ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု စည်းရုံးရာတွင် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းက ဟောပြော စည်းရုံးခြင်း မဟုတ်ဘဲ ဒေသခံ PNO စည်းရုံးရေးမှူးများက နီးစပ်ရာ ကျေးရွာများတွင် လိုက်လံ ပြောဆို စည်းရုံးခြင်း ဖြစ်သည်ဟု အောင်ပန်းမြို့တွင် နေထိုင်သူ ဒေသခံ အမျိုးသား တဦး က ဆိုသည်။

“PNO အဖွဲံထဲကိုဝင်ရင် အဖွဲ့ဝင်ကတ် ထုတ်ပေးတယ်။ အဲကတ်နဲ့ ဝတ်သောက် (လိုင်စင်မဲ့) ကား စီးလို့ရတယ်ပေါ့။ ရဲဖမ်းရင် ပိုက်ဆံပေးစရာ မလိုဘူးပေါ့။ အဲလို စည်းရုံးတော့ ဒီ အောင်ပန်း ပတ်ဝန်းကျင်က ဓနုရွာတွေကတောင် PNO ထဲ ဝင်နေတာတွေ ရှိနေတယ်။ ဓနုပါတီ လူကြီးတွေ မကောင်းတော့ လူမျိုးပါ ဒုက္ခရောက်ရတာ” ဟု ၄င်းကရှင်းပြသည်။

လက်ရှိ စစ်ကောင်စီက ဒေသတွင် လိုင်စင်မဲ့ကားများ ဆက်တိုက် ဖမ်းဆီးနေရာ ကလောမြို့နယ် အတွင်း PNO ပြည်သူ့စစ်များပင် လိုင်စင်မဲ့ကား ပေါ်ပေါ်ထင်ထင် မစီးရဲသဖြင့် PNO အဖွဲ့ဝင် ကတ်ဖြင့် စီးနင်းနိုင်ရန်မှာ မဖြစ်နိုင်ကြောင်း ဒေသခံ အချို့က ဆိုသည်။

“သူတို့ ပအိုဝ်းနယ်မှာတော့ ရမှာပေါ့။ ဒီအောင်ပန်း ကလော ဘက်မှာက စစ်တပ်များတယ်။ PNO တွေတောင် ရဲကဖမ်းရင် ပိုက်ဆံပေးနေရတာကို” ဟု တခြား အောင်ပန်းဒေသခံ တဦးက ဆိုသည်။

လက်ရှိ ကလောမြို့နယ် စစ်ကောင်စီ ရွေးကောက်ပွဲတွင် ဓနုပါတီ၊ PNO ပြည်သူ့စစ်ပါတီနှင့် ကြံ့ခိုင်ရေးပါတီတို့ အပြိုင်အဆိုင် ဖြစ်နေချိန် ဓနုပါတီ ခေါင်းဆောင် အချို့ PNO ပြည်သူ့စစ်ပါတီထံမှ ငွေကြေးရယူ၍ ဓနုလူမျိုးများ PNO ကို မဲထည့်ရန် စည်းရုံးပေးနေကြောင်း ဒေသတွင်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

သျှမ်းတောင် စစ်ကောင်စီ ရွေးကောက်ပွဲ ပထမပိုင်းတွင် PNO ပြည်သူ့စစ်ပါတီက တောင်ကြီး၊ လွိုင်လင်၊ ဟိုပုံး တွင် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...