ပုံးအင်းဒေသတွင် စစ်မှုထမ်းလူစားထိုးရန် လူမရှိ၊ မဲနှိုက်ပြီးလူခေါ်နေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ပုံးအင်းဒေသတွင် စစ်မှုထမ်းလူစားထိုးရန် လူမရှိတော့သဖြင့် လာမည့် ဒီဇင်ဘာလမှ စပြီး မဲနှိုက်စနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး စစ်ကော်မရှင်က စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ပုံးအင်းဒေသတွင် စစ်မှုထမ်းအပတ်စဉ်များအလိုက် လူတစ်ယောက်လျှင် ကျပ်ငွေ သိန်း ၈၀ မှ ကျပ်ငွေ သိန်း ၁၀၀ ကြားပေးကာ လူစားထိုးငှားရမ်းခဲ့သည်။

ထိုသို့ လူစားထိုးငှားရမ်းခဲ့ပြီးနောက် ၂ နှစ်ခန့် အကြာတွင် နောက်ထပ်လူစားထိုး ငှားရမ်းရန် လိုက်မည့်သူ မရှိတော့ဘဲ စစ်ကော်မရှင်တပ်ဘက်မှ ငွေကြေးထက် လူအင်အား ပိုလိုအပ်သောကြောင့် မဲနှိုက်ရွေးချယ်သွားမည် ဖြစ်ကြောင်း ပုံးအင်းဒေသခံများက ပြောသည်။

“အရင်ကဆို ပိုက်ဆံထည့်လိုက်ရုံနဲ့ ရတယ်။ အခုက မရတော့ဘူး၊ ပိုက်ဆံဘယ်လောက်ပေးပေး လိုက်မယ့်သူ မရှိတော့ဘူး။ အရင်က လူစားထိုး သွားပေးတဲ့သူလည်း ပြန်လာတဲ့သူ တစ်ယောက်မှ မရှိတော့ မသွားချင်ကြတော့ဘူး။ အခုက မဲနှိုက်ပြီးပဲ ရွေးဖို့ကျန်တယ်”ဟု ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကြီးမြို့နယ် ပုံးအင်းဒေသတွင် ကျောက်ကူကျေးရွာအုပ်စု၊ အသုံးတော်ကျေးရွာအုပ်စုနှင့် နားဟီးကျေးရွာအုပ်စု တို့ရှိပြီး ထိုကျေးရွာများတွင် အိမ်ထောင်စု ဦးရေပေါ် မူတည်ကာ စစ်မှုထမ်းကြေး ထည့်ဝင်ကြရကြောင်း သိရသည်။

ထို့ကြောင့် အိမ်ခြေများသည့် ကျေးရွာများတွင် တစ်သောင်းနှစ်ထောင် ထည့်ရပြီး အိမ်ခြေနည်းလျှင် ငွေကျပ် သုံးသောင်းအထိ ထည့်ရကြောင်း ၎င်းဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

ထို့အပြင် စစ်ကော်မရှင်၏ စစ်မှုထမ်းကြေးကို လစဉ် ထည့်ရသည့်အပြင် ပအိုဝ်းပြည်သူ့စစ် PNO ဘက်မှ ကောက်သည့် ဆက်ကြေးကိုလည်း ခြောက်လလျှင် တစ်ကြိမ် ထည့်နေရသောကြောင့် ငွေကြေးအခက်အခဲ ရှိနေကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်ကော်မရှင်ဘက်ကိုလည်း လတိုင်းငွေထည့်ရတယ်။ PNO ဘက်ကိုလည်း တစ်သောင်း ထည့်ရတယ်။ ကြားထဲမှာ ဟိုဟာဖိုး ဒီဟာဖိုး ကောက်တာ မပါသေးဘူး။ တစ်လ လေးသောင်းလောက် သူတို့ကို ထည့်နေရတာ။ အလုပ်အကိုင်ကလည်း အဆင်မပြေဘူး၊ ကိုယ်စားဖို့ အသာထား သူတို့အတွက်ပဲ ထည့်နေရတာ”ဟု အဆိုပါ ပုံးအင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဆက်လက်ပြီး အေးသာယာမြို့တွင်လည်း စစ်မှုထမ်းကြေးများကို ယခင်က တစ်အိမ်လျှင် ငွေကျပ် ၃သောင်းသာ ကောက်ခံသော်လည်း လာမည့် ဒီဇင်ဘာလမှ စ၍ တစ်အိမ်လျှင် ငွေကျပ် နှစ်သိန်းအထိ တိုးမြှင့်ကောက်ခံမည်ဟု အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အလိုက် အသိပေးထားကြောင်း သိရသည်။

စစ်ကော်မရှင်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဒေသတွင်း ငွေကြေးကောက်ခံ၍ စစ်မှုထမ်း လူစားထိုးရန် ငှားရမ်းခဲ့ကြပြီး ပျူစောထီးနှင့် စစ်ကော်မရှင်တပ်သားများက မူးယစ်ဆေးဝါး သုံးစွဲသူများ၊ လမ်းသွားလမ်းလာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။

ယခုလက်ရှိတွင် စစ်ကော်မရှင်တပ် ဖွင့်လှစ်သည့် စစ်မှုထမ်းအမှတ်စဉ် ၁၅ အထိ ရှိနေပြီး သင်တန်းဆင်း စစ်မှုထမ်းတပ်သားသစ်များကို စစ်မြေပြင် ရှေ့တန်းပို့သည့်အပြင် ရာထူးနှင့် ဆုကြေးများဖြင့် စစ်ကော်မရှင်တပ်ထဲ အမြဲတမ်းတပ်သားအဖြစ် တာဝန်ထမ်းဆောင်ရန် ဖြားယောင်းသွေးဆောင်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

စပါးကျီအစား အကြွေးကျီသာ ပြည့်နှက်နေသည့် ပုံးအင်းလွင်ပြင်

0
စပါးရိတ်သိမ်းပြီးစ ရိုးပြတ်များသာ ကျန်ရှိတော့သည့် ပုံးအင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်ရင်း အသက် ၄၀ အရွယ် နန်းဟွမ်တယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လယ်ကွင်းထဲတွင် ရိတ်သိမ်းစရာ စပါးနှံများ မရှိတော့၍ အလုပ်အားသွားပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ပူပန်မှုများက အပြည့်နေရာယူထားဆဲ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...