ပင်လောင်းမြို့နယ် တိုက်ပွဲအတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံး

သျှမ်းပြည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်ဟု PNDF-KK က ယမန်နေ့ (ဇူလိုင် ၁၇ )ရက်တွင် ဓာတ်ပုံနှင့်အတူထုတ်ပြန်ထားသည်။

ဇွန်လ ဒုတိယအပတ်မှစပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့သည် ဖယ်ခုံမြို့ရှိ စစ်ကောင်စီတပ်များကို စစ်ကူပေးရန် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ယခုအခါ မြို့အနောက်မြောက်ဘက် ၁၁ မိုင်ကျော်အကွာရှိ ဆောင်းပြောင်းရွာတွင် ရောက်ရှိကာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုက ဟန့်တားတိုက်ခိုက်နေခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်ကောင်စီ၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးထံမှ စိတ်ကြွဆေးပြားများ အလောင်းပေါ်တွင် လက်ဝယ်တွေ့ရှိရကြောင်း၊ ဟိုပုံးကိုရင်လေးနာမည်ပါ ကတ်ပြားတစ်ခုနှင့်အတူ သေဆုံးသူ ပြည်သူ့စစ်တပ်ဖွဲ့ဝင် အလောင်းလေးလောင်းရှိကြောင်း ထုတ်ပြန်ထားသောဓာတ်ပုံများအရ သိရသည်။

ထိုတိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK)ထံသို့ ဖုန်းဖြင့်ကြိုးစားဆက်သွယ်ခဲ့သော်လည်း မြေပြင်ဖုန်းလိုင်းကြောင့် ဆက်သွယ်၍မရသေးပေ။

ထို့အပြင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ၏ပြန်ကြားရေးထံ စာပို့ပြီးမေးမြန်းခဲ့သော်လည်း လက်တလောတွင် အကြောင်းမပြန်သေးပေ။

ဇူလိုင် ဒုတိယအပတ်တွင်လည်း လွိုင်ကော်မြို့သို့ မောင်းနှင်းလာသည့် ပြည်သူ့စစ် PNO ၃ ဦးနှင့် နမ်းဖာမူတိုက်ပွဲတွင် ပြည်သူ့စစ် PNO ၄ ဦးကို KNDF ကအရှင်ဖမ်းမိထားသည်ဟု လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။

ဆောင်းပြောင်းတိုက်ပွဲတွင် ပအိုဝ်းပြည်သူ့စစ် PNO မှ ဗိုလ်ကြီးအဆင့်ရှိ ခွန်မောင်မွေးလည်း သေဆုံးခဲ့ပြီး၊ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကိုင် တော်လှန်ရေးအင်အားစုများက ဟန့်တားတိုက်ခိုက်သဖြင့် ဇူလိုင် ၂၉ ရက်က တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကာ လက်နက်ငယ်တချို့လည်း သိမ်းဆည်းရမိ ကြောင်း သိရသည်။

လက်ရှိ ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင်များ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး ၊စစ်ဘေးရှောင်အရေအတွက် သောင်းဂဏန်းအထိရှိကြောင်း စစ်ဘေးရှောင်ကူညီသူများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...