စစ်တပ်ဆန့်ကျင်သူများကို AI ဖြင့် ပြုပြင်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကမ်ပိန်းအတွက် လှုံ့ဆော်ပေးနေဟု သတင်းအမှားဖြန့်

အာဏာသိမ်းစစ်တပ် ဆန့်ကျင်သူများကို AI နည်းပညာဖြင့် ပြုပြင်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲအား ထောက်ခံသော လှုပ်ရှားမှုကမ်ပိန်းတွင် ပါဝင်လှုံ့ဆော်ပေးနေကြောင်း ရုပ်သံဖိုင်တစ်ခုဖြင့် ဖြန့်ဝေနေသည်။

အဆိုပါရုပ်သံဖိုင်ကို စစ်ကော်မရှင်၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်တစ်ခုဖြစ်သော “တိုက်မောင်း” ဆိုသည့် ချန်နယ်လ်တစ်ခုမှ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖြန့်ဝေခဲ့ပြီး ကြည့်ရှုသူပေါင်း ၂၆,၀၀၀ ကျော်ရှိခဲ့သည်။

အလားတူ စစ်ကော်မရှင်၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်များဖြစ်ကြသည့် မှိုင်းဝေ၊ သားကောင်း ဇာနည်ဘွားများ တယ်လီဂရမ်ချန်နယ်လ်များကလည်း ထပ်ဆင့်ဖြန့်ဝေထားသည်။

မူးရင်းလင့်ခ် – https://archive.ph/lioCq
မှိုင်းဝေ – https://archive.ph/7mQm9
သားကောင်းဇာနည်ဘွားများ – https://archive.ph/LGlnQ

သတင်းစစ်ဆေးချက်

စစ်ကော်မရှင်၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်များမှ ဖော်ပြသော ရုပ်သံဖိုင်ကို သျှမ်းသံတော်ဆင့်၏ အချက်အလက် စစ်ဆေးသူများက စစ်ဆေးကြည့်သောအခါ အဆိုပါရုပ်သံဖိုင်သည် AI နည်းပညာဖြင့် ပြုပြင်ထားသည်ကို သိသာထင်ရှားစွာ တွေ့ရသည်။

စစ်ဆေးတွေ့ရှိချက်အရ စစ်ကော်မရှင်၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်မှ ဖော်ပြသော ရုပ်သံဖိုင်ထဲမှ စကားပြောနေသော လူပုံနှင့် အသံ ထပ်တူမကျနေသည်ကို တွေ့ရသည်။

ထို့အပြင် ရုပ်သံဖိုင်ကို AI နည်းပညာဖြင့် ပြုပြုင်ထားကြောင်း သိသာထင်ရှားသော အချက်များမှာ ရုပ်သံဖိုင်ထဲမှ လူများစကားပြောနေသည့်ပုံစံမှာ မူမမှန်ခြင်း၊ လှုပ်ရှားမှုပုံစံမှာ ပုံမှန်မဟုတ်ခြင်းတို့ကြောင့် အဆိုပါရုပ်သံဖိုင်သည် AI နည်းပညာဖြင့် ပြုပြင်ထားကြောင်း သိသာထင်ရှားသည်။

အသိသာဆုံးအချက်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသူများသည် စစ်ကော်မရှင်မှ ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို အားပေးထောက်ခံသည့်ပုံစံဖြင့် ပြုပြင်ထားသည့်အချက်သည် ယုတ္တိမရှိဆုံးအချက်ဖြစ်သည်။

သုံးသပ်ချက်

ထိုကြောင့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ထောက်ခံသော လှုပ်ရှားမှုကမ်ပိန်းတွင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သူများက ပါဝင်လှုံ့ဆော်ပေးနေသည့် ရုပ်သံဖိုင်သည် AI နည်းပညာဖြင့် ပြုပြင်ထားကြောင်း စိစစ်တွေ့ရှိခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပြင်ဆင်ဖွဲ့စည်းကြောင်း ဒီဇင်ဘာလ ၈ ရက်နေ့က ကြေညာချက် ထုတ်ပြီးနောက် ယခုလို AI ဖြင့် ပြုပြုင်ထားသော ရုပ်သံဖိုင်များထွက်ပေါ်လာခြင်း ဖြစ်သည်။

လူထုစိတ်ဝင်စားမှုမရှိသည့် အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲကို လူများအာရုံစိုက်လာရန်နှင့် မဲထွက်ပေးကြရန် အနုပညာရှင်များကို အသုံးပြုပြီး ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ပေးသည့် ရုပ်သံဖိုင်ကို စစ်ကော်မရှင်ပိုင် ရုပ်သံချယ်နယ်များတွင် ၂၀၂၅ နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ဖော်ပြခဲ့သည်။

ရွေးကောက်ပွဲဝါဒဖြန့်ဖို့ အနုပညာရှင်တွေကို စစ်တပ် အသုံးပြုနေ – https://shorturl.at/36Ydt

ပြီးခဲ့သည့် အပတ်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန တို့၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေဇိုးပုံကို AI ဖြင့် ပြုပြင်ပြီး ဒေါ်တာဆာဆာအား တော်လှန်ရေး သစ္စာဖောက်ဟု ပြောဆိုသည့် ရုပ်သံဖိုင်တစ်ခုကိုလည်း ဖြန့်ဝေခဲ့သည်။

အဆိုပါအကြောင်းအရာကို MFCN အဖွဲ့ဝင် DNA သတင်းဌာနကလည်း စစ်ဆေးထားပါသည်။
သတင်းလင့်ခ် – https://shorturl.at/vDBPL

AI နည်းပညာများထွန်းကားလာသည့် ယနေ့ခေတ်တွင် စာဖတ်ပရိတ်သတ်များ အနေဖြင့်လည်း လူမှုကွက်ရက်စာမျက်နှာပေါ်မှ ပျံ့နှံ့လာသော အကြောင်းအရာများကို ချက်ချင်း မယုံကြည်ဘဲ သံသယ ဖြစ်ဖွယ်အကြောင်းအရာများဟု ယုံကြည်စရာရှိလာပါက ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်များဖြင့် စစ်ဆေးအတည်ပြုကြရန် တိုက်တွန်းလိုပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

shannews #factcheck #MFCN #factcheck #ရွေးကောက်ပွဲ #အနုပညာရှင် #NUG

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...