တရုတ်နိုင်ငံမှ မြန်မာလုပ်သား (၂၅၀၀) နေရပ်ပြန်

မြန်မာ – တရုတ်နယ်စပ် တရုတ်နိုင်ငံ ဂျယ်ဂေါင်နှင့် ရွှေလီမြို့ ရှိ မြန်မာလုပ်သား (၂၅၀၀) ခန့်သည် မြန်မာနိုင်ငံသို့ ပြန်ဝင်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ မြန်မာလုပ်သား (၂၅၀၀) ခန့်သည် ရွှေလီမြို့ရှိ အလုပ်များကို (၆) လအကြာ ပိတ်ထားမှာဖြစ်ပြီး ဇူလိုင် (၂၆) ရက်မှ ယနေ့ သြဂုတ် (၅) ရက်ထိ တရုတ်နိုင်ငံ ဂျယ်ဂေါင်မြို့မှ ပြန်လာကြသည့် မြန်မာလုပ်သား (၂၅၀၀) ခန့်ရှိကြောင်း သတင်းရရှိသည်။

“ခုရက်ပိုင်း ရွှေနန်းတော်ဂိတ် မှာမြန်မာပြည်ကို ပြန်မယ့်သူ (၃၀၀) လောက်ရှိတယ်။ တရားဝင် ပြန်လာတဲ့သူတွေပေါ့။ တစ်ချို့ကလည်း ကိုဗစ်-၁၉ ကြောင့် အလုပ်မဖြစ်လို့ ပြန်ထွက်လာကြတာ တွေလည်း ရှိတယ်” ဟု မူဆယ် ကားဆရာ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။
တရုတ်နိုင်ငံအတွင်း မြန်မာနှင့် နယ်စပ်တွင်လည်း ကိုဗစ်-၁၉ ကူးစက်ထားသူများကို တွေ့ရသဖြင့် ရွှေလီမြို့ကို သြဂုတ် (၃) ရက်နေ့က စပြီး Lockdown သတ်မှတ်ထားကြောင်း စုံစမ်းသိရှိရသည်။

“ထွက်လာတဲ့သူတွေအများစုက ပိုက်ဆံမရှိဘူး။ ရှိတဲ့ပစ္စည်းတွေ ရောင်းပြီး ထွက်လာကြတာတွေလည်းရှိတယ်။ ဒီရောက်တော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကားခတွေ အများကြီး ယူပြီး ပို့ပေးတယ်”ဟု တရုတ်ပြည်မှာ အလုပ်သွားလုပ်သည့် မြန်မာလုပ်သားတစ်ဦး ကပြောသည်။

အဆိုပါ ပြန်ထွက်လာသူအများဆုံးသည် ရခိုင်ပြည်နယ်ဘက်က ဒေသခံများ၊ ပခုက္ကူဘက်က ဒေသခံများ ဖြစ်ကြကြောင်း သိရှိရသည်။

တရုတ်နိုင်ငံအတွင်း မြန်မာနှင့်နယ်စပ်တွင်လည်း COVID 19 ကူးစက်ထားသူများကို တွေ့ရသဖြင့် ရွှေလီမြို့ကို ဩဂုတ်လ (၃) ရက်နေ့မှစ၍ Lockdown သတ်မှတ်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...