Friday, April 19, 2024

ဆိုင်ကယ်လုသူကို ခုခံရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရ

Must read

မြန်မာ – ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ( ဧပြီ ၅) ရက် နံနက် ၁ နာရီတွင် အုပ်စုဖွဲ့ ဆိုင်ကယ်လုသူများကို ပြန်ခုခံရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရကြောင်း သတင်းရရှိသည်။

ဓားထိုးခံရသည့်လူငယ်

ဖြစ်စဥ်မှာ ယနေ့ (ဧပြီ ၅) ရက် နံနက် ၁ နာရီတွင် တာချီလိတ်မြို့ ပါလျှံ ၂ ရပ်ကွက် ရုံးအနီးတွင် အုပ်စုဖွဲ့ လုယက်သူများသည် အသက် ၂၅ နှစ် အရွယ်ရှိ ကိုဟန်လင်းစိုး ၏ ဆိုင်ကယ်ကို လုယက်ရာ ၎င်းမှ ပြန်လည်ခုခံသဖြင့် ဓားဖြင့် ထိုးသွားကြောင်း ဦးလှမိုး ပရဟိတ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အုပ်စုဖွဲ့ လုယက်တဲ့သူတွေက ကိုဟန်လင်းစိုး စီးလာတဲ့ ဆိုင်ကယ်ကို ဝင်လုတာ၊ အဲ့မှာ ပြန်ခုခံရင်း ဗိုက်ကို ဓားထိုးခံ လိုက်ရတာ။ ဆိုင်ကယ်တော့ မပါသွားဘူး” လို့ ၎င်းက ပြောသည်။

လက်ရှိမှာ ဓားထိုးခံရသည့် ကိုဟန်လင်းစိုးကို တာချီလိတ်ပြည်သူ့ဆေးရုံကြီးမှ ရှေ့ဆောင်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရသည်။

ဓားထိုးခံရသည့် လူငယ်

တာချီလိတ်မြို့သည် ထိုင်း – မြန်မာ နယ်စပ်မြို့ဖြစ်ပြီး ၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးဝါးများပေါများလာသည့် မြို့တခုဖြစ်လာကာ တခြားဒေသမှ ရွှေ့ပြောင်းနေထိုင် အလုပ်လာလုပ်သူများလည်း များလာသည့် မြို့ဖြစ်သည်။

“ ဒီမှာ က လူမျိုးစုံ၊ စရိုက်စုံတဲ့ ဒေသဖြစ်တယ်။ နောက်ပြီး လောင်းကစားရော မူးယစ်ဆေးရောပေါတဲ့နေရာပေါ့။ လုယက်မှုတွေ ခိုးမှုတွေက နေ့တိုင်းရှိတယ်။ ညအပြင်သွားရင် သတိတော့ ထားရတယ်” လို့ တာချီလိတ်မြို့တွင် နေထိုင်သည့် အသက် ၅၀ အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

တာချီလိတ်မြို့တွင် လုယက်မှု၊ ခိုးမှုများ နေ့စဥ်နဲ့အမျှ ရှိသဖြင့် အပြင်သွားလာပါက သတိ ဝီရိယ ရှိရန်လည်း ၎င်းက တိုက်တွန်းပြောဆိုလိုက်သည်။

Leave a Comments

- Advertisement -spot_img

Latest article