အင်းလေးဒေသ ရေခမ်းခြောက်မှု ယခင်ကထက် ပိုဆိုးလာ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု မပြုလုပ်နိုင်သဖြင့် ယခင်ကထက် ရေခမ်းခြောက်မှု ပိုမိုဆိုးရွားလာကြောင်း စုံစမ်းသိရသည်။

အင်းလေးကန်သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ နုန်းစုပ်စက်ကြီးကို အသုံးပြုနိုင်ခြင်း မရှိသည့်အပြင် နိုင်ငံရေး အပြောင်းအလဲကြောင့် အင်းလေးကန် ရှင်းလင်းမှု ရပ်တန့်ခဲ့သည်။

ထို့ကြောင့် အင်းလေးကန်ကို ၁၀ နှစ်ကျော်ကြာ ပြုပြင်ထိန်းသိမ်းမှု မရှိလာသည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် သစ်တောပြုန်းတီးမှုများ ဆိုးရွားလာသဖြင့် ရေခမ်းခြောက်မှု ပိုဆိုးရွားလာကြောင်း Save The Inle Lake အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အင်းလေးကန်တဝှိုက် တောင်ကုန်းတွေ သစ်တောပြုန်းတီးလာတယ်၊ တောင်ယာချဲ့ထွင်မှုတွေ များလာတယ်။ မိုးရွာလိုက်တာနဲ့ စိုက်ပျိုးတောင်ယာကနေနုန်းတွေ မိုးရေနဲ့အတူ ပါလာတယ်။ နောက်ပြီး နုန်းမဆယ်ရာကနေ နွေဆိုရင် ရေခမ်းခြောက်၊ မိုးရာသီဆိုရင် ရေကြီးတာတွေ ဖြစ်လာတာပဲ” ဟု ဦးခင်မောင်လတ်က ဆိုသည်။

လက်ရှိ အင်းလေးကန် ရေခမ်းခြောက်မှုကြောင့် သွားလာမှုအတွက် ခက်ခဲပြီး၊ သောက်သုံးရေရရှိရန်အတွက်လည်း ခက်ခဲနေကြောင်း သိရသည်။

“အခုဆိုရင် ဖောင်တော်ဦး အရှေ့ဘက် ရွာတွေကချောင်းတွေလည်း ရေမရှိဘူး၊ သွားလာရဖို့တော့ ခက်ခဲသွားတယ်။ သောက်ရေ အတွက်ကတော့ ဝယ်နေရတော့၊ ချောင်းရေ သိပ်မသန့်တော့ သုံးရေအတွက်ကြ‌တော့ ‌ရေတွင်းကို သုံးနေရတာ။ ဒါတောင် ရေက နည်းနည်းခမ်းနေတယ်၊ ရွာထဲက ချောင်းဆိုရင် လမ်းတောင်လျှောက်လို့ရတယ်”ဟု သာလေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အင်းလေးကန်း၏ ဂေဟစနစ် စတင်ပျက်စီးမှုကြောင့် အနောက်မြောက်ဘက်ခြမ်းရှိ ဖောင်တော်ဦး ဘုရား အနီးတဝိုက်ရှိ ကျေးရွာများတွင် ပုံမှန်ပေါက်နေသည့် ရေမှော်ပင်ပါ မပေါက်နိုင်သည့် အခြေအနေဖြစ်နေကြောင်း ဦးခင်မောင်လတ်က ထပ်လောင်းပြောသည်။

အဆိုပါ အင်းလေးကန်အတွင်း စီးဝင်နေသည့် နုန်းမြေ ပြဿနာများ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အချိန်မီ ပြန်လည်ပြုပြင် ထိန်းသိမ်းနိုင်ရန် နိုင်ငံတော်အဆင့် တင်ပြကာ ဆောင်ရွက်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“၂၀၁၅ ကတည်းက နုန်းစုပ်စက်ကြီးကို ပုံမှန် လည်ပတ်နိုင်ခဲ့ရင် အခုလိုမျိုး ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ အခုနှစ်မှာ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဒီနုန်းတွေကို ပြန်စုပ်ထုတ်ဖို့ စီစဉ်နေပါတယ်။ ဒါက အင်းလေးကန် တစ်ခုတည်းတင် မဟုတ်ဘဲ အင်းလေးကန်နဲ့ ဆက်စပ်နေတဲ့ တောင်ကုန်းတွေမှာ သစ်ပင်စိုက်တာ၊ ရေဝေရေလဲနဲ့ ချောင်းတွေကနေ နုန်းတွေ မဆင်းအောင် ထိန်းသိမ်းတာတွေကိုပါ တပြိုင်တည်း လုပ်ဆောင်ရမှာပါ”ဟု ၎င်းကဆက်ပြောသည်။

