ငလျင်ဘေးဒဏ်ခံ အင်းလေးပြည်သူများကို ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင် လာရောက်ထောက်ပံ့

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ငလျင်ဘေးဒဏ် ခံစားခဲ့ရသည့် အင်းလေးပြည်သူများကို ၅ လကျော်အကြာ ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင်က ငွေကြေး လာရောက် ထောက်ပံ့သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (စက်တင်ဘာလ ၈ ရက်) တွင် အင်းလေးဒေသသို့ စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငလျင်ဘေးဒဏ်ခံရသည့် နေအိမ်များအတွက် ငွေကျပ် သန်းပေါင်း ငါးထောင်ကျော် လာရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့က ၅ လကျော်အကြာ ငလျင်ဘေးဒဏ်သင့်သူများကို ရွေးကောက်ပွဲရက်နီးမှ ထောက်ပံ့ငွေ ပေးနေသည်မှာ ရွေးကောက်ပွဲနှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း အသက် ၃၀ ဝန်းကျင် အင်းလေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ ခုလိုမျိုး လာပြီး ငွေအင်အား ကူညီပေးတာတော့ ကောင်းပါတယ်၊ ငလျင်က ဖြစ်ပြီး လပိုင်းတောင် ကြာနေပြီ။ ဒီကြားထဲမှာ အင်းလေးက ရေဘေး၊ လေဘေးပါ ထပ်ခံထားရတာ။ သူတို့ လာထောက်ပံ့တဲ့ ငွေတွေက နိုင်ငံတော်ရဲ့ ငွေလား ဒါမှမဟုတ် နိုင်ငံတကာက ကူညီထားတဲ့ ငွေလားတော့ မသိဘူး။ ရွေးကောက်ပွဲနီးမှ လာထောက်ပံ့တာက သူတို့ရဲ့ လှည့်ကွက်လည်း ဖြစ်နိုင်သလို မဲဆွယ်တာလည်း ဖြစ်နိုင်တယ်”ဟု အဆိုပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ငလျင်ဒဏ်သင့်သည့် အင်းလေးလူထုထံသွားရောက်လှူဒါန်းနေစဉ်

ငလျင်ဘေးဒဏ်ခံရသူများသည် ပြန်လည်ထူထောင်ရန် ခက်ခဲလာသောကြောင့် ယာယီတဲဖြင့်သာ ဖြစ်သလို နေထိုင်နေကြရပြီး တချို့သော အိမ်များမှာ လုံးဝ ပျက်စီးသွားခြင်းကြောင့် နေစရာမရှိသူများလည်း အများအပြား ရှိနေကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။

အဆိုပါ ငွေကြေးထောက်ပံ့ရာတွင် ကေလာရွာ၊ ပုလဲဦးရွာ၊ ဟဲယာရွာမ၊ မြောင်းဝကြီး ရွာနှင့် ညောင်ဝန်းကျေးရွာ အတွက်သာ ထောက်ပံ့ငွေစာရင်း ပါကြောင်းနှင့် အခြားသော ငလျင်ဘေးဒဏ်ခံရသည့် ကျေးရွာများ မပါသောကြောင့် စိတ်မကောင်းဖြစ်မိကြောင်း အင်လေးဒေသခံ လူငယ်တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့က ထောက်ပံ့ကြေး ပေးတဲ့အထဲမှာ ရွာငါးရွာအတွက်ပဲ ပါတယ်။ တခြားရွာတွေလည်း ခံရတာကို သူတို့လည်း ရသင့်တာပေါ့။ တစ်အိမ်ကို ဘယ်လောက်နှုန်းနဲ့ ထောက်ပံ့ကြေး ပေးအပ်မလဲတော့ မသိဘူး၊ ကျနော်တို့လည်း စောင့်ကြည့်နေတုန်းပဲ။ များများပျက်စီးတဲ့သူကို များများထောက်ပံ့မှာလား ဘယ်လိုလဲတော့ မသိရသေးပါဘူး”ဟု အဆိုပါ လူငယ်အမျိုးသား တစ်ဦးက ပြောသည်။

စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဟဲယာရွာမအတွက် ငွေကျပ် သန်းတစ်ထောင်ရရှိပြီး ငလျင်ကြောင့် ပျက်စီးခဲ့သည့် အိမ်ခြေ ၁၀၀ ရှိပါ တစ်အိမ်လျှင် ငွေကျပ် သိန်း(၁၀၀) စီ အချိုးကျ ရရှိမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် အင်းလေးဒေသတွင် နေအိမ် ၄၀၀၀ နီးပါး ပျက်စီးသွားပြီး လူဦးရေ ၄၀ ထက်မနည်း သေဆုံးခဲ့ရသည်။

လာမည့် စက်တင်ဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိ အင်းလေးဖောင်တော်ဦး ဘုရားပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ထိုဘုရားပွဲကို စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က လုံခြုံရေးယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...