စစ်တပ်လက်အောက်ခံ ရဲနှင့် PNO မူးယစ်ဆေးရောင်းသူကို မဖမ်းဘဲ သုံးစွဲသူကို ပစ်မှတ်ထားဖမ်းနေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ပုံးအင်းဒေသနှင့် ရွာငံမြို့နယ်တို့တွင် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ် PNO များက မူးယစ်ဆေးဝါး ရောင်းသူများကို မဖမ်းဘဲ သုံးစွဲသူများကို လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းခိုင်းကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၁၃ ရက်တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ကျေးရွာအုပ်စု အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းချသည့်နေရာကို စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့က ရှောင်တခင် သွားရောက်စစ်ဆေးခဲ့ပြီး မူးယစ်ဆေးသုံးစွဲသူနှင့် ရောင်းဝယ်ဖောက်ကားသူ စုစုပေါင်း ၁၁ ဉီး ဖမ်းဆီးရမိခဲ့သည်။

ထိုထဲတွင် မူးယစ်ဆေးသုံးစွဲသူ ၁၀ ဉီးကို ညောင်ရွှေမြို့နယ် နန်းပန်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ကျန်မူးယစ်ဆေးရောင်းချသူ တစ်ဉီးကို ကျပ်ငွေ သိန်း ၈၀ ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ဖြစ်စဉ်သိရှိသူများက ပြောသည်။

“နန်းပန်မှာ ဆေးသုံးသူရော၊ ရောင်းသူရော ၁၁ ဉီး ဖမ်းခံရတယ်။ ရောင်းပေးတဲ့သူကို သိန်း ၈၀ နဲ့ ပြန်လွှတ်ပေးလိုက်တယ်” ဟု ဖြစ်စဉ်သိရှိသူ အင်းလေးဒေသခံ အမျိုးသားတစ်ဉီး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့ထံ ငွေကြေးပေးပြီး ပြန်လွှတ်လိုက်သည့် မူးယစ်ဆေးရောင်းသူသည် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့ဝင်ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

အလားတူ အောက်တိုဘာလ ၅ ရက်တွင် တောင်ကြီးမြို့နယ် ပုံးအင်းဒေသ ရေဝန်းကျေးရွာတွင် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဉီးထံ WY မူးယစ်ဆေးပြား ၅ ထုပ် ဖမ်းမိခဲ့သဖြင့် ဆေးပြားတစ်ပြားလျှင် ငွေကျပ် ငါးသိန်း နှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၂၅၀ ဖြင့် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ထံတွင် ပြန်ရွေးထုတ်ခဲ့ကြောင်း ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းတွင်လည်း ပုံးအင်းဒေသတွင် စစ်ကော်မရှင်လက်အောက်ခံ ရဲအရာရှိများက မူးယစ်ဆေးဝါး သုံးစွဲသူများကို ဖမ်းဆီးပြီး တစ်ဉီးလျှင် ကျပ်ငွေ သိန်း (၇၀) ဖြင့် ပြန်ရွေးခိုင်းပြီး၊ မရွေးနိုင်သူများကို စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်းလည်း ပုံးအင်းဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရဲတွေက ဆေးသုံးသူတွေကို ဖမ်းပြီး ငွေကျပ် သိန်း ၇၀ နဲ့ ပြန်ရွေးခိုင်းတယ်။ ရွေးဖို့ ပိုက်ဆံမရှိတော့ သူ့(ဆေးသုံးသူ) မိဘတွေက ပစ္စည်းခိုး။ အဲ့လိုနဲ့ လူမိတော့ သားကို စစ်မှုထမ်းထဲ ထည့်လိုက်ရတာလည်း ရှိတယ်” ဟု ဖြစ်စဉ်သိရှိသူ ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်ပိုင်းတွင် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှုများ မြင့်တက်လာပြီး သုံးစွဲသူများသည် ဆယ်ကျော်သက်အရွယ်မှ စပြီး ရှိကြောင်း မြေပြင်သတင်းပေးပို့သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အသက် ၁၇ နှစ် အရွယ်ကနေစပြီး ဆေးသုံးနေပြီ၊ ယောကျ်ားလေးရော မိန်းကလေးတွေရော ပါတယ်။ အခုက နေ့စားလိုက်တဲ့ သူတောင် မုန့်အစား WY မူးယစ်ဆေးကို ကျွေးနေတဲ့ခေတ်” ဟု အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက လက်ရှိ အင်းလေးဒေသ အခြေအနေကို ရှင်းပြသည်။

ထိုသို့ ကြီးထွားလာခြင်းသည် မူးယစ်ဆေးဝါး ရောင်းချသူများက စစ်ကော်မရှင် လက်အောက်ခံ စစ်သား၊ ရဲများနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တပ်သားများကို ပူးပေါင်းပြီး ရောင်းချနေကြောင်းလည်း ကိုယ်တိုင်သိမြင်သည့် အသက် ၃၀ အရွယ် ရွာငံဒေသခံ အမျိုးသမီးတစ်ဉီးက ပြောသည်။

“ရောင်းတဲ့လူက စစ်တပ်နဲ့ ပေါင်းနေတဲ့ တစ်ယောက်ပဲ။ သူ့လက်အောက်မှာ ကူရောင်းတဲ့ သူတွေ များမှများ။ မသုံးတတ်တဲ့ လူငယ်တွေကို သူတို့က အလကား ပေးသုံးတာ။ စွဲသွားပြီဆိုမှ ပိုက်ဆံတွေနဲ့ ပေးဝယ်ရတာ။ ဆေးပြားလိုချင်တယ်ဆိုရင် တကူးတက သွားစရာမလိုဘူး၊ ဖုန်းလေး တစ်ချက် ဆက်လိုက်တာနဲ့ အိမ်ရှေ့ရောက်လာပြီးသား။ အဲ့လောက်တောင် အလွယ်တကူ ဝယ်လို့ရနေပြီ”ဟု ရွာငံဒေသခံ ၎င်းအမျိုးသမီးက ဆိုသည်။

အဆိုပါ မူးယစ်ဆေး ရောင်းချသူများကို မဖမ်းဆီးဘဲ သုံးစွဲသူများကို စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး နှစ်ရက်အကြာတွင် ပြန်လွှတ်ပေးလိုက်ကြောင်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

စစ်ကော်မရှင်တပ် အာဏာမသိမ်းခင်က သျှမ်းပြည်တောင်ပိုင်းတွင် မူးယစ်ဆေးဝါးများကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ်သုံးစွဲသူများ မရှိခဲ့ဘဲ ဒေသတွင်း ကျေးရွာအသီးသီးတွင်လည်း မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လုပ်ဆောင်သူများလည်း ရှိခဲ့ကြောင်း သိရသည်။

သို့သော် စစ်ကော်မရှင်တပ် အာဏာသိမ်းပြီး ငါးနှစ်တာ ကာလအတွင်း မူးယစ်ဆေးဝါးများကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ်သုံးစွဲမှု ပြုလာပြီး ဖမ်ဆီးအရေးယူမှုများလည်း ဟန်ပြသာ ပြုလုပ်နေကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေး မျှဝေသူများလည်း မရှိတော့ကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...