ပင်လောင်း နောင်တရားရောက်စစ်ရှောင်တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ ရောက်ရှိခိုလှုံနေသည့် ကရင်နီပြည်မှ စစ်ရှောင်တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်သွားခဲ့ကြောင်း သတင်းသိရသည်။

ကရင်နီပြည်(ကယားပြည်)တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ဒေသခံပြည်သူများ သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ မြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုရက်ပိုင်းတွင် နေရပ်ပြန်သွားကြကြောင်း သိရသည်။

“ဒီ တစ်ရက် နှစ်ရက်မှာပဲ ပြန်သွားကြတယ်။ တစ်ရက်နည်းနည်း ပြန်သွားတာ။ တိုက်ပွဲငြိမ်တဲ့နေရာမှာ နေတဲ့သူတွေပဲ ပြန်သွားတာပါ။ ပြန်တယ်ဆိုပေမယ့် တိုက်ပွဲက ဘယ်ချိန်ဖြစ်လာမလဲ မသိတော့ စိုးရိမ်နေကြသေးတယ်။ စစ်ရှောင်တွေကတော့ ပြန်ချင်နေကြပြီ။ တိုက်ပွဲအခြေနေကို မသိလို့ မပြန်ကြသေးတာ အများကြီးကျန်သေးတယ်” ဟု နောင်တရားစစ်ဘေးရှောင်များကို ကူညီနေသည့် ဦးခွန်ဆန်းဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုရက်ပိုင်းအတွင်း နောင်တရားစစ်ရှောင်နေရာမှ ကရင်နီပြည် လွိုင်ကော်မြို့နယ်အပါအဝင် အခြားနေရပ်သို့ ပြန်သွားသည့် စစ်ဘေးရှောင် (၁၀၀)ဝန်းကျင် ရှိနေပြီး နောက်ထပ် နေရပ်ပြန်ရန် ပြင်ဆင်နေသည့်သူများလည်း ရှိနေကြောင်း သိရသည်။

လက်ရှိ ပင်လောင်းမြို့နယ် နောင်တရားမြို့တွင် စစ်ဘေးရှောင် တစ်ထောင်ဝန်းကျင် ကျန်ရှိနေဆဲဖြစ်ပြီး ထိုစစ်ဘေးရှောင်များ ရေရှည်ဆက်နေရမည်ဆိုပါက စားနပ်ရိက္ခာများနှင့် ၄◌င်းတို့၏ ဘဝ ရပ်တည်နိုင်ရေးအတွက် အခက်ခဲရှိလာနိုင်ကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

“လတ်တလောကတော့ အခက်ခဲ သိပ်မရှိဘူး၊ ဒါပေမယ့် သူတို့(စစ်ရှောင်)ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပြီး နေရပ်မပြန်နိုင်ရင်တော့ စားနပ်ရိက္ခာတွေခက်ခဲလာနိုင်တယ်။ ပြီးတော့ သူတို့ဘဝ ပြန်လည်ထူထောင်ရေးတွေ လုပ်ရမယ်ဆိုတော့ ဒါလည်း ခက်ခဲနိုင်တာပေါ့” ဟု နောင်တရားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။


နောင်တရားတွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်များထဲမှ အသက် ၁၅ နှစ်အောက် ကလေးငယ် ၂၀၀ ဝန်းကျင်ကိုလည်း ဒေသခံ ပရဟိတ ဆရာ/မ များက အခြေခံ စာပေသင်ကြားမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။


ထိုစစ်ရှောင်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက် ဝန်းကျင်မှ စပြီး ကရင်နီပြည်မှ သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...