လားရှိုး စစ်ရှောင်နေအိမ်များ ဖောက်ထွင်းခိုးယူပြီး ပြန်လည်ရောင်းချမှုဖြစ်ပွား

သျှမ်းပြည် လားရှိုးမြို့တွင်း တိုက်ပွဲများ ငြိမ်သက်နေပြီး စစ်ရှောင်ပြည်သူများ နေအိမ်သို့ ပြန်မရောက်ခင် နေအိမ်များ ဖောက်ထွင်းခံရပြီး အိမ်တွင်ကျန်ခဲ့သော တန်ဖိုးရှိပစ္စည်းများ၊ ကားများ ခိုးယူခံရကာ အခြားမြို့သို့ ပြန်လည်ရောင်းချနေကြောင်း စုံစမ်းသိရသည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း လားရှိုးမြို့သိမ်း တိုက်ပွဲသည် ဇူလိုင်လ ၂ရက်နေ့တွင် စတင်ခဲ့ရာ သြဂုတ် (၃)ရက်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA ) က အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ရမခ ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်။

လားရှိုးမြို့ တိုက်ပွဲပြီးနောက်ပိုင်းပုံ

ထို့နောက် လားရှိုးမြို့ကို MNDAA က ထိန်းချုပ်ပြီး အုပ်ချုပ်ရေး ယန္တရား ပြန်စတင်ကာ တိုက်ပွဲကြောင့် ထွက်ပြေးခဲ့သည့် လားရှိုးဒေသခံများ နေရပ်သို့ ပြန်မရောက်ခင် နေအိမ်အများအပြား ဖောက်ထွင်းခံရပြီး အိမ်တွင်ကျန်ခဲ့သော တန်ဖိုးရှိပစ္စည်းများ၊ ကားများ ခိုးယူခံရကာ အခြားမြို့များတွင် ပြန်လည်ရောင်းချနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခိုးထားတဲ့ကားကို ပျော်ဘွယ်မှာ without ကားဆိုပြီး သွားရောင်းတာ၊ ပွဲစားက မသင်္ကာလို့ ရဲစခန်းကို အပ်လိုက်တာ။ အဲ့ဒါကို သူခိုးတွေက ဘုန်းကြီးကျောင်းက ကားပါလို့ ရဲစခန်းကို ပြောပြီး ပြန်ယူသွားတယ်” ဟု ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အချို့ ခိုးယူသွားသော ကားများအား မိုင်းရယ်မြို့တွင် ပြန်လည်တွေ့ရှိထားသော်လည်း ကားခိုးယူသွားသည့် သူခိုးများကို ဖမ်းဆီးရမိခြင်း မရှိသေးသကဲ့သို့ လက်ရှိ လားရှိုးမြို့ပေါ်တွင် အိမ်ဖောက်ထွင်းခံရမှုများ၊ ကားပျောက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ၎င်းမှဆက်ပြောသည်။

လားရှိုးမြို့ တိုက်ပွဲပြီးနောက်ပိုင်းပုံ

“ခိုးတာက အားလုံးကို ခိုးတာ၊ ကားတင်မဟုတ်ဘူး။ အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းမှန်သမျှကို မီးစက်၊ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ အကုန်ယူသွားကြတယ်။ ပြီးတော့ ခုဆို အဲ့ဒီပစ္စည်းတွေကို အဟောင်းဈေးနဲ့ ပြန်ရောင်းတာ ဈေးကွက်တောင် ဖြစ်နေပြီ” ဟု လားရှိုးမြို့သို့ ပြန်လည်ရောက်ရှိနေသော အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လားရှိုးမြို့ အုပ်ချုပ်ရေးကို ကိုးကန့်တပ်ဖွဲ့ MNDAA က လွှဲယူလိုက်ကြောင်း ကြေညာထားပြီး ‘ဝ’တပ်ဖွဲ့ UWSA ကလည်း ၎င်းတို့၏ ‘ဝ’ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ လားရှိုးမြို့ပေါ် ‘ဝ’တပ်ဖွဲ့ လုံခြုံရေးအဖွဲ့ဝင်များ နေရာယူထားသော်လည်း စစ်ကောင်စီမှ လေကြောင်းပစ်ခတ်မှုများ ရှိလာနိုင်သောကြောင့် ဒေသခံများ နေရပ် မပြန်ရဲသေးကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...