ပုံးအင်းတွင် ရေကြီးပြီးနောက် စပါးမျိုးစေ့ပျောက်ကွယ်

သျှမ်းပြည်တောင်ပိုင်း၊ ပုံးအင်းဒေသတွင် ရေကြီးပြီးနောက် စပါးမျိုးစေ့ပျောက်ကွယ်သွားပြီး မျိုးစေ့အတွက် အကူအညီ လိုအပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် (၂၀၂၄ ခုနှစ် )ဩဂုတ်လအတွင်း ပုံးအင်းဒေသတွင်း ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး ရွာပေါင်း(၂၅) ရွာပျက်စီးကာ စပါးဧက (၂သောင်း)ကျော် ပျက်စီးဆုံးရှုံးသွားခဲ့သည်။

ထို့ကြောင့် ယနေ့အချိန်ထိ ပုံးအင်းဒေသတွင် မြေနုံးများကို မဆည်ယူနိုင်သေးသဖြင့် လယ်ဧက အတွင်း ရေများကျန်ရှိနေသေးကြောင်း ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်သည် နွေစပါးစိုက်ပျိုးရန် အချိန်ဖြစ်သဖြင့် စပါးမျိုးစေ့များ အကူအညီလိုအပ်နေကြောင်း စိုက်ပျိုးရေးဦးစီး ဌာနကို စာတင်အကြောင်းကြားထားသော်လည်း ယနေ့အထိ အကြောင်းမပြန်လာ သေးကြောင်း ၎င်းအမျိုးသားက ပြောသည်။

“စပါးမျိုးက လုံးဝကို မကျန်ရှိတော့တာ။ အခုက နွေစပါး စိုက်ရတော့မှာဆိုတော့ မျိုးစေ့တွေ လိုတယ်။ စိုက်ပျိုးရေးနဲ့ပဲ အသက်မွေး ရတာဆိုတော့။ ဒေသဦးစီးတို့၊ စိုက်ပျိုးရေးဦးစီး တို့ကို တော့စာတင်ထားတယ်။ သူတို့ အစည်းဝေးထိုင်နေတုန်းမို့ ထင်တယ်။ အကြောင်းမပြန်သေးဘူး။” ဟု၎င်းကဆိုသည်။

ယခင်က စပါးစိုက်ပျိုးလျှင် ဒေသခံများ၏ စားဝတ်နေရေးအပြင် အပိုဝင်ငွေပါရရှိသည်။
သျှမ်းပြည်နယ်တစ်ခုလုံးနီးပါးသည် ပုံးအင်းဒေသစပါးများဖြင့် စားသုံးနေနိုင်ကြောင်း သိရသည်။

ထိုကဲ့သို့ စပါးမျိုးစေ့များ ဆုံးရှုံးကာ စိုက်ပျိုးစရာမကျန်ရှိသောကြောင့် ငါးဖမ်းရင်း အသက်မွေး ဝမ်းကြောင်း ပြုနေရပြီး တပိုင်နိုင်ဖြစ်သည့် ကြက်သွန်ဖြူ နှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရင်း ဝမ်းရေးဖြေရှင်းနေရသည်ဟု အသက် (၄၀) အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပုံးအင်း

“ကျန်တဲ့ ကြက်သွန်ဖြူတို့ကိုပဲ နဲနဲစိုက်ထားတယ်။မျိုးမတုံးအောင်ပေါ့လေ။ စပါးလည်း စိုက်မရတော့ ငါးပဲ ရှာပြီး ရောင်းစားနေရတာပေါ့။ ငါးတွေလည်း မျိုးတုံးကုန်ပြီ။ဈေးပေါတဲ့ ဆလားဗီးယားငါးပဲ ကျန်တော့တာ။တခြားမျိုးစိတ်ဆို ရှာမရတော့ဘူး။ ရေထဲမြုပ်တဲ့ ပျက်နေတဲ့ စပါးကို နေလှန်းပြီး ပဲ ပြန်စားရတာပေါ့။ မတတ်နိုင်ဘူး။ရွှံ့စော်လဲ နံတယ်၊ ဒါနဲ့ပဲ အသက်ရှင်ရတယ်။” ဟု ၎င်း အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ရေကြီးမှုကြောင့် စားဝတ်နေရေးခက်ခဲမှုကြုံတွေနေရပြီး၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် နေရပ်စွန့်ခွာပြီး နိုင်ငံခြားထွက်သွားသည့် ပြည်သူများလည်းရှိကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ထို့အပြင် စပါးစိုက်ပျိုးရာတွင် နောက်ထပ်ရေကြီးရေလျှံမှုကြောင့် စပါးဧကများ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေပြီး ယခင်နှစ်ကဲ့သို့ သဘာဝဘေး မကျရောက်ဖို့ မျှော်လင့်နေသည်ဟု အသက် (၃၀)ကျော်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ပုံးအင်းဒေသသည် ဆန်စပါးအများဆုံးထွက်ရှိရာဒေသဖြစ်ပြီး ဒေသခံအများစုသည် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုကာနေထိုင်ကြသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

စပါးကျီအစား အကြွေးကျီသာ ပြည့်နှက်နေသည့် ပုံးအင်းလွင်ပြင်

0
စပါးရိတ်သိမ်းပြီးစ ရိုးပြတ်များသာ ကျန်ရှိတော့သည့် ပုံးအင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်ရင်း အသက် ၄၀ အရွယ် နန်းဟွမ်တယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လယ်ကွင်းထဲတွင် ရိတ်သိမ်းစရာ စပါးနှံများ မရှိတော့၍ အလုပ်အားသွားပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ပူပန်မှုများက အပြည့်နေရာယူထားဆဲ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...