ရွာငံနှင့် ပင်းတယ ဒေသခံများကို စစ်ကော်မရှင်တပ်က အလှည့်ကျ ကင်းစောင့်ခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် အတွင်းရှိ ကျေးရွာများတွင် စစ်ကော်မရှင်တပ်သားများ ဝင်ရောက်တပ်စွဲထားပြီး ဒေသခံများကို အလှည့်ကျ ကင်းစောင့်ခိုင်းထားကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ရွာငံမြို့နယ် လင်းဝေးကျေးရွာအုပ်စု၊ တပင်ပျော်ကျေးရွာအုပ်စု၊ ကျောက်ငှက်ကျေးရွာအုပ်စုနှင့် ကျန်တောကျေးရွာအုပ်စုတို့တွင် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တပ်စွဲထားပြီး ဒေသခံများကို ကင်းတဲ လိုက်လံဆောက်ခိုင်းသည့်အပြင် အလှည့်ကျ ကင်းစောင့်ခိုင်းနေကြောင်း ဒေသခံများက ပြောသည်။

“ရွာတိုင်းလိုလို ကင်းတဲ ဆောက်ခိုင်းတာ၊ ရွာပတ်ပတ်လည်မှာ ၄ ခု ၅ ခုလောက်ကို ဆောက်ပေးရတာ။ ထင်တာက သူတို့စောင့်မယ်ထင်တာ၊ ရွာသားတွေ စောင့်ဖို့ဖြစ်နေတာ။ အလှည့်ကျ သွားစောင့်ရတာ၊ ရွာထဲမှာလည်း စစ်သားတွေရှိတယ်။ သူတို့ကို ကြောက်နေရတယ်” ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ ဒုတိယပိုင်း၌ ရွာငံမြို့နယ်လည်း ပါဝင်နေသောကြောင့် စစ်ကော်မရှင်ဘက်က စစ်ဆေးမှုများ တင်းကြပ် ထားကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ပထမပိုင်းတွင် ပင်းတယမြို့နယ် ပါဝင်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ပါတီ အပါအဝင် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) တို့က အပြိုင်အဆိုင် မဲဆွယ်နေကြောင်း သိရသည်။

ထို့အပြင် စစ်ကော်မရှင်တပ်ကလည်း မဲနယ်တောင်ဒေသ၊ တောင်ပေါ်ကြီးကျေးရွာအုပ်စု၊ မိုင်းလီကျေးရွာအုပ်စု တို့တွင် အင်အားအလုံးအရင်းနှင့် တပ်စွဲထားပြီး ဒေသခံများကို အလှည့်ကျ ကင်းစောင့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

“မြို့နဲ့နီးတဲ့ ရွာတွေတော့ စစ်တပ်က တပ်မစွဲဘူး။ ဒီတောတောင်နဲ့ နီးတဲ့ ရွာတွေကို အဓိက တပ်စွဲတာ။ တော်လှန်ရေးတပ်တွေ ရှိနိုင်မယ့် တောတောင်က ရွာတွေ ပိုတပ်စွဲတယ်။ ညဆိုလည်း ကျနော်တို့ ရွာသားတွေ အလှည့်ကျ ကင်းစောင့်ရတယ်။ တချို့နေရာက စစ်သားတွေရော ရွာသားတွေကော ပါတယ်” ဟု ပင်းတယ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်သည် ရွေးကောက်ပွဲ အကောင်အထည် ဖော်နိုင်ရေးအတွက် ပြည်သူများကို ဖိအားပေး ခြိမ်းခြောက်မှုများ မကြာခဏ ပြုလုပ်မှုရှိကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ယခုလက်ရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က အင်အားအလုံးအရင်းဖြင့် ကျေးရွာများတွင် ဝင်ရောက်တပ်စွဲထားပြီး စစ်ဆေးရေးဂိတ်များ တိုးချထားခြင်း၊ တောတောင်ဘက်သို့ မကြာခဏ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ထိုသို့ စစ်ကော်မရှင်တပ် အစစ်အဆေး တင်းကြပ်ထားသည့်ကြားမှ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ စစ်ကော်မရှင် လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဦးဝင်းမြင့်နှင့် ၎င်း၏လက်အောက်ငယ်သား တစ်ဦးတို့ကို ဓနုပြည်နယ်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (DSNDA) က ပစ်ခတ်ခဲ့ရာ သေဆုံးသွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...