တောင်ကြီး လုယက်မှုများကြောင့် ကားရောင်းဝယ်သူများ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုမပေးရဲ

သျှမ်းပြည်တောင်ပိုင်းတွင် ကား၊ ဆိုင်ကယ် အရောင်းအဝယ်လုပ်သူ နှစ်ဉီး တိုက်ခိုက်ခံရပြီး တစ်ဉီး သေဆုံးပြီးနောက် ကားအရောင်းအဝယ် လုပ်သူများ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု မပြုလုပ်ရဲတော့ကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့နှင့် အေးသာယာမြို့ရှိ ဆိုင်ကယ်နှင့် ကားအရောင်းဆိုင်များသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခေတ်ကာလ အခြေအနေအရ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကြော်ငြာရောင်းချပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်တွင် အေးသာယာမြို့၌ နေထိုင်သည့် ကားအရောင်းအဝယ် ပြုလုပ်သူ ညီအစ်ကိုနှစ်ဉီး ဓားထိုးခံရပြီး အသက် ၂၀ အရွယ်ရှိ လူငယ်တစ်ဦးမှာ အဆိုပါ ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း တောင်ကြီးဒေသခံများထံမှ သိရသည်။

ထိုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကားအရောင်းအဝယ် လုပ်ဆောင်နေသူ အမျိုးသားတစ်ဉီးက “ဟိုတလောက တစ်ယောက် အသတ်ခံရပြီး ကားလာပြဖို့ ခေါ်ရင် မသွားတော့ဘူး။ လမ်းမှာ ဆိုင်ကယ် စီးသွားရင်တောင် ဘယ်အချိန် အလုခံရမလဲ စိတ်ပူနေရတယ်။ ခေတ်ကလည်း မကောင်းတော့ဘူး၊ ဘာမှ လုံခြုံတယ်လို့ မခံစားရတော့ဘူး”ဟု ပြောသည်။

ထို့အပြင် လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များကို အွန်လိုင်းပေါ်တွင် တင်ရောင်းလျှင်လည်း စစ်ကော်မရှင် လက်အောက်ခံ ရဲများက စုံစမ်းပြီး ကားဝယ်မည်ဟုဆို၍ အသွင်ယူ ဖမ်းဆီးမှုများလည်း ရှိနေကြောင်း သိရသည်။

“အခုက လုယက်မှု ကြောက်ရသလို အွန်လိုင်းမှာလည်း ရဲတွေကို ကြောက်ရတယ်။ နောက်ပြီး မသမာတဲ့ လူတွေကိုလည်း ကြောက်နေရတယ်” ဟု တောင်ကြီးဒေသခံ ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ဆက်လက်ပြီး တောင်ကြီး-ကလော ပြည်ထောင်စုလမ်းမကြီးတွင် ဆိုင်ကယ် လုယက်သူများ ရှိနေသောကြောင့် တစ်ယောက်တည်း ဆိုင်ကယ်မစီးသွားသင့်ကြောင်း ဒေသခံများက အသိပေးထားသည်။

“ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် တစ်ယောက်တည်း ဆိုင်ကယ် မစီးသွားသင့်တော့ဘူး၊ ခေတ်ကြီးက လုံခြုံတာ မဟုတ်ဘူး။ နေရာတိုင်းမှာ လူစိမ်းတွေ အပြည့်ပဲ၊ ဘယ်သူ့မှ ယုံလို့ မရတော့ဘူး။ ခုတလောက ဆိုင်ကယ်၊ ကား လုခံရတာ ခပ်စိပ်စိပ် ကြားလာရတယ်”ဟု တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကလော-တောင်ကြီး လမ်းပိုင်းတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားအုပ်စုက ခရီးသွားရင်း ဆိုင်ကယ် ပျက်နေသည်ဟုဆို၍ လမ်းတွင်လာသည့် ကားတစ်စီးကို တားပြီး အကူအညီတောင်းဟန်ဖြင့် ကားလုယက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...