ဆိုင်ကယ်လုသူကို ခုခံရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရ

မြန်မာ – ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ( ဧပြီ ၅) ရက် နံနက် ၁ နာရီတွင် အုပ်စုဖွဲ့ ဆိုင်ကယ်လုသူများကို ပြန်ခုခံရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရကြောင်း သတင်းရရှိသည်။

ဓားထိုးခံရသည့်လူငယ်

ဖြစ်စဥ်မှာ ယနေ့ (ဧပြီ ၅) ရက် နံနက် ၁ နာရီတွင် တာချီလိတ်မြို့ ပါလျှံ ၂ ရပ်ကွက် ရုံးအနီးတွင် အုပ်စုဖွဲ့ လုယက်သူများသည် အသက် ၂၅ နှစ် အရွယ်ရှိ ကိုဟန်လင်းစိုး ၏ ဆိုင်ကယ်ကို လုယက်ရာ ၎င်းမှ ပြန်လည်ခုခံသဖြင့် ဓားဖြင့် ထိုးသွားကြောင်း ဦးလှမိုး ပရဟိတ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အုပ်စုဖွဲ့ လုယက်တဲ့သူတွေက ကိုဟန်လင်းစိုး စီးလာတဲ့ ဆိုင်ကယ်ကို ဝင်လုတာ၊ အဲ့မှာ ပြန်ခုခံရင်း ဗိုက်ကို ဓားထိုးခံ လိုက်ရတာ။ ဆိုင်ကယ်တော့ မပါသွားဘူး” လို့ ၎င်းက ပြောသည်။

လက်ရှိမှာ ဓားထိုးခံရသည့် ကိုဟန်လင်းစိုးကို တာချီလိတ်ပြည်သူ့ဆေးရုံကြီးမှ ရှေ့ဆောင်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရသည်။

ဓားထိုးခံရသည့် လူငယ်

တာချီလိတ်မြို့သည် ထိုင်း – မြန်မာ နယ်စပ်မြို့ဖြစ်ပြီး ၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးဝါးများပေါများလာသည့် မြို့တခုဖြစ်လာကာ တခြားဒေသမှ ရွှေ့ပြောင်းနေထိုင် အလုပ်လာလုပ်သူများလည်း များလာသည့် မြို့ဖြစ်သည်။

“ ဒီမှာ က လူမျိုးစုံ၊ စရိုက်စုံတဲ့ ဒေသဖြစ်တယ်။ နောက်ပြီး လောင်းကစားရော မူးယစ်ဆေးရောပေါတဲ့နေရာပေါ့။ လုယက်မှုတွေ ခိုးမှုတွေက နေ့တိုင်းရှိတယ်။ ညအပြင်သွားရင် သတိတော့ ထားရတယ်” လို့ တာချီလိတ်မြို့တွင် နေထိုင်သည့် အသက် ၅၀ အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

တာချီလိတ်မြို့တွင် လုယက်မှု၊ ခိုးမှုများ နေ့စဥ်နဲ့အမျှ ရှိသဖြင့် အပြင်သွားလာပါက သတိ ဝီရိယ ရှိရန်လည်း ၎င်းက တိုက်တွန်းပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာ့ခ်ခရိုင် ဒေသခံများကို လုယက်နေသည့် တရုတ်အဖွဲ့ ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရာ (Phop Phra) နယ်မြေ အတွင်းရှိ ကျေးလက်လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို လုယက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တရုတ်အမျိုးသားအဖွဲ့တဖွဲ့သည် အခြေအနေကို လာရောက်စစ်ဆေးသည့် ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ အဖွဲ့လိုက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့( ဇွန်လ ၄) ရက် နံနက် ၁၀ နာရီခွဲခန့်တွင်...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...