အင်းလေးတွင် လေပြင်းတိုက်ခတ် နေအိမ်များ ခေါင်မိုးလန် ပျက်စီး

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လေပြင်းတိုက်ခတ်သဖြင့် နေအိမ် ခေါင်မိုးများလန်ပြီး ပျက်စီးသွားကြောင်း သတင်းရရှိသည်။

ယနေ့ (သြဂုတ် ၂၆)ရက် မွန်းလွဲပိုင်းတွင် အင်းလေးဒေသ ကန်ခေါင်းကျေးရွာနှင့် စန်ခမ့်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ခေါင်မိုးလန်ကာ ပျက်စီးမှုရှိကြောင်း ဒေသခံများထံသိရသည်။

“ဒီညနေကမှ ဖြစ်တာ အိမ်တွေက ဘယ်နလုံးလဲ သေချာမသိရသေးဘူး၊ ၂၀ လုံးကျော်မလား မသိဘူး။ ရေတွေလည်း တစ်လက်မလောက် ပြန်တက်လာတယ်။ ဒီညနေ လေအရမ်းပြင်းတာ။ မုန်တိုင်းအဖြားခတ်တာထင်တယ်။”ဟု ဒေသခံ အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ဦးက ဆိုသည်။

ယခုလက်ရှိအင်းလေးတွင် နေအိမ် ခေါင်မိုးလန်သွားသည့်အိမ်များကို အိမ်နီးနားချင်းများက ကူညီနေကြပြီး နောက်ထပ် အကူညီတွေ လိုအပ်နေသေးကြောင်း သိရသည်။

အင်းလေးတွင် ရေဘေး ၊ငလျင်ဘေးသင့်နေချိန် ဖောင်တော်ဦးဘုရားပွဲကို လာမည့် စက်တင်ဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိ စစ်ကော်မရှင်နှင့် PNO ပြည်သူ့ စစ်ဦးဆောင်ပြီး မဖြစ်ဖြစ်အောင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

အင်းလေးဒေသ ရေခမ်းခြောက်မှု ယခင်ကထက် ပိုဆိုးလာ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု မပြုလုပ်နိုင်သဖြင့် ယခင်ကထက် ရေခမ်းခြောက်မှု ပိုမိုဆိုးရွားလာကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ နုန်းစုပ်စက်ကြီးကို အသုံးပြုနိုင်ခြင်း မရှိသည့်အပြင် နိုင်ငံရေး အပြောင်းအလဲကြောင့် အင်းလေးကန် ရှင်းလင်းမှု ရပ်တန့်ခဲ့သည်။ ထို့ကြောင့် အင်းလေးကန်ကို ၁၀ နှစ်ကျော်ကြာ...

စစ်တပ်လက်အောက်ခံ ရဲနှင့် PNO မူးယစ်ဆေးရောင်းသူကို မဖမ်းဘဲ သုံးစွဲသူကို ပစ်မှတ်ထားဖမ်းနေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ပုံးအင်းဒေသနှင့် ရွာငံမြို့နယ်တို့တွင် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ် PNO များက မူးယစ်ဆေးဝါး ရောင်းသူများကို မဖမ်းဘဲ သုံးစွဲသူများကို လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းခိုင်းကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၁၃ ရက်တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ကျေးရွာအုပ်စု အတွင်းရှိ မူးယစ်ဆေးဝါး...

ငလျင်ဘေးဒဏ်ခံ အင်းလေးပြည်သူများကို ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင် လာရောက်ထောက်ပံ့

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ငလျင်ဘေးဒဏ် ခံစားခဲ့ရသည့် အင်းလေးပြည်သူများကို ၅ လကျော်အကြာ ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင်က ငွေကြေး လာရောက် ထောက်ပံ့သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၈ ရက်) တွင် အင်းလေးဒေသသို့ စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငလျင်ဘေးဒဏ်ခံရသည့် နေအိမ်များအတွက် ငွေကျပ်...