ဒေါ်ဇင်မာအောင် ဖမ်းဆီးခံရသည်ဆိုသည့် ရုပ်သံမှာ AI ဖြင့် ဖန်တီးထားသော သတင်းအမှားသာဖြစ်

လူမှုကွန်ရက်စာမျက်နှာများတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဖမ်းဆီးခံလိုက်ရပြီဟုဆိုကာ ရုပ်သံဗီဒီယိုတစ်ခု ပျံ့နှံ့နေသည်။

အဆိုပါရုပ်သံကို “Big Star MeMe” အမည်ရှိ လူမှုကွန်ရက်စာမျက်နှာတစ်ခုမှ မတ်လ ၄ ရက်နေ့တွင် စတင်ဖြန့်ချိခဲ့ခြင်း ဖြစ်ပြီး ကြည့်ရှုသူ ၁၂,၀၀၀ ကျော်နှင့် ပြန်လည်မျှဝေသူ ၄၀၀ ကျော် ရှိခဲ့သည်။

သတင်းအမှား ဖြန့်ဝေသော လင့်ခ် – https://archive.ph/BwbSs

သတင်းစိစစ်ချက်

လူမှုကွန်ရက်စာမျက်နှာများပေါ်မှ ပျံ့နှံ့နေသာ ဗီဒီယိုကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်၏ အချက်အလက် စစ်ဆေးသူက အသေးစိတ် စစ်ဆေးကြည့်ရာတွင် ဒေါ်ဇင်မာအောင်၏ မျက်နှာမှာ သဘာဝမကျဘဲ တောင့်တင်းနေခြင်း၊ လှုပ်ရှားမှုနှင့် အသံ ကိုက်ညီမျှမရှိခြင်းတို့ကို တွေ့ရသည်။

၎င်းမှာ AI နည်းပညာကို အသုံးပြုကာ အခြားသူတစ်ဦး၏ ရုပ်သံပေါ်တွင် ဒေါ်ဇင်မာအောင်၏ မျက်နှာကို အစားထိုးထားခြင်းသာ ဖြစ်သည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဖမ်းဆီးခံရသည့်သတင်းကို BBC, RFA, DVB နှင့် Mizzima စသည့် ယုံကြည်စိတ်ချရသော ပြည်တွင်းပြည်ပ သတင်းဌာနများတွင် တစ်စုံတစ်ရာ ဖော်ပြထားခြင်း မရှိပါ။

ဒေါ်ဇင်မာအောင်၏ တရားဝင် Facebook စာမျက်နှာနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တရားတင် ထုတ်ပြန်ချက်များတွင်လည်း ဖမ်းဆီးခံရသည်ဟု ဖော်ပြထားခြင်းမရှိဘဲ ပုံမှန်လုပ်ငန်းဆောင်တာများကို ဆက်လက် လုပ်ဆောင်နေသည်ကို တွေ့ရသည်။

ဒေါ်ဇင်မာအောင်၏ တရားဝင် Facebook – https://www.facebook.com/officialzinmaraung
NUG ၏ တရားဝင်ထုတ်ပြန်သည့် Page – https://www.facebook.com/NUGmyanmar

အဆိုပါဗီဒီယိုကို စတင်ဖြန့်ဝေသူများမှာ သတင်းဌာနအတုများ၊ ဝါဒဖြန့်ရန် ရည်ရွယ်သည့် အကောင့်တုများနှင့် Clickbait (ဝင်ကြည့်သူများစေရန် လိမ်လည်ရေးသားခြင်း) လုပ်ဆောင်နေသည့် ချန်နယ်များသာ ဖြစ်သည်ကို တွေ့ရသည်။

သုံးသပ်ချက်

ထိုကြောင့် ဒေါ်ဇင်မာအောင် ဖမ်းဆီးခံရသည်ဆိုသည့် ရုပ်သံသည် AI နည်းပညာသုံး၍ လုပ်ကြံဖန်တီးထားသော သတင်းအမှားသာ ဖြစ်သည်။

အများပြည်သူများအနေဖြင့် ထိတ်လန့်စိုးရိမ်ဖွယ် သတင်းများကို တွေ့ရှိပါက ခိုင်လုံသော သတင်းဌာနများတွင် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ယုံကြည်ကြရန်နှင့် ဆက်လက်မဖြန့်ဝေကြရန် တိုက်တွန်းအပ်ပါသည်။

စာဖတ်သူတွေအနေဖြင့် သတင်းတု/သတင်းမှား ဖြစ်သည်ဟု သံသယရှိသည် လည်းကောင်း၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုသည် လည်းကောင်း၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းတွေ၏ Chat Box မှတစ်ဆင့် သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို အောက်ဖော်ပြပါ Links ကနေတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Website link – https://myanmarfactcheckingnetwork.org
Facebook link – https://www.facebook.com/share/1Cy232FQNo/

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

တောင်ကြီးမြို့တွင် အိမ်နံပါတ် စုံ/ မ စနစ်ဖြင့် လျှပ်စစ်မီးပေးမည်ဆိုသည့် သတင်းအမှား

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်နံပါတ်များအား စုံ၊ မ စနစ်ဖြင့် လျှပ်စစ်မီးပေးရန် တောင်ကြီး EPC ပြင်ဆင်နေကြောင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။ အဆိုပါအကြောင်းအရာကို တောင်ကြီး သား/သူများ ဆုံစည်းရာ | Taunggyi Thar/Thu Group ဖေ့ဘွတ်ခ် ဂရုတစ်ခုတွင်...

တောင်ကြီးတွင် အမျိုးသမီးများ ပေါ်တာဆွဲသည့်သတင်းကို စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များက သတင်းအမှားဖြစ်သည်ဟု ပုံဖျက်နေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အမျိုးသမီးများအား ပေါ်တာဆွဲနေသည်ဆိုသော ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်သည် သတင်းမှားသာဖြစ်ပြီး ဒေသခံများက အဆိုပါသတင်းဌာနကို ပြန်လည်တုံပြန်နေသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေနေသည်။ အဆိုပါအကြောင်းအရာကို စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော “Ko Thet” တယ်လီဂရမ်ချန်နယ်မှ မတ်လ ၅ ရက်နေတွင် ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ကြည့်ရှုသူပေါင်း...

PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG ရဲ့ ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်လို့ သတင်းမှားဖြန့်ချိ

0
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်ဆိုပြီးစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။ အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီးတော့ ဝင်ရောက်ကြည့်ရှု့သူ နှစ်သောင်းလေးထောင်ကျော်ရှိနေပြီး ပြန့်နှံ့မှုတွေ များနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...

ငလျင်လှုပ်ပြီးနောက် ပေါ်လာတဲ့ ကရင်နီပြည်က ကျင်းကြီးဟာ ​​​မှောင်ခိုလမ်းဖြစ်တယ်ဆိုတဲ့ သတင်းအမှား

0
ကရင်နီပြည်မှာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း မြေကျွံကျသွားပြီး အနက် ၁၀၀ ကျော်ရှိတဲ့ ကျင်းကြီးဟာ မှောင်ခိုလမ်းဖြစ်တယ်ဆိုပြီး ဖေ့ဘွတ်လူမှုကွက်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီအကြောင်းအရာကို ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတခုဖြစ်တဲ့ K Moon Eain ဆိုတဲ့အကောင့်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...