နမ့်ခမ်းမြို့နယ် အလုပ်သမားက အလုပ်ရှင်ကို သတ်ပြီး ရွှေ၊ငွေများ လုယူသွား

သျှမ်းပြည် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် အလုပ်သမားတစ်ဦးသည် အလုပ်ရှင် ဖြစ်သူကို သတ်ဖြတ်ပြီး ရွှေ၊ ငွေ ပစ္စည်းများစွာကို လုယက်ယူသွားသည့် ဖြစ်စဥ်ဖြစ်ပွားသွားကြောင်း စုံစမ်းသိရသည်။

.

ယမန်နေ့ (စက်တင်ဘာ ၂ ) ရက်တွင် နမ့်ခမ်းမြို့နယ်၊ အောင်မေတ္တာရပ်ကွက်တွင် ကုန်စုံဆိုင်ဖွင့်ထားသည့် ဦးအောင်သိန်း ဆိုသူကို အလုပ်သမားဖြစ်သူ က သတ်ဖြတ်ပြီး ရွှေငွေလုယူသွားခြင်းကို ခံရကြောင်း နီးစပ်သည့် အသက် ၃၀ ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူအသတ်ခံရတာ ဒီနေ့ မနက်မှ သိကြတာ။ သူ့သားက သူ့ဆီ (ဦးအောင်သိန်း) ဆီလာတဲ့အချိန် ဆိုင်ဖွင့်တာ မတွေ့ရဘူး၊ ဖုန်းဆက်ကြည့်တော့လည်း မကိုင်ဘူး ဖြစ်နေလို့ တံခါးကို ဖျက်ပြီး ဝင်မှ သွေးအိုင်ထဲ သေနေတာ တွေ့ရတယ်၊ ကတ်ကြေးနဲ့ ထိုးသတ်သွားတယ်ထင်တယ်၊ သွေးပေနေတဲ့ ကတ်ကြေးလည်း အလောင်းနားမှာ တွေ့ရတယ်” ဟု သေဆုံးသူ နှင့် နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဦးအောင်သိန်း ဆိုသူသည် အလုပ်သမား နှင့် အတူတအိမ်တည်းနေထိုင်ပြီး၊ ၎င်းဆိုင်သည် နေအိမ်နှင့် တွဲလျက် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး လက်ရှိတွင် အလုပ်သမားဖြစ်သူလည်း ထွက်ပြေး လွတ်မြောက်နေကြောင်း သိရသည်။

အလောင်းကို တွေ့ရှိသည့် အချိန်၌ လည်ပင်း၊ ဦးခေါင်း နှင့် နောက်စေ့တို့တွင် ဒဏ်ရာများ တွေ့ရပြီး ရွှေ၊ ငွေပစ္စည်းများစွာလည်း ပျောက်ဆုံးနေလျက်ရှိကြောင်း သေဆုံးသူ နှင့် နီးစပ်သည့် အမျိုးသားက ဆက်ပြောသည်။

“ရွှေတွေ၊ ငွေတွေ အများကြီး ပျောက်သွားတယ်တဲ့၊ တိုင်ချက်ဖွင့်လား မဖွင့်လားတော့ မသိဘူး။ သူ့သားတွေလည်း အသုဘ ကိစ္စနဲ့ ရှုပ်နေကြတယ်။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ ပမာဏတွေရဲ့ စာရင်း ကတော့ အတိအကျ မသိရသေးဘူး၊ များတာတော့ တကယ်များမှာ” ဟု ၎င်းက ပြောသည်။

လက်ရှိ ထွက်ပြေးလွတ်မြောက်နေသည့် အလုပ်သမားသည် အညာဒေသမှ လာရောက်အလုပ် လုပ်ကိုင်သူဟုသာ သိရကြောင်း နှင့် ကိုယ်ရေးရာဇဝင်များကို မိသားစုဝင်များက ဆက်လက် စုံစမ်းနေလျက် ရှိကြောင်းလည်း သိရသည်။
 
နမ့်ခမ်းမြို့နယ်သည် မြန်မာ – တရုတ်နယ်စပ်မြို့ဖြစ်ပြီး ခိုးဆိုးလုယက်မှုများ၊ တရားမဝင်လုပ်ငန်းများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဒေသဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် လက်နက်ကိုင် တပ်ဖွဲ့များလည်း ပေါများသည့် ဒေသဖြစ်သည့်အတွက် စစ်ရေး ပဋိပက္ခများလည်း ပေါများသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာ့ခ်ခရိုင် ဒေသခံများကို လုယက်နေသည့် တရုတ်အဖွဲ့ ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရာ (Phop Phra) နယ်မြေ အတွင်းရှိ ကျေးလက်လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို လုယက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တရုတ်အမျိုးသားအဖွဲ့တဖွဲ့သည် အခြေအနေကို လာရောက်စစ်ဆေးသည့် ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ အဖွဲ့လိုက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့( ဇွန်လ ၄) ရက် နံနက် ၁၀ နာရီခွဲခန့်တွင်...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...