ဘတ်ငွေ သန်း ၅၀၀ ကျော်ဖြင့် လည်ပတ်နေသော အွန်လိုင်းလောင်းကစားကွန်ရက်ကို ဒွန်မောင်းတွင် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းဧရိယာအတွင်း တစ်လလျှင် ဘတ်ငွေ သန်း ၅၀၀ ကျော်ဖြင့်လည်ပတ်နေသော တရားမဝင် အွန်လိုင်းလောင်းကစားရုံတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ပြီးလောင်းကစားကွန်ရက်အတွင်း ပါဝင်နေသူ ၂၀၀ ဦးခန့် ဖမ်းဆီးရမိကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

သြဂုတ် ၂၇ ရက် ညအချိန်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဖွမ်ထမ်း ဝီချရာချိုင်း ဦးဆောင်သည့် အုပ်ချုပ်ရေးဦးစီးဌာနမှ အထူးတာဝန်ပေးထားသော စစ်ဆေးရေးအဖွဲ့မှ ဘန်ကောက်မြို့ ဒွန်မောင်းဒေသအတွင်းရှိ တရားမဝင် လောင်းကစားရုံအား ဝင်ရောက်စီးနင်းခဲ့မှုနှင့် ပတ်သက်သောရလဒ်များကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ ဝင်ရောက်စီးနင်းမှုကြောင့် တရားမဝင် လောင်းကစားကွန်ရက်အတွင်း ပါဝင်ဆောင်ရွက်နေသူ ၂၀၀ ဦးအား ဖမ်းဆီးရမိခဲ့ပြီး တစ်လလျှင် ဘတ်ငွေ သန်း ၅၀၀ ကျော်ဖြင့် လည်ပတ်နေကြောင်း‌ ဖော်ထုတ်နိုင်ခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။

ဘတ်ငွေ သန်း ၅၀၀ ကျော်ဖြင့် လည်ပတ်နေသော အွန်လိုင်းလောင်းကစားကွန်ရက်ကို ဒွန်မောင်းတွင် ဖမ်းဆီးရမိ (Khaosod)

ထိုတရားမဝင် လောင်းကစားရုံသည် ‌ဒေသခံများအပေါ် ဆိုးဝါးသော သက်ရောက်မှုများ ရှိနေကြောင်း ပြည်သူများ၏ တိုင်ကြားချက်များအရ အထူးတာဝန်ပေးထားသော စစ်ဆေးရေးအဖွဲ့မှ စီစစ်အတည်ပြုခဲ့ပြီး ယခုကဲ့သို့ ဝင်ရောက်စီးနင်းနိုင်ရန် တစ်လကျော်ကြာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ထိုလောင်းကစားလုပ်ငန်းကြီးသည် နေ့စဉ် နံနက် ၁၀ နာရီမှ နောက်တစ်ရက် နံနက် ၆ နာရီအထိလည်ပတ်နေပြီး တစ်ရက်လျှင် ၄ နာရီခန့်သာ နားချိန်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘတ်ငွေ သန်း ၅၀၀ ကျော်ဖြင့် လည်ပတ်နေသော အွန်လိုင်းလောင်းကစားကွန်ရက်ကို ဒွန်မောင်းတွင် ဖမ်းဆီးရမိ (Khaosod)

စုံစမ်းစစ်ဆေးမှုများအရ ထိုလောင်းကစားရုံအား ယခင်ကလည်း အကြိမ်ကြိမ် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့သော်လည်း မရပ်မနား ဆက်လက်လည်ပတ်နေခဲ့ခြင်းကြောင့် ယခုတစ်ကြိမ် ဖမ်းဆီးမှုပြီးနောက် ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးဌာန၏ ခရိုင်အမှတ် ၂ အုပ်ချုပ်ရေးမှူးနှင့် ဒွန်မောင်းဒေသ ရဲဌာနမှ ရဲအုပ်တို့အား တာဝန်ပေါ့လျော့မှုများကြောင့် ပြောင်းရွှေ့ခံရနိုင်ဖွယ် ရှိကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မြန်မာကလေးငယ်အပါ ကလေးငယ် ၁,၃၀၀ ကျော် ပန်းရောင်ကတ် တရားမဝင် မှတ်ပုံတင်ပေးမှု ထိုင်းတနိုင်ငံလုံးစစ်ဆေးမှုစတင်

0
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒင်ဒိန်း (Din Daeng) ခရိုင်ရှိ ပြည်သူ့အိမ်ရာတိုက်ခန်း၊ အိမ်ရာများတွင် မြန်မာနိုင်ငံသား ကလေးငယ် အများစုပါဝင်သည့် ရွှေ့ပြောင်းကလေး ၁,၃၀၀ ကျော်အား တရားမဝင် ပန်းရောင်ကတ် (Pink Card) မှတ်ပုံတင်ပေးခဲ့သည့် အမှုအား ထိုင်းအာဏာပိုင်များမှ စစ်ဆေးတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံး စုံစမ်းစစ်ဆေးမှုများ...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

ဘန်ကောက်တွင် MOU များ လက်မှတ်ထိုးနေစဉ် ကုလရုံးရှေ့၌ မင်းအောင်လှိုင်ကို ကန့်ကွက်ရှုတ်ချ

0
ထိုင်းနိုင်ငံအစိုးရနှင့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်အသစ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ သို့သော် အဆိုပါခရီးစဉ်သည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိုင်းရောက်မြန်မာနိုင်ငံသားများ၏ ကန့်ကွက်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရသည်။ ယနေ့ (ဩဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ဘန်ကောက်မြို့ အစိုးရအိမ်တော်၌...

အာဏာသိမ်းသမ္မတအား ကြိုဆိုရန် ထိုင်းဝန်ကြီးချုပ်ပြင်ဆင်နေ

0
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွက် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်မှ ထိုင်းအစိုးရအဖွဲ့ရုံးတွင် ကြိုဆိုရေးပြင်ဆင်မှုများကို ကိုယ်တိုင်စစ်ဆေးဆောင်ရွက်နေကြောင်း Khaosod သတင်းတွင်ဖော်ပြသည်။ လာမည့် ဩဂုတ်လ ၆ ရက်မှ ၇ ရက်ထိ လာရောက်မည့်ခရီးစဉ်သည် အာဏာသိမ်း...