ပင်းတယ တက္ကသိုလ်ကျောင်းတက်သူများ ကြိုတင်မဲမထည့်လျှင် စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့တွင် စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးတို့က တက္ကသိုလ်ကျောင်းသားများ မဲမထည့်လျှင် စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်ပြီး ကြိုတင်မဲ ထည့်ခိုင်းနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၆) ရက်တွင် တက္ကသိုလ်ကျောင်းတက်နေသူများ၊ မသန်စွမ်းများ၊ ကျန်းမာရေးမကောင်းသူများ နှင့် သက်ကြီးရွယ်အိုများကို စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများက မဖြစ်မနေမဲထည့်ကြရန် သွယ်ဝိုက်နည်းဖြင့် ဖိအားပေးနေကြောင်း သိရသည်။

“မနေ့ကနဲ့ ဒီနေ့ ကြိုတင်မဲထည့်ရတယ်။ တိုက်ရိုက်ဖိအားပေးတာမျိုး မရှိပေမဲ့ မဲစာရင်းကြည့်ပြီးရင် ရပ်ကွက်ရုံးမှာ လက်မှတ်ထိုးခိုင်းတယ်၊ ကျောင်းသားတွေဆိုရင်လည်း မဲမထည့်ရင် စစ်မှုထမ်းရမယ်လို့ ပြောတော့ ကြောက်ကြောက်နဲ့ ကြိုတင်မဲထည့်ရတယ်၊ သူတို့က သွယ်ဝိုက်တဲ့ နည်းနဲ့ ဖိအားပေးတော့ မထည့်ချင်လည်း နောက်ဆက်တွဲတွေ ရှိလာနိုင်လို့ သွားထည့်ကြတယ်။”ဟု ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ပင်းတယမြို့တွင် ကြံ့ခိုင်ရေးပါတီ (USDP)၊ ပြည့်သူ့ရှေ့ဆောင် ပါတီ နှင့် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) တို့ရှိပြီး မဲဆွယ်စည်းရုံးမှုများကို လက်ကမ်းစာစောင်များ ဝေခြင်း၊ ဆိုင်းဘုတ်ထောင်ခြင်းများဖြင့် စည်းရုံးမှုရှိကြောင်း ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီး ပင်းတယမြို့နယ်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စိတ်ဝင်စားသူနည်းပါးပြီး မဲမပေးလျှင် အာဏာပိုင် အဖွဲ့စည်းများက အန္တရာယ်ပြုလာမည် စိုးရိမ်သောကြောင့် မဲထည့်ကြရမည် ဖြစ်ကြောင်း သိရသည်။

“မဲဘယ်လို ပေးရမလဲဆိုတောင် မသိကြဘူး။ ဘယ်သူတွေဝင်ပြိုင်ကြမှန်းလည်း မသိကြဘူး။ မဲစာရင်းကလည်း ရပ်ကွက်ရုံးက ခေါ်လို့ သွားကြည့်တာ ဒေသခံတွေတော့ စိတ်မဝင်စားကြဘူး။ တချို့ကြတော့လည်း ရွေးကောက်ပွဲပြီးရင် အပြောင်းလဲ ဖြစ်လာနိုင်မလား မျှော်လင့်နေတဲ့သူ ရှိတယ်။ မဲမပေးရင် အန္တရာယ်ပြုခံရမှာကို ကြောက်ကြတယ်။”ဟု ပင်းတယ မြို့ခံ အသက် ၃၀ ကျော်အမျိုးသားတစ်ဦးက ပြောသည်။

ကြိုတင်မဲ ထည့်မည့်သူများနှင့် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မဲထည့်မည့် သူများကို မှတ်ပုံတင်ယူလာခိုင်း၍ စာသင်ကျောင်းများတွင် မဲသွားထည့်ရမည် ဖြစ်ပြီး ပညာရေးဝန်ထမ်းများက မဲရုံစောင့်ရမည်ဟု အဆိုပါ အမျိုးသားက ထပ်လောင်းပြောသည်။

စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲပြီးလျှင် မည်သည့် အပြောင်းလဲကိုမျှ မမျှော်လင့်ထားကြောင်းနှင့် စစ်ကော်မရှင်တပ်မှ အလိုအလျောက် မဲနိုင်နေပြီဖြစ်၍ ဒေသတွင်း လောင်းကစားများ၊ ခိုးဆိုးလုယက်မှုများအပြင် ဒုစရိုက်မှုများလာနိုင်ကြောင်း ဒေသခံများက ၎င်းတို့၏ ထင်မြင်ချက်ကို ပြောသည်။

ယခုလက်ရှိ ပင်းတယမြို့နယ်တွင် မဲရုံ ၄၉ ရုံ၊ ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၇ အုပ်စု၊ တို့ရှိပြီး မဲစာရင်းအရ ၆၅၅၃၅ ဦးရေရှိ၍ ကြိုတင်မဲပေးသူ ၁၁၀၀ ဦးရေရှိကြောင်း ပင်းတယမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးထံမှသိရသည်။

မနက်ဖန် ဒီဇင်ဘာလ (၂၈)ရက်တွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ပထမသုတ်တွင် သျှမ်းပြည်နယ်မှ တောင်ကြီး၊ ပင်းတယမြို့နယ်၊ ဟိုပုံးမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ တာချီလိတ်မြို့၊ နမ့်စန်မြို့နယ်၊ မူဆယ်မြို့၊ မိုင်းဆတ်၊ လားရှိုး၊ လင်းခေး စသည့် (၁၂)မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ‌ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...