ဆီဆိုင်မြို့နေရပ်ပြန်သူများ တပ်သားစုဆောင်ခံရ

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့ပေါ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တပ်တို့၏ ဖိအားပေးမှုကြောင့် နေရပ်ပြန်လာသွားသည့် ပြည်သူများကို စစ်သားစုဆောင်းနေကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းတောင်၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်တို့မှ ပြည်သူများကို နေရပ်ပြန်မလာပါက နေအိမ်များကို ချိတ်ပိတ် သိမ်းဆည်းမည်ဟု ဖိအားပေးခြိမ်းခြောက်သည်။

ထို့နောက် ပြည်သူများသည် နေရပ်သို့ပြန်သွားစဥ် အသက် (၁၈)နှစ် မှ အသက် (၆၀)အရွယ်ရှိ အမျိုးသားများကို စစ်မှုထမ်းရန် စစ်ကောင်စီ နှင့် PNO တပ်ဖွဲ့မှ တပ်သားသစ်စုဆောင်းနေကြောင်း ဆီဆိုင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူတို့ကပြန်လာခိုင်းပြီး သူတို့ပဲ စစ်မှုထမ်းဖို့ခေါ်တယ်။ ခုဆို ပြန်လာတဲ့ လူငယ် တော်တော်များများက စစ်မှုထမ်းဖို့ ခေါ်ခံရပြီ။ အများအားဖြင့်တော့ လူငယ်တွေကို ခေါ်တာများတယ်။ ပြန်လာမိတာ မှားပြီထင်တယ်။ သူတို့ကို ကြောက်လို့သာ ပြန်လာရတာ”ဟု ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။

အသက်၁၈ နှစ်မှ ၃၅ အတွင်း အမျိုးသားများကို စစ်မှုထမ်းရမည်ဆိုသော်လည်း လက်ရှိတွင် အသက် ၆၀ ဝန်းကျင် အမျိုးသားများကို ခေါ်ယူနေကြောင်း သိရှိရပါသည်။

ထို့အပြင် နေရပ်ပြန်သူများသည် မိုင်းအန္တရာယ်ကိုပါ ကြောက်လန့်နေရပြီး လက်နက်ကြီး ပစ်ခတ်မှုများလည်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။

“ လက်နက်ကြီးတွေလည်း ပစ်ခတ်နေတုန်းပဲ ။ အိမ်မှာက ဘာရစရာမကျန်တော့ဘူး။ ပစ္စည်းတွေလည်း အကုန်ခိုးခံရတယ်။ အိမ်ကလက်နက်ကြီးပစ်တော့ အကုန်ပျက်စီးသွားတယ်။ သံတို သံစ ကအစအကုန်ခိုးခံရတယ်။ မိုင်းတွေလည်း မကွဲသေးတာတွေ ရှိသေးတော့ ပိုအန္တရာယ်များတယ်။”ဟု နေရပ်ပြန်ဒေသခံ တစ်ဦးက ဆိုသည်။

လက်ရှိတွင် ဆီဆိုင်မြို့နေရပ်ပြန်သူများသည် မပေါက်ကွဲသေးသည့် လက်နက်ကြီးနှင့် မိုင်းများစွာ ရှိနေကာ အသက်အန္တရာယ် အတွက် အာမခံချက်မရှိဘဲ စိုးရိမ်ထိတ်လန့်နေရကြောင်း ၎င်းနေရပ်ပြန် ပြည်သူက ဆိုသည်။

ပအိုဝ်းပြည်သူ့စစ် (PNO) ဘက်မှ မြေမြုပ်မိုင်းများကို လာရောက်ရှင်းလင်းပေးမည်ဟု နေရပ်ပြန် ပြည်သူများကို ပြောဆိုခဲ့သော်လည်း လက်တွေ့မှ လာရောက်ရှင်းလင်းပေးခြင်းမရှိပေ။

ဇန်နဝါရီ ၂၈ ရက်နေ့တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် နေအိမ်နှင့် ဘာသာရေး အဆောက်အအုံများပျက်စီးခဲ့ပြီး ဆီဆိုင်ဒေသခံများနှင့် ကရင်နီစစ်ဘေးရှောင်များ ထပ်မံပြောင်းရွှေ့စစ်ရှောင်ခဲ့ရကြောင်း သိရှိရပါသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...