အင်းလေးဒေသတွင် တိုက်နယ်ပေါင်း (၄၃) ခုရှိပြီး ကျေးရွာပေါင်း (၄၄၄) ရွာရှိကာ နှစ်စဉ် ဧပြီလရောက်လျှင် ရေခမ်းခြောက်မှု နေရာအနှံ့၌ ဖြစ်ပွားကြောင်း သိရှိရသည်။

အင်းလေးကန်အတွင်း စီးဝင်နေသော ချောင်းကြီး လေးချောင်းနှင့် ချောင်းသွယ်ပေါင်း ၂၉ ချောင်း ရှိကြောင်း သိရသည်။

အင်းလေးကန်ကို ထိန်းသိမ်းရန်အတွက် ကန်၏ရေဝေရေလဲ ဧရိယာထဲတွင် သစ်တောများ ပြန်လည် ထိန်းသိမ်းခြင်း၊ ချဲ့ထွင်ထားသည့် စိုက်ပျိုးမြေကို ပြန်စိစစ်ခြင်း၊ ထပ်တိုးလာသည့် ကျွန်းမျော စိုက်ခင်းများကို ပြန်လည်ထိန်းချုပ်ခြင်း စသည့် ကိစ္စရပ်များကို လုပ်နိုင်မှသာလျှင် အင်းလေးကန်ကို ပြန်လည် ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်နိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်လက်အောက်ခံ ရဲနှင့် PNO မူးယစ်ဆေးရောင်းသူကို မဖမ်းဘဲ သုံးစွဲသူကို ပစ်မှတ်ထားဖမ်းနေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ပုံးအင်းဒေသနှင့် ရွာငံမြို့နယ်တို့တွင် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ် PNO များက မူးယစ်ဆေးဝါး ရောင်းသူများကို မဖမ်းဘဲ သုံးစွဲသူများကို လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းခိုင်းကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၁၃ ရက်တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ကျေးရွာအုပ်စု အတွင်းရှိ မူးယစ်ဆေးဝါး...

ငလျင်ဘေးဒဏ်ခံ အင်းလေးပြည်သူများကို ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင် လာရောက်ထောက်ပံ့

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ငလျင်ဘေးဒဏ် ခံစားခဲ့ရသည့် အင်းလေးပြည်သူများကို ၅ လကျော်အကြာ ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင်က ငွေကြေး လာရောက် ထောက်ပံ့သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၈ ရက်) တွင် အင်းလေးဒေသသို့ စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငလျင်ဘေးဒဏ်ခံရသည့် နေအိမ်များအတွက် ငွေကျပ်...

အင်းလေးတွင် လေပြင်းတိုက်ခတ် နေအိမ်များ ခေါင်မိုးလန် ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လေပြင်းတိုက်ခတ်သဖြင့် နေအိမ် ခေါင်မိုးများလန်ပြီး ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ် ၂၆)ရက် မွန်းလွဲပိုင်းတွင် အင်းလေးဒေသ ကန်ခေါင်းကျေးရွာနှင့် စန်ခမ့်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ခေါင်မိုးလန်ကာ ပျက်စီးမှုရှိကြောင်း ဒေသခံများထံသိရသည်။ “ဒီညနေကမှ ဖြစ်တာ အိမ်တွေက ဘယ်နလုံးလဲ သေချာမသိရသေးဘူး၊ ၂၀...

ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေထပ်မံမြင့်တက်၊ ရေလွှတ်ရာပြောင်းရွှေ့နေရ

0
ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ယခုရက်ပိုင်း ရေထပ်မံမြင့်တက်လာပြီး ဒေသခံများ ပြောင်းရွှေ့ နေထိုင်ရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၁၃ရက်) ညပိုင်း မိုးသည်းထန်စွာသွန်းမှုကြောင့် ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသအတွင်းရှိ ကျေးရွာများရေကြီးမှု ထပ်မံဖြစ်ပွားခဲ့ပြီး ရေလွှတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း ညောင်ရွှေမြို့ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ရေတွေကမကျသေးဘူး။ တချို့ရပ်ကွက်က လူတွေကတော့ အရင်တခါရေကြီးကတည်းက...

‌ညောင်ရွှေမြို့ရှိ စပါးခင်းများ တောင်ကျရေကြောင့် ပျက်စီး

0
သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် မိုးသည်းထန်ကာ တောင်ကျရေများကြောင့် စပါးခင်း ဧကများစွာ ရေမြှုပ် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။ ညောင်ရွှေမြို့နယ်တွင် ပြီးခဲ့သည့် (ဇွန်လ ၁၁ရက်မှ ၁၃ ရက်) အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေကြောင့် စပါးခင်းနှင့် မြေအနိမ့်ပိုင်းရှိ ရပ်ကွက်အချို့ ရေနစ်မြှုပ်ခဲ့ကြောင်း ညောင်ရွှေဒေသခံများက ပြောသည်။ ထိုသို့...