ညောင်ရွှေမြို့နယ်ဒေသခံ (၅)ဉီးကို PNO မှ ရိုက်နှက်ဖမ်းဆီးပြီး ပြန်လွှတ်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့မှ ဒေသခံ(၅)ဉီးကို ရိုက်နှက်ဖမ်းဆီး စစ်ဆေးပြီး ပြန်လွှတ်ပေးလာကြောင်း စုံစမ်းသိရသည်။

ညောင်ရွှေမြို့နယ် အင်းလေးဒေသအရှေ့ဘက်ခြမ်းရှိ ဘုရားတောင်ကျေးရွာတွင် ဒေသခံ(၅)ဉီးကို PNO တပ်ဖွဲ့မှ ရိုက်နှက်ဖမ်းဆီး စစ်ဆေးမေးမြန်းပြီး ပြန်လွတ်လာပေးကြောင်း ဖမ်းဆီးခံရသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲရွာဘက်မှာက စစ်ရေးတွေ တင်းမာနေတယ်။ တိုက်ပွဲကလည်း ဘေးတဝိုက်မှာ ဖြစ်နေတယ်၊ အသံတွေလည်း ကြားရတယ်။ PNO က ရွာပြင်မထွက်ခိုင်းတာတွေ ပြီးတော့ သူတို့ရှောင်ခိုင်းတဲ့ အချိန်မှာ မရှောင်ပဲ ရွာက ထွက်တာတွေ့ရင် ဖမ်းသွားပြီး စစ်ဆေးတာ။ သူတို့ဖမ်းချင်တဲ့အချိန် ထဖမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာမျိုးတွေ ရှိတယ်။ တချို့ဆို အရိုက်ခံရပြီးမှ ပြန်လွတ်ပေးတာ ရှိတယ်”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ၎င်းအမျိုးသားက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်ရှောင်ရန် စက်လှေဖြင့် ထွက်ခွာသွားသော ဘုရားတောင်ကျေးရွာ ဒေသခံ ၅ ဦးကို PNO ပြည်သူစစ်များက ဖမ်းဆီးပြီး ရိုက်နှက်ကာ ငွေသား သိန်း ၂၀ ပါ ပေးလိုက်ရကြောင်း နီးစပ်သည့် ဆွေမျိုးထံမှ သိရသည်။

အဆိုပါ ရိုက်နှက်ခံရသူ ၅ ဦးထဲတွင် အသက် (၃၈)နှစ်ရှိသည့် အမျိုးသားတစ်ဦးသည် PNO တပ်ဖွဲ့မှ ရိုက်နှက်ထားသည့် ဒဏ်ကြောင့် ဦးခေါင်းပေါက်ကာ ဒဏ်ရာပြင်းထန်နေကြောင့် လက်ရှိ စံကားဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ၎င်းက ဆက်ပြောသည်။

PNO တပ်သားများ

“ခုက ကျေးရွာအနီးမှာ ရှိတဲ့ဒေသခံတွေလည်း စစ်ရှောင်နေကြတယ်။ တချို့ကလှေတွေနဲ့ ညောင်ရွှေမြို့ဘက် ရှောင်တဲ့သူလည်း ရှိကြတယ်။ အဲလိုရှောင်တဲ့ အချိန်မှာပဲ PNO က ဖမ်းသွားတယ် ရိုက်နှက်မှုပါ လုပ်တယ်။ ခေါင်းပေါက်လို့ အခု ဆေးရုံတင်ထားရတယ်။ ဆေးရုံရောက်မှ သတင်းက ထွက်လာတာ ဘာလို့ဆို အကုန်လုံးကလည်း ဘေးလုံခြုံဖို့ ပြေးတဲ့အချိန်မို့ ဘယ်သူ့ကိုမှ သတိမထားမိတာရှိတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာ (၁၀) ရွာခန့်ရှိ ဒေသခံ ၃ ‌ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရ‌ကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ရေပူ(ထီခိုး) ကျေးရွာအနီးတဝိုက်ရှိ ကျေးရွာဘေးပတ်လည်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာကြောင်း အမှတ်(၁၀၀၉) အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (LPDF) နှင့် ပူပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...