့ထဲရှိ မြို့ရွာများအတွင်း ထိုးစစ်ဆင် တိုက်ခိုက်မှု ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ရွာငံဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများက နွားဘန်းကြီးကျေးရွာ၊ လယ်ကိုင်းကျေးရွာ၊ လွှစင်ကျေးရွာ၊ ပဲရင်းတောင်ရွာတို့မှဖြစ်ပြီး ယင်းဒေသများတွင် စစ်ကောင်စီတို့ မီးရှို့ဖျက်စီးလိုက်သည့် ပြည်သူ့နေအိမ်များလည်း များစွာရှိနေကြောင်း သိရသည်။

စစ်တပ်အခြေစိုက်လှုပ်ရှားမှု မရှိသော်လည်း တော်လှန်ရေးလှုပ်ရှားမှု အားကောင်းလာနေသည့် ရွာငံမြို့နယ် ကို စစ်တပ်မှအင်အားအများအပြား အသုံးချကာ အကြမ်းဖက်နှိမ်နင်းနေသည့်အတွက် ယနေ့အချိန်ထိ ဒေသခံ PDF ရဲဘော် ၄ ဦးကျဆုံးကာ စစ်ကောင်စီဖက်မှ ၁၁ ဦး ထက်မနည်းသေဆုံးထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...