စစ်ကောင်စီထိန်းချုပ် မူဆယ်မြို့ တရားဉပဒေစိုးမိုးမှုမရှိ၊ လောင်းကစားရုံ/မူးယစ်ဆေးပေါများ

“၁၀၂၇ စစ်ဆင်ရေး”အတွင်း ချန်ထားခဲ့သည့် စစ်ကောင်စီထိန်းချုပ်ရာ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အတွင်း လောင်းကစားရုံနှင့် မူးယစ်ဆေးဝါး ပေါများလာသည့်အပြင် တရားဉပဒေ စိုးမိုးမှုလည်း မရှိတော့ကြောင်း စုံစမ်းသိရသည်။

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့အတွင်း လောင်းကစားရုံများ၊ KTV များ အထူးပေါများနေကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူ များလာသည်နှင့်အမျှ လုယက်မှု၊ ခိုးမှုများလည်း နေ့စဉ်နှင့်အမျှ ဖြစ်ပွားလာနေကြောင်း မူဆယ်ဒေသခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မြို့ပေါ်မှာ ၃ ဆိုင်ရှိတယ်၊ ဘော်လုံးကွင်းအဟောင်းနားမှာပဲ။ လောင်းကစားအပြင် မူးယစ်ဆေး တွေလည်း ရောင်းဝယ် သုံးစွဲနေတာ။ တစ်ချို့ကျ လောင်းကစားသွားလုပ်တယ်၊ တစ်ချို့ကျ မူးယစ်ဆေးတွေ သွားသုံးတာ။ အဲ့တာ မြို့လယ်ခေါင်မှာနော်၊ မြို့ပတ်ပတ်လည်မှာလည်း ရှိတယ်” ဟု အမည်မဖေါ်လိုသည့် လူငယ်တစ်ဉီးက ပြောသည်။

Photo – Credit ( မူဆယ်မြို့နာရီစင်)

မူဆယ်မြို့ပေါ်ရှိ လောင်းကစားရုံများတွင် ငါးပစ်ဂိမ်းစက်များ၊ ဗီဒီယို ဂိမ်းစက်များ၊ ဂုံးဂင်းဝိုင်းများ ဖွင့်လှစ်နေပြီး လောင်းကစားဝိုင်းနှင့်အတူ မူးယစ်ဆေးများပါ ရောင်းချနေသည့်အတွက် ခိုးမှု၊ လုယက်မှုလည်း ပူးတွဲဖြစ်ပေါ်လာနေကြောင်း ဒေသခံများက ပြောဆိုသည်။

“ခိုးတာ၊ လုတာတို့ကတော့ နေ့တိုင်းလိုလို ဖြစ်နေတာပဲ သတင်းမထွက်တာပဲ ရှိတယ်။ အဓိက လောင်းကစားရုံတွေ ပေါလာတာ၊ မူးယစ်ဆေးသုံးတဲ့လူတွေ များလာတော့ နောက်ဆုံး ခိုးတာ လုတာတွေ ဖြစ်လာတယ်” ဟု လုံခြုံရေးအတွက် စိတ်ပူသည့် မူဆယ်မြို့ခံတစ်ဉီးက ပြောသည်။

သျှမ်း-တရုတ်နယ်စပ် မူဆယ်မြို့အတွင်းတွင် လောင်းကစားရုံများစွာ ရှိသည့်အနက် တရုတ်-မြန်မာ ကုန်သွယ်ရေး တံခါးပေါက်ဖြစ်သော ဆင်ဖြူဂိတ်အနီးတွင် ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း မူဆယ်မြို့ ဆင်ဖြူဂိတ် အနီးနေထိုင်သူ တစ်ဉီးကလည်း ပြောသည်။

“ဆင်ဖြူနားမှာ ဒုစရိုက်မှု အများဆုံးပဲ။ ဖုန်းလုတာတို့၊ လောင်းကစားလုပ်တာတို့၊ ဆေးသမားတို့၊ ခိုးပြီး ပေါင်စားတာတို့ဆို အဲ့ဒီနားမှာ အများဆုံးပဲ ” ဟု ပြောသည်။

မူဆယ်မြို့ထဲတွင် KTV၊ ဘား၊ ကလပ် စုစုပေါင်း နေရာ ၃၀ ထက်မနည်း ရှိပြီး ဒေသတွင်း ပြည်သူ့စစ်နှင့် ဌာနဆိုင်ရာများ ပါဝင်ပတ်သက်နေကြောင်း၊ လုံခြုံရေးကိုလည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက တာဝန်ယူပေးနေကြောင်း အမည်မဖေါ်လိုသည့် မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“တရုတ်-မြန်မာ နယ်စပ်ဂိတ်ပေါက် နည်းနည်းကျော်လိုက်ရင် လောင်းကစားရုံတွေချည်းပဲ။ သူတို့က ပြည်သူ့စစ်တွေကို အားကိုးပြီး လုပ်စားကြတာ၊ ပြီးတော့ လိုင်းကြေးဆိုတာ ရှိသေးတယ် လစဉ် အပတ်စဉ်သွင်းရတာ။ မြို့နယ်ရဲ၊ ခရိုင်ရဲဆို ဘယ်လောက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးဆို ဘယ်လောက်၊ တခြားဌာန ဆိုင်ရာတွေ ထောက်လှမ်းရေးတွေ၊ စသုံးလုံး(အထူးစုံစမ်းစစ်ဆေးရေး)၊ စရဖ ပြီးတော့ နယ်ထိန်း စတဲ့လူတွေကို ပိုက်ဆံပေးရတယ်” ဟု အဆိုပါ မူဆယ်ဒေသခံက ပြောသည်။

လောင်းကစားရုံများသည် မူဆယ်မြို့အတွင်း ရပ်ကွက် ၉ ခု အပြင် မြို့ဆင်ခြေဖုံးဖြစ်သော ဟိုနား၊ စက်မှု၊ ကောင်းမူးလွယ်၊ မန့်ဝိန်း၊ ခူးဝိန်း စသည့် ရပ်ကွက်ဘက်တွင်လည်း ငါးပစ်ဂိမ်းစက်နှင့် အခြား လောင်းကစားရုံ အမြောက်အများ ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...