သင်္ကန်းဝတ်ဖြင့် အမုန်းတရားဖြန့်နေသော ပေါက်ကိုယ်တော်

ပျူစောထီးလက်နက်ကိုင်အဖွဲ့၏ သင်္ကန်းဝတ်ခေါင်းဆောင် ပေါက်ကိုယ်တော် (ခေါ်) အရိယဝံသသည် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့သို့ ရောက်လာပြီးနောက် မြေပြင်ရှိ စစ်သည်များနှင့် တွေ့ဆုံကာ သျှမ်းနှင့် ပလောင် (တအာင်း) အကြား အမုန်းတရားပွားအောင် သွေးထိုးစကားများ ပြုလုပ်ခဲ့သည်။

တအာင်း(ပလောင်)အမျိုးသားများလွတ်မြောက်ရေးတပ်မတော် TNLA မှ တစ်နှစ်ကျော်ကြာ ထိန်းချုပ်ထားသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းပစ်ကူ၊ မြေပြင်စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်ပြီးနောက် အောက်တိုဘာလ ၁၇ ရက်တွင် ပြန်လည်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

သီပေါမြို့ကို စစ်ကော်မရှင်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ပျူစောထီးလက်နက်ကိုင်အဖွဲ့၏ သင်္ကန်းဝတ်ခေါင်းဆောင် ပေါက်ကိုယ်တော် (ခေါ်) အရိယဝံသ၊ စစ်တပ်ထောက်ခံသူ ကျော်စိုးဦးအပါအဝင် မဘသနှင့် စစ်တပ်ထောက်ခံသူများသည် မြေပြင်ရှိ စစ်သည်များနှင့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် တွေ့ဆုံခဲ့သည့် ရုပ်သံကို တယ်လီဂရမ်တွင် ဖြန့်ဝေလာခဲ့သည်။

သျှမ်းလူမျိုးအများစု နေထိုင်သော သီပေါမြို့ကို ပလောင်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု စွပ်စွဲပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွင် ပလောင်ကို ဘယ်လိုနည်းမှ ခွင့်လွှတ်ပေး၍ မရကြောင်း၊ သျှမ်းလူမျိုးနှင့် သျှမ်းလက်နက်ကိုင်အနေဖြင့် ပလောင်ကို ခွင့်လွှတ်ပေးသင့်၊ မသင့် စဉ်းစားရန်လိုကြောင်းနှင့် ၎င်းအနေဖြင့် ပလောင်ကို ခွင့်လွှတ်ပေးသင့်သော၊ ငြိမ်းချမ်းရေးစကားပြောသင့်သောအထဲတွင် လုံးဝ (လုံးဝ) မပါကြောင်း ပေါက်ကိုယ်တော်က ပြောဆိုခဲ့သည်။

ထို့အပြင် ပလောင်အများစုသည် အကြမ်းဖက်များသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

လူမျိုးရေး အမုန်းတရားပွားအောင် ဖြန့်ဝေနေသော ပေါက်ကိုယ်တော်သည် ဝိန်းနည်းအရ ရဟန်းအဖြစ် သတ်မှတ်၍မရကြောင်း သျှမ်းပြည်ရှိ ဦးဇင်းတစ်ပါးက ဝေဖန်သည်။

“သင်္ကန်းဝတ် ရဟန်းတစ်ပါးအနေနဲ့ အဲ့လိုမျိုး အမုန်းတရားဖြန့်နေတာ သင့်၊ မသင် ဆိုတာ မေးစရာတောင် မလိုဘူး။ ဒါက ရဟန်းတစ်ပါးအနေနဲ့ မပြုလုပ်သင့်ဘူးလေ။ ဦးဇင်းသိတဲ့ စည်းကမ်းပိုင်းအရဆို ပေါက်ကိုယ်တော်ကို ရဟန်းတစ်ပါးအနေနဲ့ သတ်မှတ်လို့ မရဘူး” ဟု ဦးဇင်းက မိန့်သည်။

“ဦးဇင်းတို့ နိုင်ငံကစနစ်တွေက စနစ်တကျမရှိတော့ ဘယ်အသိုင်းအဝိုင်းပဲ ကြည့်ကြည့် ဖရိုဖရဲတွေ ဖြစ်နေတော့တာပဲ”

အရပ်သားလက်နက်ကိုင် ပျူစောထီးများကို မွေးမြူ၍ ပြည်သူကို ပြတ်သတ်ခိုင်းသည့် ပေါက်ကိုယ်တော်သည် ရဟန်းအဖြစ် သတ်မှတ်၍မရကြောင်း၊ ပေါက်ကိုယ်တော် လုပ်ရပ်များကို သံဃာနာယက အဖွဲ့ကြီးများက လုံးဝလက်မခံသင့်ကြောင်း၊ သံဃာဂိုဏ်းအသီးသီးက ဆုံးမသင့်ကြောင်း ဆရာတော်များက မိန့်သည်။

ထို့ပြင် ငြိမ်းချမ်းရေးအကျိုးဆောင် ဆရာတော်က ရဟန်းတော်များအနေဖြင့် လူမျိုးရေး/ဘာသာရေး မလုပ်သင့်ကြောင်း၊ လူမျိုးရေး/ ဘာသာရေးတစ်ခုတည်းနှင့် သွားနေမည်ဆိုလျှင် အနာဂတ်ကို မပြောနှင့် ယခု ပစ္စုပ္ပန်၌ ပဋိပက္ခများ ဖြစ်နေကြောင်း၊ နေရာနှင့် အာဏာမက်သည့် ပုဂ္ဂိုလ်များ၏ သွေးခွဲမှုကြောင့် ယနေ့တွင် တိုင်းပြည်ပျက်စီးနေရခြင်းဖြစ်ကြောင်း မိန့်ကြားသည်။

ပေါက်ကိုယ်တော်သည် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး)၏ အဖွဲ့ဝင်ဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်းက NLD အစိုးရပြုတ်ကျရေးအတွက် မန္တလေးတွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သောကြောင့် ပေါက်ကိုယ်တော်သည် အခြားမဘသ ဘုန်းကြီးများနှင့်အတူ ဖမ်းဆီးခံရပြီး မန္တလေးအိုးဘိုထောင်တွင် ၁ နှစ်ခန့် အကျည်းကျခဲ့ဖူးကြောင်း သိရသည်။

မဘသဆိုသည်မှာ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တွင် စစ်တပ်၏ ပံ့ပိုးမှုဖြင့် ပေါ်ပေါက်လာသည့် အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုဖြစ်ပြီး နောက်ပိုင်းတွင် စစ်တပ်ကို ထောက်ခံရေး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ဆန့်ကျင်ရေး ဦးတည်လှုပ်ရှားခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးဝီရသူကဲ့သို့သော မဘသခေါင်းဆောင်များ ထောင်ထဲရောက်နေချိန်တွင် ပေါက်ကိုယ်တော်သည် အာဏာသိမ်းစစ်တပ်ကို ထောက်ခံရေးလှုပ်ရှားမှုများတွင် ရှေ့တန်းရောက်လာကာ မကွေးတိုင်းနှင့် မန္တလေးတိုင်းတွင် ပျူစောထီး ပြည်သူ့စစ်များကို ဦးဆောင်ခဲ့သည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...