Wednesday, January 28, 2026

ပင်းတယမြို့တွင်း စစ်ကောင်စီတပ်သားများရှိသည့်ကြား ခိုးယူလုယူမှုပိုများလာ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်သား အများအပြားရှိနေသည့်ကြား ခိုးယူလုယူမှုလည်း ပိုများပြားလာကြောင်း သတင်းသိရသည်။

ပင်းတယ

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ ပင်းတယမြို့နယ်အတွင်းတွင် ပြည်သူနေအိမ်များအထိ စစ်ကောင်စီ တပ်သားတို့၏ အကြမ်းဖက် ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများအပြင် ဒေသတွင်း သူခိုးများလည်း ပေါများလာသည့် အတွက် နေ့စဥ် လူနေမှုဘဝ မလုံခြုံကြောင်း ဒေသခံများက ပြောသည်။

“စိတ်လုံခြုံမှု မရှိတာတော့ အမှန်ပဲ၊ ပြီးတော့ ည ည ဆိုလည်း ကောင်းကောင်းမအိပ်ရဘူး၊ အရင်က စစ်ကောင်စီ တွေ လာနှောင့်ယှက်မှာ ကြောက်နေရတာက တစ်မျိုး၊ အခုက ကိုယ့်အိမ် ကိုယ့်ပစ္စည်း သူများလာခိုးသွားမှာကို စိုးရိမ်နေရတယ်” ဟု ပင်းတယမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပင်းတယမြို့နယ်အတွင်း သူခိုးများ လုယက်ပေါများမှုကြောင့် အမျိုးသမီးများအတွက်လည်း သွားလာရေး အတွက် အခက်အခဲများ ရှိနေကြောင်း ပင်းတယမြို့နယ်မှ မချို က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လမ်းတစ်လျှောက်လုံး မြို့ဝင်၊ မြို့ထွက်နေရာတိုင်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေ ရှိနေပေမဲ့ နေရာတိုင်းမှာ ရှိနေတယ်၊ အမျိုးသမီးတစ်ယောက်အနေနဲ့ လမ်းသွားလမ်းလာဖို့ရော ညအိပ်ညနေဖို့ရော အရမ်းကို ခက်ခဲတယ်၊ လုံခြုံမှု မရှိသလို ခံစားနေရတယ်၊ ကျမတို့ဆို လမ်းသွားလမ်းလာဖို့ အတော်စဥ်းစားနေရတယ်” ဟု မချိုက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ပင်းတယမြို့နယ်ထဲတွင် စစ်ကောင်စီတပ်တို့၏ စစ်ဆေးရေးဂိတ်များနှင့် မြို့တွင်းအင်အား ဖြန့်ကျက်ထား သော်လည်း နေအိမ်နှင့် ဆိုင်ခန်းများ ဖောက်ထွင်းမှုအထိ သူခိုးနှင့် လုယက်သူများက တစ်နေ့ထက်တစ်နေ့ ပေါများလာကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် နိုင်ငံတဝန်းလုံး၌ ခိုးဆိုးလုယက်မှုများ ပေါ်ပေါ်ထင်ထင် သောင်းကျန်းလာနေသော်လည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က အရေးယူဖမ်းဆီးခြင်းမရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...