နမ္မတူ စစ်ရှောင်အချို့နေရပ်ပြန် နေထိုင်စားသောက်မှု အဆင်မပြေ

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် ကြူဆော့ စစ်ဘေးရှောင်စခန်းမှ နေရပ်သို့ ပြန်သွားသည့် စစ်ဘေးရှောင် ပြည်သူများသည် နေထိုင်စားသောက်ရေး အတွက် အဆင်မပြေကြောင်း သတင်းသိရသည်။

နမ္မတူ စစ်ရှောင်စခန်း

နမ္မတူမြို့နယ် ကြူဆော့စစ်ဘေးရှောင် စခန်းသို့ စစ်ရှောင်ရောက်သည့် ပြည်သူများအနက် မန်နားကျေးရွာမှ အိမ်ထောင်စု ၁၀ စု၊ မန်မိုင်ကျေးရွာမှ အိမ်ထောင်စု ၁၃ စု တို့က နေရပ်ပြန်သွားပြီး လက်ရှိတွင် နေထိုင်စား သောက်ရေးအတွက် ခက်ခဲနေကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုပြန်သွားသည့် မန်နားကျေးရွာ၊ မန်မိုင်ကျေးရွာသည် နမ္မတူမြို့နယ် ကြူဆော့စစ်ဘေးရှောင်စခန်းနှင့် မိုင် ၃၀ခန့် ဝေးကွာသည်။

“ထွေအုပ်တွေဘက်က နေရပ်ပြန်ဖို့ အကြိမ်ကြိမ် လာပြောနေတော့ အဲ့စစ်ရှောင်တွေလည်း နေရပ်ပြန်သွားတယ်၊ အခု နေရပ်ပြန်သွားတဲ့သူတွေ တချို့က သူတို့ အိမ်တွေ ပျက်စီးလို့ တဲအရင်ဆောက် ပြီး အိမ်ကို ပြင်ရတာတွေ၊ စားဝတ်နေရေးအတွက် သူများဆီ လယ်ယာ အငှားလိုက်ရတာတွေ ရှိတယ်”ဟု နမ္မတူမြို့ အသက် ၃၀ ဝန်းကျင် ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူ စစ်ရှောင်

ထိုစစ်ဘေးရှောင်များသည် လွန်ခဲ့သည့် ၂၀၁၆ခုနစ်တွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ဖြစ်ပွားသည့် တိုက်ပွဲကြောင့်ထွက်ပြေးခဲ့သည့် သူများဖြစ်သည်။

စစ်ဘေးရှောင်စခန်းတွင် (၆)နှစ်သာနေထိုင်ခဲ့ရပြီး လက်ရှိ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံအုပ်ချုပ်ရေးမှူးများ၏ အတင်းအဓမ္မ နေရပ်ပြန်ခိုင်းမှုကြောင့် ပြန်သွားရသူများဖြစ်သည်။

ထိုနေရပ်ပြန်သည့်အခါတွင်လည်းတစုံတရာထောက်ပံ့မှုမရှိသလို စစ်ဘေးရှောင်များအတွက် ပြန်လည်နေရာချထား ပေးရေးလည်းမရှိကြောင်း၊ ထိုကျေးရွာတွင်လည်း ဌာနဆိုင်ရာများလည်းမရှိသေးကြောင်း သိရသည်။

“ လယ်ယာတွေအိမ်တွေ ၆နှစ်လောက်စွန့်ခဲ့ရတော့ လယ်တွေက မြေလွတ်မြေရိုင်းလိုပဲ။ အိမ်တွေဆိုရင်လည်း လူမနေတော့ ပျက်စီးနေပြီ။ ဒါတွေကို ဘယ်သူမှ တာဝန်ယူပြီး ပြန်မလုပ်ပေးဘူး။ ပြန်ဆိုတဲ့စကားလုံးပဲပြောပြီး အတင်းပြန်ခိုင်းတာ” ဟု စစ်ဘေးရှောင်ကိုကူညီပေးနေသည့် အသက် ၅၀ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များသည့် လက်ရှိမှာ အလုပ်အကိုင်မရှိသဖြင့် စားသောက်ရန်လည်း ခက်ခဲနေကြောင်း သိရသည်။

လက်ရှိတွင် ကြူဆော့စစ်ဘေးရှောင်စခန်းရှိ စစ်ရှောင်ပြည်သူများ နေရပ်ပြန်ရန် ထွေအုပ်ရုံးမှ အကြိမ်ကြိမ် လာ ရောက်ပြောဆိုသည့်အတွက် စစ်ရှောင်အချို့ နေရပ်ပြန်ရသလို အချို့သော စစ်ရှောင်များက ကြူဆော့ စစ်ရှောင် ကျေးရွာ အတွင်း အိမ်ငှားနေရသူများလည်း ရှိနေကြောင်း သိရသည်။

“ကြူဆော့စစ်ရှောင်စခန်းမှာ ကလေးတွေ ကျောင်းတက်နေသေးတာကို အကြောင်းပြုပြီး အိမ်ထောင်စု ၁၀ လောက်က နေနေသေးတယ်၊ နောင်ဆန်းရွာက စစ်ရှောင်မိသားစုတစ်ခုနဲ့ နမ့်ဟူးရွာက မိသားစုလည်း ကြူဆော့ရွာမှာ အိမ်ငှားနေနေတယ်၊ နေရပ်မပြန်သေးတဲ့အိမ်ထောင်စု ၁၀ စုကျော် ရှိသေးတယ်” ဟု စစ်ရှောင်ကူညီပေးသူတစ်ဦးက ဆိုသည်။

တိုက်ပွဲကြောင့် ကျေးရွာအနီးများတွင်ရှိနေသည့် မြေမြုပ်မိုင်းနှင့် လက်နက်ခဲယမ်းအန္တရာယ်များအတွက် အကာအကွယ် ပေးမှုများပြုလုပ်ပြီးမှ သာနေရပ်ပြန်ရေးကို ဆောင်ရွက်သင့်ကြောင်းလည်း စစ်ဘေးရှောင်ကူညီသူများက ထောက်ပြ ပြောဆိုလိုက်သည်။

နမ္မတူ စစ်ရှောင်ပုံ

“ ပြန်သူအတွက်တော့ ကျမစိတ်ပူတာ မြေမြုပ်မိုင်းကိစ္စပဲ။ မြေမြုပ်မိုင်းတွေ က ရှိနေသေးတော့ တောထဲမှာ စားစရာတွေသွားရှာရင် မိုင်းနင်းမိမှာ ကြောက်တယ်။ တောင်ပေါ်ကလူတွေက ရိုးကြတယ်။ ပြန်ဆိုရင်လည်းပြန်ကြတာပဲ။ ကိုယ့်အိမ်ကိုယ့်ဒေသမှာပဲနေချင်ကြတဲ့သူတွေလေ။ အဖက်ဖက်ကတော့စိုးရိမ်နေရတဲ့အခြေအနေပါပဲ” ဟု စစ်ရှောင် ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိတွင် နမ္မတူမြို့နယ် နှင့် မန်တုံမြို့နယ် အစပ် အနီးပတ်ဝန်းကျင်တွင် တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်ကြသည့် KIA တပ်ဖွဲ့ နှင့် TNLA တပ်ဖွဲ့တို့ သွားလာလှုပ်ရှားနေလျက်ရှိပြီး စစ်ကောင်စီ တပ်ဖွဲ့ နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများလည်း မကြာခဏ ရှိနေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...