ပင်းတယမြို့တွင်း စစ်ကောင်စီတပ်သားများရှိသည့်ကြား ခိုးယူလုယူမှုပိုများလာ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်သား အများအပြားရှိနေသည့်ကြား ခိုးယူလုယူမှုလည်း ပိုများပြားလာကြောင်း သတင်းသိရသည်။

ပင်းတယ

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ ပင်းတယမြို့နယ်အတွင်းတွင် ပြည်သူနေအိမ်များအထိ စစ်ကောင်စီ တပ်သားတို့၏ အကြမ်းဖက် ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများအပြင် ဒေသတွင်း သူခိုးများလည်း ပေါများလာသည့် အတွက် နေ့စဥ် လူနေမှုဘဝ မလုံခြုံကြောင်း ဒေသခံများက ပြောသည်။

“စိတ်လုံခြုံမှု မရှိတာတော့ အမှန်ပဲ၊ ပြီးတော့ ည ည ဆိုလည်း ကောင်းကောင်းမအိပ်ရဘူး၊ အရင်က စစ်ကောင်စီ တွေ လာနှောင့်ယှက်မှာ ကြောက်နေရတာက တစ်မျိုး၊ အခုက ကိုယ့်အိမ် ကိုယ့်ပစ္စည်း သူများလာခိုးသွားမှာကို စိုးရိမ်နေရတယ်” ဟု ပင်းတယမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပင်းတယမြို့နယ်အတွင်း သူခိုးများ လုယက်ပေါများမှုကြောင့် အမျိုးသမီးများအတွက်လည်း သွားလာရေး အတွက် အခက်အခဲများ ရှိနေကြောင်း ပင်းတယမြို့နယ်မှ မချို က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လမ်းတစ်လျှောက်လုံး မြို့ဝင်၊ မြို့ထွက်နေရာတိုင်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေ ရှိနေပေမဲ့ နေရာတိုင်းမှာ ရှိနေတယ်၊ အမျိုးသမီးတစ်ယောက်အနေနဲ့ လမ်းသွားလမ်းလာဖို့ရော ညအိပ်ညနေဖို့ရော အရမ်းကို ခက်ခဲတယ်၊ လုံခြုံမှု မရှိသလို ခံစားနေရတယ်၊ ကျမတို့ဆို လမ်းသွားလမ်းလာဖို့ အတော်စဥ်းစားနေရတယ်” ဟု မချိုက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ပင်းတယမြို့နယ်ထဲတွင် စစ်ကောင်စီတပ်တို့၏ စစ်ဆေးရေးဂိတ်များနှင့် မြို့တွင်းအင်အား ဖြန့်ကျက်ထား သော်လည်း နေအိမ်နှင့် ဆိုင်ခန်းများ ဖောက်ထွင်းမှုအထိ သူခိုးနှင့် လုယက်သူများက တစ်နေ့ထက်တစ်နေ့ ပေါများလာကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် နိုင်ငံတဝန်းလုံး၌ ခိုးဆိုးလုယက်မှုများ ပေါ်ပေါ်ထင်ထင် သောင်းကျန်းလာနေသော်လည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က အရေးယူဖမ်းဆီးခြင်းမရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ‌ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ပင်းတယတွင် အုတ်တံတိုင်းပြို  စျေးသည် အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့ မြို့မဈေးတွင် အုတ်တံတိုင်းပြိုကျသဖြင့် ဈေးသည်အမျိုးသမီးတစ်ဦး ထိခိုက် သေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယ‌မန်နေ့ မေလ ၁၂ ရက် နံနက် ၇ နာရီ ဝန်းကျင်တွင် ပင်းတယမြို့မဈေးအနောက် မြောက်ဘက် လူနေအိမ် အုတ်တံတိုင်း ပြိုကျသဖြင့် ထိုအနီးတွင်  ဈေးရောင်းနေသည့် အသက် ၆၀...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...